Friday, August 31, 2007

Technology - Are you a wise or dull?

လောကကြီး ဇောက်ထိုးဖြစ်သွား စေနိုင်တဲ့ အစွမ်း ရှိသလား…

မရှိဘူးဆိုရင်.... ဥာဏ်ကြီးရှင်မဟုတ်ဘူး ...ဥာဏ်သေးရှင်ဘဲဖြစ်ရမယ်…. ဟင်းဟင်းဟင်း…

ငယ်ငယ်က လမ်းလျှောက်သင်ခါစ ခြေထောက်လေးကားပြီး ကိုယ်ကို ဟန်ချက်ထိန်း အားယူရင်း ပြုတ်ကျရင်… လက်ကလေးနဲ့ မြေကြီးကိုထောက် ကုန်းပြီး ပြန်အထ.. အိုင်းစတိုင်းရဲ့ တပည့် လောင်း မွေးရာပါသိပံပညာရှင်ပီပီ လောကကြီး ဇောက်ထိုးဖြစ်သွား စေအောင် လုပ်နည်း ကို တခဏချင်း …..သင်ဆရာ မြင်စရာ မရှိဘဲ တီထွင်နိုင်တာ .. သိပ်တော်တဲ့ အီဖေကိုယ် ကိုယ့်ကိုကိုယ် ချီးကျူးတယ်…. .....

လောကကြီး ဇောက်ထိုးဖြစ်စေအောင် လုပ်ရတာ လွယ်တာမဟုတ်ဘူး။ အရာရာကို တန်ဖိုးကြီးကြီးနဲ့  စမ်းသပ် ရယူ ခဲ့ရတာ… တခါတလေ စားထားတာတွေ ပြန်အန်ထွက် လို့  ဗိုက်ချောင် သွားရတာတို့  ….အိပ်ကပ်ထဲက မုန့် တွေ အရုပ်တွေ ဒေါ်လာတသိန်းတန် သတင်းစာ ဖြတ်ပိုင်းတွေ ကျပျောက်ရတာတို့ …. ရွှေဥာဏ်တော် ထိန်းချုပ်ဌာန ဖြစ်တဲ့ ဦးခေါင်းကမူးလို့  မျက်နာနဲ့ ကြမ်းပြင် မိတ်ဆွေဖြစ်ရတာတို့ …။ အကျမတော်လို့  ခေါင်းဖုရတာတို့  ….

နောက်ပိုင်းကျတော့ တခြားတီထွင်စန်းကြယ်တဲ့ ကစားနည်းတွေ တွေ့ လာလို့  လောကကြီးကို သနားသော အားဖြင့် ဇောက်ထိုးမထား တော့ဘဲ ပုံမှန်အတိုင်း လွှတ်ပေးလိုက်တာ ခုထိဘဲ ...

ဒါကို သိပံပညာရှင်တချို့ က အချိန်ကို နောက်ပြန်ဆွဲပြီး အသစ် ပြန်ထွင်တယ် ပြောဘဲမပြောချင်တော့ပါဘူး…

ကဲ ကြည့်လေ…








ကဲ ပိုလန် အနောက်ပိုင်းက Szymbark ဆိုတဲ့ ရွာကလေးမှာပေါ့. ပိုလန်သူဌေး စီးပွားရေးသမား philanthropist Daniel Czapiewski က မှားယွင်းတဲ့ လူသား လုပ်ရပ် တွေကို သိစေချင်တဲ့ အတွက် ကို ခုလို တည်ဆောက်ထားပါတယ်တဲ့.

တိုးရစ်တွေ က တော့ အများအပြားပါဘဲ။
ဒီအိမ်ကို ကြည့်ပြီးသူုတိုင်းဟာ ဥာဏ်ကြီးရှင်များ ဖြစ်သွားကြောင်း ဆာတီဗိတ်ကိစ် ပေးအပ် ပါကြောင်း အသိပေးအပ်ပါသည်။



ရာသီဥတု ဆိုး ၀ါး သော်လည်း.... ဆန်းမာဆက်ရှိ သီးနံပြိုင်ပွဲတွင် စံချိန်သစ်တင်သော အကြီးဆုံးရွှေဖရုံသီး ကို အံ့သြဘွယ်ရာ တွေ့  ရသည်။ ပုံမှာ အကြီးဆုံးရွှေဖရုံသီး (နှင့် အတူ ၃နစ် အရွယ် ကောင်မလေး)နှင့် အရှည်ဆုံး မုန်လာနီ (နှင့် အတူ စိုက်ခင်းရှင်) ဖြစ်ပါသည်။

မှတ်ချက်. အနောက်နိုင်ငံ ၃နစ်သမီးအရွယ်သည် မြန်မာပြည် ၏ ၆နစ်သမီးအရွယ် လောက်ထွားပါသည်။

အကြီးဆုံးရွှေဖရုံသီးမှာ ၂၀၀ ကီလိုဂရမ်ရှိပြီး မုန်လာနီမှာ ၁၅လက်မရှည်ကြောင်းသိရသည်။ ၂၀၀၆တွင် အသက်၉၀ ရှိ စိုက်ပျိုးသူ ၏ မုန်လာနီသည် ၃၅လက်မခွဲ ရှိကြောင်းသိရသည်။










ဖတ်ကြည့်ချင်သေးလား....

Monday, August 27, 2007

Health - Ninth of SIX !


မကြောက်ပေါင်ကွယ်...... ခြောက် ပြမယ်....







အင်္ဂလန်နိုင်ငံမှ ၃လသားအရွယ် သမီးလေး Bailey ၊ Moll ၊ Savannah ၊ သားလေး Blake ၊ Cole ၊ Grant.

Lake Havasu City, Arizona တွင်နေထိုင်သော Bryan 29 နစ် နှင့် Jenny Masche 32နစ်တို့  စုံတွဲသည် ၂၀၀၄ နစ်တွင် လက်ထပ်ခဲ့ကြပြီး သားသမီးမျှော်လင့်ခဲ့ကြသည်။ ၂ကြိမ် ကလေး ပျက်ကျ ပြီးသော အခါ ဆရာဝန်တချို့  က ခလေးတည်ရန် ခက်ခဲ သည်ဟု မှတ်ချက် ချခဲ့ကြသည် တချို့ က in-vitro fertilization ရန် အကြံပေးခဲ့သည်။





နောက်ဆုံးတွင် သနွေတည်ဆေး Follistim ကို အသုံးပြုရန် ဆုံးဖြတ် ခဲ့ကြသည်။ ယင်းဆေးမှာ သားဥ ပိုမို တည် စေရန် အားပေးသည့် ထိုးဆေး ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဆေး scan စစ်ကြည့် သောအခါမှ ၆မွှာပူး သနွေ ဆောင်ထား ကြောင်းသိ ရသည်။ ဆရာဝန်များက သနွေ အားလုံး အသက်ရှင်ရန် အခွင့်ရေး နဲပါးကြောင်း တချို့ ကို ဖျက်သင့် ကြောင်း အကြံ ပေးခဲ့ကြ သော်လည်း သားသမီး များကို စွန့် ပစ် နိုင်စွမ်း မရှိသော မိဘ အနေဖြင့် နေ့ စဉ် ဆုတောင်း နေခဲ့ ကြရသည်။ ကိုယ်ဝန်ဆောင် ၁၂ပတ် မှစရ်ျ Phoenix ဆေးရုံ တွင် အတွင်းလူနာ အဖြစ် ကြပ်မတ် ကုသခံ ခဲ့ရသည်။ ကိုယ်ဝန် ၃၀ ပတ်တွင် ၅မိနစ်အတွင်း ကလေး ၆ယောက် စလုံး ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

ကလေးများမှာ အလွန် အရပ်ရှည် လှသည် ၁၆လက်မရှိပြီး တဦးလျှင် ၂-၃ပေါင်ခန့် သာ အလေးချိန်ရှိသည်။ သမီး၃ဦး သား၃ဦးမွေးဖွားခဲ့ရသည်။ မိခင်မှာ မွေးစဉ်အချိန်တွင် နလုံးမှာ ၅ဆမျှ ယောင်ရမ်းသလို ခြေထောက်တွင် သွေး အနဲငယ် ပိတ်ဆို့  မှု့ များ ခံစားရရှာသည်။

လိမော်ရောင် ကလေးအမွှာလေးများမှာ တရုပ်ပြည်မှ ဖြစ်ပါသည်။


တွန်းလှည်းထဲမှ ကလေးများမှာ အင်္ဂလန်နိုင်ငံမှဖြစ်သည်။

ကလေး အားလုံးအသက်ရှင်သော ခြောက်မွှာပူး မှတ်တမ်းစာရင်း များအရ ၉ကြိမ်မြောက် ခြောက်မွှာပူး ဖြစ်ကြောင်းသိရသည်။ ပထမဆုံး မှာ လွန်ခဲ့သော ၂၄နစ်ကာလမှ Walton sisters များဖြစ်ကြောင်းသိရ၏။ စာရေးသူအနေဖြင့် ၆မွှာပူး ၃စုံကို မဂဇင်းများတွင် ဖတ်ခဲ့ရသော်လည်း မှတ်တမ်းမထားခဲ့ပါရ်ျ မတင်ပြနိုင်တော့ပါ။

ကဲ တနေ့ လျှင် ၃၈ နို့ ပုလင်း၊ အထည် ၅၀ အနှီးကို ၁၈ ကြိမ် လဲလှယ်ခြင်း ဖြင့် အလုပ်ရှုပ် ချင်သလား ?

ဖတ်ကြည့်ချင်သေးလား....

Saturday, August 25, 2007

News - So what! Who's care!

ီစုတယ် စုတယ် ၄ယောက်ပိုပြီး စုတယ်

ဘာဖြစ်လဲ........... ဘာဖြစ်လဲ .....







ဖတ်ကြည့်ချင်သေးလား....

Thursday, August 23, 2007

Health - Is that you in the photo?


ဓါတ်ပုံလာရွေးသူများအားလုံးကို ကြိုဆိုပါ၏

ကလေးဘ၀က ဒီလို ဖြစ်ခဲ့ဘူးသလား....

ဒါမှမဟုတ် ဓါတ်ပုံထဲက တယောက်များ ဖြစ်နေလေသလား










































Summary


Reference: funmuch.com, pyzam.com



ဖတ်ကြည့်ချင်သေးလား....

Monday, August 20, 2007

Food - Ya Da Yar (စိမ်လုံး သိကြားယတြာ ) ပြည်မလိုင်လုံး


သိကြားယတြာ ချေနည်း

သိကြားမင်းအား မိမိအား မတွန်းလှန်နိုင်ရန်၊ ကိုယ့်လက်ထဲတွင် ထားသလို နေရန်၊ သိကြားအစွမ်း အား စုပေါင်းထိန်းချုပ်ရန် ထွေးလုံးချုပ်ထားရန် ပြင်ဆင်ထားရပါမည်။



လိုအပ်သော ပစည်းများ
- နို့ မှုန့်  ၁ခွက်
- ဂျုံမှုန့်  ၄ပုံ ၁ပုံ ခွက်
- နွားနို့  ၄ပုံ ၁ပုံ ခွက်
- ထောပတ် ၃ဇွန်း
- ဘတ်ကင်ဆိုဒါ ၂ပုံ၁ပုံ (ကာဖီဇွန်းအသေး)
- သိကြား (သို့ ) သကြား ၁ခွက် (အချိုကို စိတ်ကြိုက်ထဲ့ပါ)

ပြင်ဆင်ခြင်း အဆင့်ဆင့်
နို့ မှုန့် ၊ဂျုံမှုန့် ၊ ဘတ်ကင်ဆိုဒါ ရှိသမျှ အမှုန့် များကို ရောပေါင်းမွှေနှောက် ရပါမည်။ ပြီးလျှင် အုပ်ထားပါ။ (သိကြားအား အမှုန့် ဖြစ်စေရန် အစွမ်းရှိသော တံခိုးများ၊ အစွမ်းမရှိသော တံခိုးများ အား ရောသမ မွှေခြင်းအဓိပါယ် ဖြစ်ပါသည်။ အုပ်ထား ရခြင်းမှာ ထွက်မပြေးရန်ဖြစ်ပါသည်)

ပြီးလျှင် ခပ်နွေးနွေး ဖြစ်သော နွားနို့ ရောမွှေပြီး ၁၀မိနစ်ခန့်  အုပ်ထားရပါမည်။ (စနေနံကို အုပ်မိအောင် ဖြစ်ပါသည်)

သကြားကို ကြိုထားရပါသည် (သိကြားကို အရေကြိုသည်ဟု စိတ်ထဲတွင်ထား ရပါသည်)။

ထိုအတောအတွင်း ရောမွှေထား သော မုန့် ဖတ်ကို စိန်လုံးပြူးအရွယ် (စိန်စီသောည) လုံးရပါမည်။ (သိကြားမင်း၏ အစွမ်းများအား လက်ဖြင့် ဖျစ်ညှစ်လုံးချေ နိုင်သည်ဟု သဘောထား ရပါမည်)

မီးဖို တွင် ဆီအိုးကို အပူရှိန် အသင့်တင့် (မီးအေးအေး အပူရှိန်) ဖြင့် တည်ထားပါ။

စိန်လုံးမုန့် ဖတ်များကို ဆီထဲတွင် မီးအေးအေးဖြင့် ညိုလာသည်အထိ လှိမ့်ပေးပြီး ကြော်ရပါမည်။ (သိကြားအလှိမ့်ခံရသည်ဟု သဘောထားပါ)

နီရဲညိုလာသောအခါ သကြားရည်ထဲတွင် စိမ်ထားရပါမည်။

အရေးကြီးဆုံး အဆင့်
ယတြာ သည် မပြီးသေးပါ။ ပါးစပ်ထဲ စိစိ ညက်ညက် ကြေအောင် ၀ါးစားပြီးမှသာ အောင်မြင်ခြင်း အဆင့်သို့  ရောက်ပါမည်။ ပထမဆုံးစားသော အလုံးမှာ ညဘက် ဖြစ်ရပါမည်။ သို့ မှသာ စိမ်စီသောည စိမ်လုံးသိကြားယတြာ အောင်မြင်ပါမည်။

တချို့ ကအမည် အမျိုးမျိုးပေးကြပါသည် ပြည်မလိုင်လုံးဟု၎င်း (လေးမ၏ ပဋ္ဋိက္ခရား) ကုလားပြည်က Gulajab ဟု၎င်း ဘလော့ကာများက စိမ်စီသောည စိမ်လုံးသိကြားယတြာဟု ခေါ်ကြောင်း သိကြားယတြာခြေနည်း ကို အခမဲ့ ပို့ချ လိုက်ရ ပါသည်။

အထူးသတိပြုရန်

ယတြာချေရာတွင် ပြင်ဆင်မှု့ အဆင့် လုပ်ဆောင်မှု့ အဆင့်များ မလုပ်ဘဲ ဈေးထဲမှ အဆင်သင့်ဝယ်ပြီး နောက်ဆုံးယတြာအဆင့်ကို ချေပါက ဘေးဆိုးနံကြပ် တွေ့ မည်။ (ချောင်းဆိုးမည်)

ဓါတ်ဆင် ဓါတ်ရိုက် ဓါတ်သဘောများ ကို မသွေဖယ်ဘဲ ယတြာအဆင့်ဆင့်ကို တိကျစွာ ယုံကြည်မှု့ အပြည့်ဖြင့် လိုက်နာပါက အောင်မြင်မည်။ လူချစ်လူခင် ပေါမည်။(နောက်ထပ် မကြာခဏ ယတြာချေခိုင်းလိမ့်မည်)

(မှတ်ချက် - ပျော်ရွှင် ပြုံးပျော်ရေး စိတ်ဖြင့်ရေးသားခြင်း ဖြစ်ပါသည်။ သိကြားမင်းအား ကာယကံ ၀ဇီကံ မနောကံဖြင့် ပစ်မှားသည်ကို ခွင့်လွှတ်တော်မူပါ။)



ဖတ်ကြည့်ချင်သေးလား....

Friday, August 17, 2007

Technology - 2 Earth Identify Flying Saucer Object


ဘာကြောင့် မိုးသည်းထန်နေရသလဲ၊

လူတိုင်းသိကြသလို အသူရာနတ်မင်းနှင့် သိကြားမင်း စစ်ချင်းပြိုင် သည့်အခါတိုင်း မိုးရွာ မိုးကြိုးပစ် ထိုမှတဆင့် မိုးရွာများမှု့ ကြောင့် (မြောင်းပိတ်) ရေလျှံ ရေကြီး ကာ က်ျ ကမာသူ ကမာသားများ ဒုက်ခ အတိရောက်ကြရသည်။

လောလောလပ်လပ် မြန်မာနိုင်ငံ ဓါတ်ဆီဈေး၏ ဖောက်ထွင်းနယ်ချဲ့ မှု့ ကြောင့် သိကြားမင်း၏ တိုင်းပြည် ကြီး မှာ မြို့ ရိုးပျက် တာပေါက်သည့်ပမာ မလုံခြုံတော့ပေ၊ ထို အတောအတွင်း အမေရိကန် နိုင်ငံမှ ထုတ်လုပ်သော မိုးပျံနိုင်သည့် ကားများမှာ ပျံတက် ကာ ထိုသို ပေါက်ပြဲနေသော အပေါက်ကြီးများအတွင်း မှတဆင့် ၀င်ရောက်ကာ သိကြားမင်း၏ နတ်မိမယ်များကို လာရှိတ်ရန် ကြံစည်နေကြပေသည်။ အဘယ်ကြောင့် ဆိုသော် ကားပျံယဉ် မှာ လူနှစ်ဦးသာ စီးနိုင်သောကြောင့် ယဉ်မောင်းသူမှာ နတ်မိမယ် တပါးကို သယ်ဆောင် ပျံပြေး နိုင်သောကြောင့် သိကြားမင်းမှာ ထိုယဉ်များ အား အသူရာနတ်မင်း ၏ အားပေး အားမြောက်ဟု ယူဆကာ မြေပြင်မှ အလွန်မြင့်မားသော အမြင့် ရှိ ယင်း၏တိုင်းပြည် သို့  မတက်ရောက်နိုင်အောင် မိုးသည်းထန်စွာ ရွာချ နေရပေသည်။ သိကြားမင်း အားထိုးစစ်ဆင်နေသော...




ကမာပေါ်မှကားပျံ သို့ မဟုတ် Earth Identify Flying saucer Object EIFO အကြောင်း သိစေလိုသောကြောင့် တင်ပြလိုက်ရပါသည်။

ထိုကားပျံများမှာ ၁၉၆၂ မှ တဖြည်းဖြည်း ပုံစံပြောင်းလဲတိုးတက်လာ ကာ လူသားပုံစံဖျောက်ရ်ျ တခြားဂြိုလ်မှ ဂြိုလ်သရဲ ကြယ်သရဲ တာရာသရဲ များဟန်ဆောင်ကာ မိုးပေါ်ပျံတက်ရန် ကြိုးစားနေကြသည်။ ထိုသို့ ကြိုးစားသူများကို ကွယ်ရာမှ အားပေးအားမြှောက်ပြု နေသော ပွဲစားအုပ်စုမှာ အမေရိကန်နိုင်ငံမှ မိုလာအင်တာနေရှင်နယ် ဟုခေါ်သော ကုမဏီရှိ ဒေါက်တာမိုလာဦးဆောင်သည့် သိပံပညာရှင်များ ဖြစ်ပါသည်။

XM-2 Skycar In 1962, တွင် ဒေါက်တာမိုလာ သည် ထိုယဉ်ကို ဟိုဗာ ဟု ခေါ်သည့် မြေပြင်မှ ပင့်တင်အားစံနစ်ကို အခြေခံ ကာ စတင်တီထွင်ခဲ့ပါသည်။ မာကျုရီ အင်၈ျင် တလုံးဖြင့် မောင်းနိုင် သည်။ ၁၉၆၆တွင် အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းဆွေးနွေးပွဲတွင် မောင်းနှင် ပြသနိုင်ခဲ့သည်။ ၁၉၆၈တွင် မူပိုင်မှတ်ပုံတင်နိုင်ခဲ့သည်။ ဗီဒီယိုမှာ
http://www.moller.com/video11.htm

XM-3 Skycar ၁၉၆၆တွင် ဒီဇိုင်းပြောင်းလဲ စတင် တည်ဆောက် ခဲ့သည်။ လူနစ်ဦး လိုက်ပါမောင်းနင်နိုင်သည်။ အင်၈ျင်၈လုံးဖြင့် ပန်ကာတလုံးတည်းကို အားပြု လည်ပတ် စေသည်။ ဒေါင်လိုက် မောင်းနိုင်လာသည့် ကားပျံ ဖြစ်ပြီး ၁၉၆၉ တွင် မူပိုင်ထားခဲ့သည်။


XM-4 Skycar သည်XM-3 Skycar ကဲ့သို့ ပင် လူနှစ်ဦးလိုက်နိုင်ပြီး ပုဂံပြားပုံစံ ကိုယ်ထည် ဆောက်ခဲ့သည်။ အင်၈ျင်၈လုံးဖြင့် စက်ဝိုင်းပုံ ပတ်လည်ဝိုင်းရ်ျ တည်ဆောက်ထားပါသည် ၁၉၇၄တွင် မူပိုင်ထားခဲ့သည်။


M150 Skycar မှာမူ လူတဦးသာပါဝင်ပြီး သိကြားမင်း၏ တိုက်စစ်ဆင်မှု့ ကို ခုခံတွန်းလှန်ရန် အထူးပြုလုပ်ထားသော တိုက်ကားပျံဖြစ်ပေသည်။ သိကြားမင်း၏ မိုးကြိုး စက်ကွင်းမှ လွတ်အောင် ရှောင်နိုင်ရန် အမြန်နှန်းပိုမြန်အောင် ဆောက်ထား ရခြင်းဟု သိရပါသည်။ တနာရီလျှင် ၆၀၄မိုင်သွားနိုင်သည်။ ယာဉ်အလေးချိန်မှာ ၃၈၆ကီလိုရှိသည်။ ဓါတ်ဆီ သို့  မဟုတ် အရက်ဖြင့်မောင်းနိုင်ပြီး တ၈ါလံလျှင် ၁၉ကီလို ဖြင့် ကီလို ၁၀၈၆မိုင် ခန့်  အထိ အဝေးဆုံး မောင်းနိုင်သည်။ မိုးကောင်းကင်တွင် ဓါတ်ဆီဆိုင် မရနိုင်သောကြောင့် လိုအပ်လျှင် အရက်ဖြင့်မောင်းနိုင်ရန် တည်ထွင်ထားသည်။ အရွယ်မှာ ၃.၇မီတာ ၂.၄မီတာ ၁.၅မီတာ ရှိပါသည်။




M200X တွင်မူ သေးကွေး ကျစ်လစ်သော ကိုယ်ထည် ဒီဇိုင်းထွင်ခဲ့သည်။ အကြောင်းမှာ ကိုယ်ထည်သေးလျှင် သိကြားမင်း ၏ အစောင့်များ အလွယ်တကူ မမြင်အောင် ဖြစ်ပါသည်။ အဓိကအားဖြင့် စစ်ဘက် ဆိုင်ရာ များအတွက် အလွန် အသုံးဝင်ပေ သည်။ ဒေါင်လိုက်ပျံနိုင်ပြီး သေးကွေး သောကြောင့် သွားလာရန် ခက်ခဲသည့် နေရာများတွင် အသုံးတဲ့ပါသည်။ ဥပမာ ခေါင်မိုးပေါ် ပျံတက်ခြင်း မြင့်မားသော တောင် စောင်းများ၊ သစ်ပင်များ ရှင်းရန် လွယ်ကူ ပါသည်။ ယခုအခါတွင်မူ လူ၂ဦးစီးနိုင်ပေသည်။ အကြောင်းမှာ ယာဉ်ကိုယ်ထည် သေးခြင်း ကြောင့် သိကြားမင်း မသိအောင် မောင်းနိုင် ခြင်း ကြောင့်၎င်း အမြန်နှန်း မြင့်သဖြင့် မျက်ခြေပြတ်ရန် လွယ်လွယ် ထွက်ပြေးနိုင်မှု့ ကြောင့်၎င်း အသံ တိတ်ဆိတ်စွာ မောင်းနှင်နိုင်သဖြင့် သိကြားမင်း၏ စံပြ နတ်မိမယ် များကို သိုနိုင်ခြင်း ကြောင့်၎င်း ထိုင်ခုံ ၂ဦးစာ တည်ဆောက်ထားခြင်းဖြစ်ပေသည်။ ပြေးလမ်းမလိုဘဲ ဒေါင်လိုက်တက်နိုင် ခြင်းကြောင့် မိုးပေါ်ပျံရန် အချိန်မကုန်တော့ပေ။ ၁၉၈၉မှစတင် သုံးစွဲခဲ့ကြသည်။
http://www.youtube.com/watch?v=3MwxVAZuFOs

M400X နောက်ဆုံးပေါ်ဒီဇိုင်းမှာ အတောင်ပံ များပါလာပြီး တိုက်လေယာဉ် ကိုယ်ထည် ပြန်တည်ဆောက်လာသည်။ အတောင်ပံ များကို ငှက်များကဲ့သို့ ခေါက်နိုင်ရန် စီမံထား သည်။ အတောင်များခေါက်ထားနိုင်သဖြင့် ပိုရ်ျဝန်ကျဉ်းကာ ကျဉ်းမြောင်းသော နေရာများတွင်လည်း မောင်းနှင်နိုင်ပေသည်။ ဘီး တပ်ထားသဖြင့် မြေပြင်တွင် ဆင်းသက်ရန် တည်ငြိမ် ပေသည်။ အမြင့်ပေ ၁၃၃၀၀ပေ အတွင်းတွင် ၃၇၅မိုင်နှန်း ၂၀၀၀၀ပေအမြင့်တွင် ၂၇၅မိုင်နှန်း မောင်းနိုင်ပေသည်။ ကိုယ်ထည်မှာ ၁၉.၅ပေ ၈.၅ပေ ၇.၅ပေသာရှိပြီး ပေါင် ၂၄၀၀ မျှသာရှိပေသည်။

နောက်ဆုံးပေါ် ကားပျံယာဉ်မှာ လစ်လျှင် လစ်သလို နတ်မိမယ်များ ၃ပါးအထိ သို နိုင်သလို နောက်မှ လိုက်လာသော အစောင့်များကို ပြန်တိုက်ရန် အစွမ်းရှိ ပါသော ကြောင့် သိကြားမင်းမှာ ဗျာများနေရရှာသည်။ သိကြားမင်းမှာ တန်ခူးလရောက်မှသာ မှတ်ချက်ရေးရန် လုပ်ဆောင်ပိုင်ခွင့် အာဏာရှိသည်။ တန်ခူးလမရောက်ခင် ၀ါဆိုဝါခေါင် အတွင်း (လုပ်ဆောင်ပိုင်ခွင့် ပါမစ်မရခင်အတွင်း) လက်ရုံးရည်ဖြင့် စစ်ခင်းနေရသည့် အတွက်ကြောင့် ကမာပေါ်တွင် နေရာနှင့် အနံ့ အပြား မိုးအလွန်ရွာသွန်းနေကြောင်း ရေလျှံ ရေကြီး ဖြစ်နေရကြောင်း ကြားသိရပါသည်။

ယခုတလော သိကြားမင်းမှာ ကံနှိမ့်နေပုံရပါသည်။ ဓါတ်ဆီဈေး နှင့် ကားပျံတို့ ၏ တိုက်ခိုက်ခြင်းခံနေ ရပါသည်။


ဖတ်ကြည့်ချင်သေးလား....

Technology - 1 ပြုံးပျော်နိုင်ပါစေ.


ဗြဟ္မာမင်းအတွက်ဝမ်းမြောက်ဘွယ်ရာ

ဓါတ်ဆီဈေး မှာ လူမသိသူမသိ ဘ၀မှ ကုန်ဈေးနှုန်း နှင့်အတူ တဖြည်းဖြည်း အင်အား ကြီးထွား တိုးတက် မြင့်မား လာခဲ့သည်။ ထို့ အတွက် ကြောင့် သာကီဝင် မြန်မာ နိုင်ငံသား များ အနေဖြင့် သူ၏ ဘုန်းတံခိုးကို ထောက်ရှု့ သောအားဖြင့် ဓလေ့ထုံးစံကို လျှော့ချခဲ့ကြရသည်။ ယခင်က ဆွေမျိုး သားချင်းများဆီ၎င်း သူငယ်ချင်း မိတ်ဆွေ များဆီသို့ ၎င်း အားလပ်သော ညနေခင်းများ ကို ကြည်နုးသာယာစွာ ဖြတ်ကျော်ခဲ့သော သာကီဝင် မြန်မာ နိုင်ငံသားများ၏ ထုံးစံမှာ ယခုဆိုလျှင် အလျှူမင်္ဂလာများကိုပင် သွားရောက်ရန် စဉ်းစား လာရသည်။ အကျွေးအမွေးပေါ်မူတည်ပြီး အလျှု မင်္ဂလာ အခင်း ထက် လမ်းခရီးစရိတ်က ပိုကြီးသည် ဆိုကာ အားမတန်မာန်ချ လက်လျော့ခဲ့ ရလာ တော့သည်။


မဖြစ်မနေ သွားရမည့် နေရာသို့ သာ စီးတော်ယဉ် ဘတ်စ်ကားဖြင့် သွားလာနေရသော သာကီဝင်များ၏ ဧချမ်းသာယာ လှသော မြန်မာနိုင်ငံတွင် လတ်လတ်ဆတ်ဆတ် ကုန်ဈေးနန်း မှာ ရုတ်တရက် နေ့ ချင်းညချင်း တိုးတက်ကာ စံချိန်သစ်တင် သွားခဲ့သည်။ တရားဝင်သတ်မှတ်သော ဓါတ်ဆီဈေးမှာ မိုးသို့ ခေါင်ခိုက်သဖြင့် လူအများ အားထား နေရသော (ကွယ်ရာ) အမှန်ကန်ဖြစ်သော ဓါတ်ဆီဈေးမှာ မိုးကို ဖောက်ထွင်းပြီး သကာလ သိကြားမင်းတိုင်းပြည်သို့ ဝင်ရောက်ကျုးကျော်သွားလေသည်။ တဖက်လျှင် အပါး ၅၀၀မျှသော လှပလွန်းသော မော်ဒယ် နတ်သမီးများ အနေဖြင့် နိက်ကလပ် ခေါ်သည့် ညဘက် စားသောက်ဆိုင်သို့ သွားပြီးကိုယ်ဟန်ပြကာ ခေတ်ပေါ် ကျောဗလာ အရှေ့ခြမ်း လက်တထွာ တပိုင်းစာ ရှိသည့် င်္အကျီဝယ် ၀တ်လာ နိုင်မည့် အနွရယ် ရန်စွယ် အမျိုးမျိုး ကြောင့် သိကြားမင်းမှာ အလွန် စိတ်မချမ်းသာ ဖြစ်နေရ လေသည်။

ထိုအခါ သိကြားမင်းတိုင်းပြည်မှ ပိုမြင့်သော နေရာရှိ အစွမ်းပိုထက်သော ဗြဟ္မာမင်းကြီး မှာ လွန်စွာ စိုးရိမ်ထိပ်လန့် နေရလေသည်။ ထိုအခါ ကယ်တင်ရှင်များ ပေါ်ပေါက်ရန် တိမ်လွှာ ကိုဖောက် အလင်းရောင်ဖြန့် ကာကြည့်လိုက်သောသကာလ..

သကောင့်သား ဓါတ်ဆီဈေးများ ကို အံတုကာ သိကြားမင်း ဗြဟ္မာမင်းတို့ အား ကယ်တင်နိုင်မည့် သတ၀ါကို တွေ့ လိုက်ရပေသည်။ ယင်း၏အစွမ်းမှာ ဓါတ်ဆီဆိုင် မှ မန်နေဂျာများကို အံတုနိုင်စေသည်။ ယခင်ကလို အချိန်ကုန်ခံကာ တန်းစီရခြင်းကင်း စေသည်။

ထိုဆူပါသကောင့်သားမှာ နောက်ဆုံးပေါ်ထွင်လိုက်သော လျှပ်စစ်ဖြင့်မောင်းနိုင်သော ကားဖြစ်ပါသည်။


တနာရီလျှင် ၁၃၀မိုင်နှန်း ဖြင့် မီးခိုးမထွက် ဓါတ်ဆီ တန်းစီရန် အချိန် မကြန့်ကြာစေသော လျှပ်စစ်ကား လေးမှာ အားသွင်း နိုင်သော ဘက်ထရီ၃၀လုံး ဖြင့် တည်ဆောက်ထားပြီး ပေါင်စတာလင် ၁၅၀၀၀၀ မျှသာ တန်ဖိုး ရှိပါသည်။
လမ်းပိတ်မှုအခွန် လမ်းအခွန်ကင်းလွတ် ပြီး ၇၀၀မြင်းကောင်ရေအား ရှိပြီး ဖီးယက်ကား ၏ ၇ဆနှင့် ညီမျှသည်။ ဘက်ထရီတလုံးလျှင် ၉လက်မအရှည်ရှိပြီး ၂၅၀မိုင် မောင်း နိုင်သည်။ ၁၂ပေရှည်သော ၀ါယာကြိုးဖြင့် ဆက်သွယ်ပြီး ၁၀မိနစ် အတွင်း အားသွင်း နိုင်ပါသည်။ ဘက်ထရီသက်တမ်း မှာ ၁၂နစ်မျှ ကြာရှည် ခံမည် ဟု သိရသည်။တချို့ ကားဘက်ထရီမှာ အားကျမည်ဆိုပါက ပြန်လည်အားသွင်းရန် ဘရိတ်သော့ ပြန်လွှတ် သည့်အခါတွင်ရရှိလာသော ပွတ်တိုက်မှု လျော့ပါးမှုသော စွမ်းအင်ကို အသုံးပြု ထား သောကြောင့် သွားနေစဉ် ဘက်ထရီအားကုန်သွားခြင်းမှ ကာကွယ် နိုင်ပါသည်။ ဂီယာ မပါဝင် သဖြင့် နေရာပိုကျယ်လာသလို လျှပ်စစ်စွမ်းအားမှာ တသတ်မတ်တည်း ရှိပေသည်။

ပေါ့ပါးသော ပြိုင်ကားပုံဖြစ်ပြီး ကွေ့ မောင်း ၀ိုက်မောင်း လှည့်မောင်း ရာတွင် အခက်ခဲ မဖြစ်နိုင်ရန် ရာတွင် လည်ထွက်ခြင်းကို ကာကွယ်သည့် စံနစ်၊ လျှပ်စစ်အားသုံးတံခါး အလင်း မီးသီးပါရှိသည်။

ကားသည် လျှပ်စစ်မော်တာ၎လုံးဖြင့် တပ်ဆင်ထားပြီး ကားဘီးမှာ ၂၀လက်မပတ်လည် ရှိပါသည်။ ကားထိုင်ခုံမှာ တစစီဖြုတ်တပ်ဆင်နိုင်သည့် အပိုင်း၂ခုပါဝင်သည်။ လမ်းပြ ဆက်တလိုက် ဂြိုလ်တုစံနစ် ထဲ့သွင်း တည်ဆောက် ထားပြီး အိုင်ပေါ့ စက် တပ်ဆင် နိုင်သော ထောက်ခုံ ပါရှိသည်။ ကားဘောဒီမှာ ပျားအုံပုံစံ အလူမီနီယမ် ကိုယ်ထည် ဖြင့် ဖော်မြူလာ ၀မ်း ကားပုံစံမျိုး တည်ဆောက် ထားပါသည်။

ထိုသို့ သော အထူးကိရိယာများဖြင့် အထူး တပ်ဆင်ထားသော အထူး လျှပ်စစ်ကားလေး မှာ အထူးခြားဆုံး ပုဂိုလ်ဖြစ်သည့် ဗြဟ္မာမင်း သိကြားမင်းတို့ အတွက် အထူး သင့်လျော်အောင် အထူး တည်ဆောက် ထားကြောင်း သိရသည်။

ထိုထိုသော အစွမ်းပကားဖြင့် ပြည့်စုံတော်မူသော ဓါတ်အားသုံး ဆူပါသကောင့်သား အမည်မှာ အလင်းတန်း lightening ဖြစ်ပြီး ဗြိတိသျှ နိုင်ငံ ပီတာဗိုရောက်ကုမဏီ Peterborough-based Lightning Car Company မှ ယခုနစ် နစ်ကုန်ပိုင်းတွင် စတင် စမ်းသပ် မောင်းနှင်ဖွယ်ရှိကြောင်း သိရသည်။

ဗြဟ္မာမင်းမှာ မြန်မာပြည် ကားကိုယ်စားလှယ်အဖြစ် လျောက်ထားနိုင်ကြောင်း ဆူပါသကောင့်သားကို ၀ယ်လိုသူများ ဗြဟ္မာမင်းထံ စာရင်း ပေးနိုင် ကြောင်း သိရ၏။

(မှတ်ချက် ကောင်းကျိုး - လောင်စာဆီသက်သာမည်။ ဆိုးကျိုး- မီးမလာသောကြောင့် ဓါတ်အားသွင်းရန် ခက်ခဲမည်။)




ဖတ်ကြည့်ချင်သေးလား....

Tuesday, August 14, 2007

News - ပြုံးပျော်နိုင်ပါစေ.

(Extracted from England newspapers 16 August 2007)

မီးဖိုချောင်ဖောက်ထွင်းဝိဇာသူခိုးများ
တဲကုပ်လေးတွင်နေသော အဖွားအိုတဦးမှာ ခရီးထွက်ရန်ရှိသဖြင့် သူမ၏ နေအိမ်ကို ဖောက်ထွင်းခိုးယူမည့် သူများအား ကြိုတင်တောင်းပန်သည့် အနေဖြင့် အိမ်အ၀င်ဝ တွင် စာရေးထားခဲ့သည်။ သူမအိမ်ကို ဖောက်ထွင်းဝင်ရောက်ခြင်းမပြုပါရန် အလိုရှိပါက အိမ် တံခါးဝတွင်ထားပေးခဲ့သော စည်သွပ်ဗူးများကို စိတ်ကြိုက် စားသောက်ပါရန်ရေးခဲ့သည်။ ဖောက်ထွင်းဝိဇာများက အိမ်တံခါးဝတွင် ထားခဲ့သော စည်သွပ်ဗူးများ ဖွင့်စားရာတွင် အလွန်အရသာ ရှိကြောင်းသိရရ်ျ မတင်းတိမ်နိုင်ဘဲ အိမ်တွင်းသို့ ဖောက်ထွင်း ၀င်ရောက် ကာ သခွားသီး ဟင်းရွက်များနှင့် ၀က်အူချောင်းများကို ထပ်မံ စားသောက်ယူငင် သွား ကြသည်။ တဲပိုင်ရှင်များမှာ ရုံးအားရက်များတွင်သာ ပြန်လည် နေထိုင်သောကြောင့် ဂျာမဏီရှိ နွေရာသီတဲ လေးများတွင် ဖောက်ထွင်းဝိဇာများ စိုးမိုးနေသည်မှာ ပုံမှန်ဖြစ် နေသည်။

သေခြင်းကို ကြိုတင်မှန်းဆနိုင်သော ခွေးကလေး စကင့်ပ်
ကြောင်ကလေး အော်စကာကဲ့သို့ သေခြင်းကို ကြိုတင်မှန်းဆနိုင်သော အမေရိကန် အိုဟိုင်းရို ရှိ Rhode Island Nursing home ဘိုးဘွား စောင့်ရှောက်ရေးဌာန မှ ခွေးကလေး စကင့်ပ် သည် လွန်ခဲ့သော ၃နှစ်မှစပြီး အသက်ဆုံးခါနီးလူနာများကို ကြိုတင် မှန်းဆ နိုင်သည်ဟု ပိုင်ရှင် Deirdre Huth ကပြောကြားခဲ့သည်။ အကြိမ်ပေါင်း ၄၀ခန့် တိကျစွာ မှန်းဆနိုင်သည်။ အကယ်ရ်ျ လူနာမှာ ပုံမှန်မဟုတ်လျှင် ဟောင်ရ်ျ ပုံမှန် သေဆုံးမည့် လူနာ ဖြစ်လျှင် တိတ်ဆိတ်စွာ လူနာအနားတွင် လှည့်ပတ်ကာ သေဆုံး သည့် အချိန်ထိနေ နေသည်။

မက်ဒေါနာရဲ့ ကျေးဇူးရှင်စုံတ
ွဲ


မက်ဒေါနာဘာဂါဆိုင်ကို ၁၇နစ်တိုင်တိုင် တနေ့ မပြတ်လှူဒါန်းနေသော စုံတွဲ မှာ ၂ထပ် ဘာ၈ါ အာလူးကြော် နှင့် ကာဖီနေ့ လည်စာ တမျိုးတည်း ကိုနေ့ စဉ် မပြောင်းလဲဘဲ စားသော Lee and Mary Humphrey ဖြစ်သည်။ သူတို့ သည် မက်ဒေါနာ စားသောက်ဆိုင်မှ စားပြီး လျှင် မည်သည့် အစာကိုမျှ များစွမစားပါ နေ့ စဉ်၃မိုင်ခန့် လမ်းလျှောက်သဖြင့် ရောဂါကင်း ကျန်းမာ ကြသည်။ ၁၇နစ်စာ ပေါင် ၂၀၀၀၀ ကျော် မက်ဒေါနာဘာဂါဆိုင်ကို လှူဒါန်းနေဆဲ ဖြစ်ကြောင်း သိရသည်။

(Extracted from England newspapers 14 August 2007)
- တာဝန်နှင့်ဝတရား . ဒုတိယထောင်မှုး Charlotte Moore, (36 နှစ်)သည် တာဝန် ပြင်ပအချိန်တွင် အရက်သောက်ရ်ျ ကားမောင်းမှု့ ဖြင့် သူမ၏ ခင်ပွန်းသည် ယဉ်ထိန်းရဲ က ဖမ်းဆီးခဲ့သည်။


- ဘေးကပုံကတော့ အိမ်ယာမဲ့ လူတယောက် ပွဲတော်နေ့ မှာ လမ်းပေါ်မှာ အထူးအဆန်း လုပ်တဲ့ပုံ ပေါ့။

- အမေရိကန်နိုင်ငံတွင် ပုလိပ်ကို မကျေနပ်သည်ကို တိုင်တန်းရ်ျ အကူညီ တောင်းလေ့ ရှိကြသည်။ ဂျော်ဂျီယာနယ်မှ Juanita Marie Jones ဆိုသူသည် ဒေါ်လာ၂၀ဖြင့် ၀ယ် လာသော ကိုကင်းမှာ အတု ဖြစ်နေသဖြင့် မကျေနပ်ဘဲ အစစ်ရလိုမှု့  ဖြင့် ပုလိပ်ကို ဖုံးဆက် ပြီး ကိုကင်းအစစ် ရနိုင်ရန် ပုလိပ်များ ကူညီစေ လိုကြောင်း ပြောကြားရာမှ ပုလိပ်များ ခြေရာခံမိပြီး ယင်းအမျိုးသမီးမှာ မူးယစ်ဆေးဝါး ကိုင်ဆောင်မှု့  ဖြင့် အဖမ်းခံ ရလေသည်။

- ယနေ့ အင်္ဂလန်နိုင်ငံ ကာဖီဆိုင်ပိုင်ရှင်ရဲ့သမီး ကာဖီအသောက်လွန်လို့ သေလုမျှောပါး ခံစားလိုက်ရခြင်း။ သူသည် ကာဖီအပြင်းစား Double Espresso ကို ၇ခွက်သောက် မိပြီးသော အခါ ချွေးစေးများထွက်ခြင်း ဗိုက်တွင်းတွင် မခံရပ်နိုင်အောင် နာခြင်း ရင်တုန်ခြင်း အသက်ရှု ကြပ်ခြင်း နားတွင်းမှ လေထွက်ခြင်းဖြစ်ကာ ဆိုင်အတွင်းတွင် မူးဝေ နေသဖြင့် ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည်။ ကာဖီကြိုက်သူများ ကာဖီ ခါးခါး များများ သောက်လျှင် အနွရယ်ရှိကြောင်း သတိပေးအပ် ပါသည်။


Summary

ဗြဟ္မာမင်းအတွက်ဝမ်းမြောက်ဘွယ်ရာကားလေး အသေးစိတ်သတင်း။

ဖတ်ကြည့်ချင်သေးလား....

Saturday, August 11, 2007

News -

ဘီယာဗူးခွံကား ကိတ်မုန့် ကား အပြင်...

ကား၃စီးရှိတယ် ဘယ်ကားလိုချင်လဲ လေလံပစ်မယ်။






ဒီကား ကတော့ ကိတ်မုန့် ရယ် သကြားခဲတွေရယ် ဂျင်နဲ့ ပျားရည်တွေနဲ့ လုပ်ထားတဲ့ စကိုဒါ ကားလေးပေါ့။




ဒီကားက ပုံမှန်ကားလေးပါ။ ကစားစရာကားမဟုတ်ဘူးနော်။ ဒီလူက ကမာပေါ်မှာ အရပ်ရှည်ဆုံး ၈ပေ ၅လက်မ မြင့်သူ ယူရခိန်းနိုင်ငံသား၊ သူ့ အရပ်ကြောင့် ကားလေးက သေးပြီး ကစားစရာထင်စရာဖြစ်နေတာ







UFO in Haiti


တကယ်လားတော့မသိပါ youtube တွင်တွေ့ ရပါသည်။ (မက်ထရို ၁၁.၈.၂၀၀၇)
http://www.youtube.com/watch?v=up5jmbSjWkw




ခိုးရတာပင်ပန်းသွားရှာလို့ ခိုးရာပါပစည်းတွေကြားမှာ အိပ်ပျော်နေတဲ့သူခိုး

ဖောက်ထွင်းဝိဇာတဦးမှာ အိမ်တအိမ်တွင် ခက်ခဲစွာဝင်ရောက် မွှေနောက်ပြီး ညလုံးပေါက် ပစည်းများခိုးယူပြီး အိမ်ရှေ့ တွင်ရပ်ထားသော ကားဖြင့် ၄င်း၏ အိမ် အရောက် မောင်းပြန်လာနိုင်ခဲ့သော်လည်း သူခိုးခမျာမှာ ပင်ပန်းလွန်း သောကြောင့် ကားပေါ်တွင်ပင် အိပ်ပျော်သွားခဲ့သည်။ နောက်တနေ့ မနက် တွင် လမ်းသွားလမ်းလာ တဦးက ကုမဏီကားနောက်ခန်းတွင် လူတဦး အိပ်နေကြောင်း ပုလိပ်ကို တိုင်ကြားရာ မှ ခိုးရာပါ ကား၊ ခိုးရာပါ ပစည်း နှင့် အတူ သူခိုးဝိဇာကို နာရီပိုင်းအတွင်း လက်ရဖမ်းဆီး နိုင်ခဲ့သည်။ ပုလိပ် က ဖောက်ထွင်းဝိဇာကို ပြောကြားလိုက်သည်မှာ.....

.... ခိုးနေချိန် မအိပ်သင့်ပါ......... တဲ့။ (မက်ထရို ၁၁.၈.၂၀၀၇)


စည်းလုံးခြင်းသည် အင်အားဆိုတာ

ကျွဲရိုင်းအုပ်စုက ခြသေ့င်္အုပ်စုနဲ့ မိချောင်းရန်ကို ဖြိုဖျက်တာ ကြည့်ချင်ရင်.
http://www.youtube.com/watch?v=LU8DDYz68kM



မြွေခေါင်းပြတ်လည်း အနွရယ်ရှိပါသည်။


အမေရိကနိုင်ငံsouth-east of Yakima မှ မိုင်၅၀အကွာတွင်Danny Anderson ဆိုသူသည် မြင်းအစာကျွေးနေစဉ် ၅ပေကျော်ရှိ ခလောက်မြွေဝင်လာသဖြင့် ဂေါ်ပြားဖြင့် ခေါင်းဖြတ် သတ်လိုက်သည်။ မြွေခေါင်းပြတ်မှာ ကားတံခါး အနီး အောက်ဖက်သို့ လွင့် ထွက် သွားသည်။ သူသည် ကားမောင်းရန် ကားအနီးရောက်သောအခါ ထိုမြွေ ခေါင်းပြတ် သည် ခုန်ရ်ျ သူ၏လက်ကို ကိုက်ခဲလိုက်သည်။ ထိုမြွေခေါင်းပြတ်ကို မနဲ လက်ခါချရ်ျ ဖယ်ထုတ်ရသည်။ ၁၀မိနစ်ခန့် ကြာသောအခါ အဆိပ်များပြန့် ကာ လျှာများ လေးလံလာလေသည်။ ဆေးရုံသို့ အမြန်ပြေးသော်လည်း ၂ရက်ကြာမျှ ဆေးကုသခွင့် ခံယူရလေသည်။ ထို့ ကြောင့် မြွေခေါင်းပြတ်ပင် ဖြစ်သော်လည်း အနွရယ် ရှိကြောင်း သတိပေးလိုက်ရပါသည်။



အကြံအဖန် လုပ်နိုင်သော ကွန်ပျူတာ ဓါတ်ပုံ ဆော့ဝဲလ်

ဓါတ်ပုံတွင် ပါသော ပုံကို ဖယ်ထုတ်ခြင်း၊ တခြားဓါတ်ပုံမှ တစိတ်တဒေသကို နောက်တခြား ပုံတွင် ထဲ့သွင်းခြင်းလုပ်နိုင်သော ဓါတ်ပုံ ဆော့ဝဲလ်ကြောင့် နောင် အခါတွင် ဓါတ်ပုံဖြင့် သက်သေပြမည်ကို ပင် မယုံကြည်နိုင်တော့ပါ။ ပြသနာများစွာ ရှိလာနိုင်ပါသည်။(ဒေးလီးမေး ၁၁ သြဂုတ် ၂၀၀၇)











Be it a stray thumb or a passer-by blundering into shot, few holiday snaps turn out picture perfect. But help is at hand for even the most amateur of photographers in the form of two computer programs which claim to fix any ruined image within seconds.

The software is so sensitive it can even be used to erase an ex-boyfriend or girlfriend, if not a broken heart.

Unlike existing products which just tweak an image, they are able to replace large sections of a photo using vast Internet databases.

The first program - dubbed the Scene Completion software - allows photo-graphers to remove unwanted people or objects from their digital snaps and replace them with perfectly matched alternatives.

Taking into account key measurements, such as camera angles and lighting conditions, the program looks through more than two million photographs on Flickr, an image- sharing website.

It then selects a range of pictures that can be blended on to the original photograph. So a stray thumb ruining a beach shot could make way for a bucket and spade, or a building blocking a coastline view be removed in favour of miles of glistening sea.

And to make sure it won't suggest adding an elephant to a garden scene, or a boat in the desert, the software has been designed to search for objects already present in the original.

The second approach uses Internet-based image libraries to create a clip-art of objects that, once inserted into a photograph, look convincing.

The result is so good that during a series of trials the altered snaps passed as originals 70 per cent of the time.

Above clockwise from left: the original photo with a rooftop in the way, the roof is erased, the software checks 200 million images for a good match, a new image is created

To generate the clip art, the team at Carnegie Mellon University in Pennsylvania, which developed both programs, drew on a series of online image libraries offering cut-outs of different objects. The software estimates the height of the camera used to take the picture by working out the distance between objects in the snap.

The light sources in a scene are then worked out by looking at the distribution of colour shades within three broad regions; ground, vertical planes and sky. With knowledge about the position, pitch and height of the camera and light sources, it looks for images in the clip art database taken from similar positions.

The researchers say that although editing programs such as Photoshop already allow snaps to be tweaked and elements erased or replaced they are often time-consuming and the results unconvincing. Jean-Francois Lalonde, who headed the research, said: "Matching an object with the original photo and placing that object within the 3D landscape of the photo is a highly complex problem.

"But with our approach, we can hide the complexity from the user and make the process simple and intuitive."

The success of the software depends on the number of photos available to scan, he added. Researcher James Hays said: "We saw a dramatic improvement when we moved from a database of 10,000 images to two million images.

"And that is just a tiny fraction of the hundreds of millions of images already available on sites like Flickr. "We have tons of photos from which to choose."

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */