Friday, August 31, 2007

Technology - Are you a wise or dull?

လောကကြီး ဇောက်ထိုးဖြစ်သွား စေနိုင်တဲ့ အစွမ်း ရှိသလား…

မရှိဘူးဆိုရင်.... ဥာဏ်ကြီးရှင်မဟုတ်ဘူး ...ဥာဏ်သေးရှင်ဘဲဖြစ်ရမယ်…. ဟင်းဟင်းဟင်း…

ငယ်ငယ်က လမ်းလျှောက်သင်ခါစ ခြေထောက်လေးကားပြီး ကိုယ်ကို ဟန်ချက်ထိန်း အားယူရင်း ပြုတ်ကျရင်… လက်ကလေးနဲ့ မြေကြီးကိုထောက် ကုန်းပြီး ပြန်အထ.. အိုင်းစတိုင်းရဲ့ တပည့် လောင်း မွေးရာပါသိပံပညာရှင်ပီပီ လောကကြီး ဇောက်ထိုးဖြစ်သွား စေအောင် လုပ်နည်း ကို တခဏချင်း …..သင်ဆရာ မြင်စရာ မရှိဘဲ တီထွင်နိုင်တာ .. သိပ်တော်တဲ့ အီဖေကိုယ် ကိုယ့်ကိုကိုယ် ချီးကျူးတယ်…. .....

လောကကြီး ဇောက်ထိုးဖြစ်စေအောင် လုပ်ရတာ လွယ်တာမဟုတ်ဘူး။ အရာရာကို တန်ဖိုးကြီးကြီးနဲ့  စမ်းသပ် ရယူ ခဲ့ရတာ… တခါတလေ စားထားတာတွေ ပြန်အန်ထွက် လို့  ဗိုက်ချောင် သွားရတာတို့  ….အိပ်ကပ်ထဲက မုန့် တွေ အရုပ်တွေ ဒေါ်လာတသိန်းတန် သတင်းစာ ဖြတ်ပိုင်းတွေ ကျပျောက်ရတာတို့ …. ရွှေဥာဏ်တော် ထိန်းချုပ်ဌာန ဖြစ်တဲ့ ဦးခေါင်းကမူးလို့  မျက်နာနဲ့ ကြမ်းပြင် မိတ်ဆွေဖြစ်ရတာတို့ …။ အကျမတော်လို့  ခေါင်းဖုရတာတို့  ….

နောက်ပိုင်းကျတော့ တခြားတီထွင်စန်းကြယ်တဲ့ ကစားနည်းတွေ တွေ့ လာလို့  လောကကြီးကို သနားသော အားဖြင့် ဇောက်ထိုးမထား တော့ဘဲ ပုံမှန်အတိုင်း လွှတ်ပေးလိုက်တာ ခုထိဘဲ ...

ဒါကို သိပံပညာရှင်တချို့ က အချိန်ကို နောက်ပြန်ဆွဲပြီး အသစ် ပြန်ထွင်တယ် ပြောဘဲမပြောချင်တော့ပါဘူး…

ကဲ ကြည့်လေ…








ကဲ ပိုလန် အနောက်ပိုင်းက Szymbark ဆိုတဲ့ ရွာကလေးမှာပေါ့. ပိုလန်သူဌေး စီးပွားရေးသမား philanthropist Daniel Czapiewski က မှားယွင်းတဲ့ လူသား လုပ်ရပ် တွေကို သိစေချင်တဲ့ အတွက် ကို ခုလို တည်ဆောက်ထားပါတယ်တဲ့.

တိုးရစ်တွေ က တော့ အများအပြားပါဘဲ။
ဒီအိမ်ကို ကြည့်ပြီးသူုတိုင်းဟာ ဥာဏ်ကြီးရှင်များ ဖြစ်သွားကြောင်း ဆာတီဗိတ်ကိစ် ပေးအပ် ပါကြောင်း အသိပေးအပ်ပါသည်။



ရာသီဥတု ဆိုး ၀ါး သော်လည်း.... ဆန်းမာဆက်ရှိ သီးနံပြိုင်ပွဲတွင် စံချိန်သစ်တင်သော အကြီးဆုံးရွှေဖရုံသီး ကို အံ့သြဘွယ်ရာ တွေ့  ရသည်။ ပုံမှာ အကြီးဆုံးရွှေဖရုံသီး (နှင့် အတူ ၃နစ် အရွယ် ကောင်မလေး)နှင့် အရှည်ဆုံး မုန်လာနီ (နှင့် အတူ စိုက်ခင်းရှင်) ဖြစ်ပါသည်။

မှတ်ချက်. အနောက်နိုင်ငံ ၃နစ်သမီးအရွယ်သည် မြန်မာပြည် ၏ ၆နစ်သမီးအရွယ် လောက်ထွားပါသည်။

အကြီးဆုံးရွှေဖရုံသီးမှာ ၂၀၀ ကီလိုဂရမ်ရှိပြီး မုန်လာနီမှာ ၁၅လက်မရှည်ကြောင်းသိရသည်။ ၂၀၀၆တွင် အသက်၉၀ ရှိ စိုက်ပျိုးသူ ၏ မုန်လာနီသည် ၃၅လက်မခွဲ ရှိကြောင်းသိရသည်။










0 comments:

 
/* EOT ----------------------------------------- */