Tuesday, August 7, 2007

News - သာမန်ထက် နည်းနည်းထူးသော သတင်းများ


တိရိစာန်များသည် လူများမမြင်နိုင်သော အကြောင်းအရာများ ရာသီဥတုနှင့် အနံအသက်များ ခံစားနိုင်သည်ဟု လူအများသိထားကြပါသည်။ Steere House Nursing and Rehabilitation Centre in Rhode Island တွင် မွေးထားသော ကြောင်ကလေးမှာ ၆လသား အရွယ်မှစတင် ပြီး ထူးခြားသော ပြုမှသဖြင့် ၀န်ထမ်း များနှင့် လူနာရှင်များက အကြားမြင် ရှိသော ကြောင်ကလေး ဟု သတ်မှတ် လာကြ ပါသည်။

ထိုကြောင်လေးမှာ သာမာန် လူနာများ အနီးတွင် သွားရောက်ခြင်းမရှိပေ။ နာရီပိုင်း အတွင်း အသက်ပျောက်ခါနီး လူနာ၏ ကုတင်ဘေးတွင် ထူးခြားစွာ ထိုင်တတ်သည်ကို သတိထား မိကြသည်။ ကြောင်ကလေးသည် လူနာရှင်များ နည်းတူ သေဆုံးချိန်အထိ လူနာ၏ ကုတင် ဘေးတွင် ခံစားချက် အပြည့်ဖြင့် အားပေးသည့် သဖွယ် ထိုင်နေ ပါသည်။ ထိုကြောင်လေး သည် သေဆုံးချိန် မတိုင်မီ နာရီပိုင်းအတွင်း မှာသာ လူနာ၏ အခန်းတွင်း ၀င်ပါသည်။ အကယ်ရ်ျ လူနာရှင်က မောင်းထုတ်လျှင် မကျေနပ်ပုံ ပြသ ပါသည်။

ဝန်ထမ်းများ အနေဖြင့် ကြောင်ကလေး ၏ အပြုအမှု ကို အကြိမ် ၂၅ကြိမ်မျှ တိုက်ဆိုင်မှု့ ကို သတိထားမိကြပါသည်။ ၀န်ထမ်းတဦး ၏ ပြောကြားချက်အရ အဖြစ်ပျက် တခုတွင် ၇နာရီမျှသာ ခံနိုင်ရည်ရှိမည်ဟု ဆရာဝန် ပြောကြားသည့် လူနာတဦးအနီး သို့ ကြောင်ကလေး လာခြင်းမရှိပါ။ နောက်ထပ် ၅နာရီ ကျော်ရ်ျ အသက်ကုန်ချိန် ခန့် မှန်း သည့် ကျန်၂နာရီခန့်  အလိုတွင် ထိုကြောင်ကလေးသည် လူနာ၏ အခန်းတွင်းဝင်ကာ ကုတင်နားတွင် ထိုင်နေခြင်း ကုတင်ကို ပတ်ရ်ျ သွားနေခြင်း အနံ့ ခံခြင်းများ ပြုကာ လူနာ အသက်ကုန်သည်မှ အခန်းအတွင်းမှ ထွက်သွားပါသည်။

အကယ်ရ်ျ လူနာတဦးသည် အသက်ပျောက် ခါနီးလျှင် ကြောင်ကလေးသည် ထိုလူနာ၏ အခန်းရှေ့ တွင် အော်ဟစ်နေပါသည်။ အခန်း တံခါး ဖွင့်ခိုင်းသည့် သဘော သက်ရောက် သလို သင်္ကေတ ပြသည့်သဘော ပြုမှုပါသည်။

ထို့ ကြောင့် ကြောင်ကလေး ၏ အပြုအမှုပေါ်မူတည်ပြီး လူနာရှင်များကို ကြိုတင် အကြောင်းကြား ပေးနိုင်သဖြင့် လူနာရှင်များ လူနာ အသက် မပျောက်မီ လူနာအနား လာရောက်နိုင်ကြ သဖြင့် ထိုကြောင်လေးကို လူနာရှင်များနှင့် ၀န်ထမ်းများက အထူး ကျေးဇူးတင် နေကြပါသည်။ (၇ သြဂုတ်၂၀၀၇ dailymail UK)

0 comments:

 
/* EOT ----------------------------------------- */