Friday, August 17, 2007

Technology - 1 ပြုံးပျော်နိုင်ပါစေ.


ဗြဟ္မာမင်းအတွက်ဝမ်းမြောက်ဘွယ်ရာ

ဓါတ်ဆီဈေး မှာ လူမသိသူမသိ ဘ၀မှ ကုန်ဈေးနှုန်း နှင့်အတူ တဖြည်းဖြည်း အင်အား ကြီးထွား တိုးတက် မြင့်မား လာခဲ့သည်။ ထို့ အတွက် ကြောင့် သာကီဝင် မြန်မာ နိုင်ငံသား များ အနေဖြင့် သူ၏ ဘုန်းတံခိုးကို ထောက်ရှု့ သောအားဖြင့် ဓလေ့ထုံးစံကို လျှော့ချခဲ့ကြရသည်။ ယခင်က ဆွေမျိုး သားချင်းများဆီ၎င်း သူငယ်ချင်း မိတ်ဆွေ များဆီသို့ ၎င်း အားလပ်သော ညနေခင်းများ ကို ကြည်နုးသာယာစွာ ဖြတ်ကျော်ခဲ့သော သာကီဝင် မြန်မာ နိုင်ငံသားများ၏ ထုံးစံမှာ ယခုဆိုလျှင် အလျှူမင်္ဂလာများကိုပင် သွားရောက်ရန် စဉ်းစား လာရသည်။ အကျွေးအမွေးပေါ်မူတည်ပြီး အလျှု မင်္ဂလာ အခင်း ထက် လမ်းခရီးစရိတ်က ပိုကြီးသည် ဆိုကာ အားမတန်မာန်ချ လက်လျော့ခဲ့ ရလာ တော့သည်။


မဖြစ်မနေ သွားရမည့် နေရာသို့ သာ စီးတော်ယဉ် ဘတ်စ်ကားဖြင့် သွားလာနေရသော သာကီဝင်များ၏ ဧချမ်းသာယာ လှသော မြန်မာနိုင်ငံတွင် လတ်လတ်ဆတ်ဆတ် ကုန်ဈေးနန်း မှာ ရုတ်တရက် နေ့ ချင်းညချင်း တိုးတက်ကာ စံချိန်သစ်တင် သွားခဲ့သည်။ တရားဝင်သတ်မှတ်သော ဓါတ်ဆီဈေးမှာ မိုးသို့ ခေါင်ခိုက်သဖြင့် လူအများ အားထား နေရသော (ကွယ်ရာ) အမှန်ကန်ဖြစ်သော ဓါတ်ဆီဈေးမှာ မိုးကို ဖောက်ထွင်းပြီး သကာလ သိကြားမင်းတိုင်းပြည်သို့ ဝင်ရောက်ကျုးကျော်သွားလေသည်။ တဖက်လျှင် အပါး ၅၀၀မျှသော လှပလွန်းသော မော်ဒယ် နတ်သမီးများ အနေဖြင့် နိက်ကလပ် ခေါ်သည့် ညဘက် စားသောက်ဆိုင်သို့ သွားပြီးကိုယ်ဟန်ပြကာ ခေတ်ပေါ် ကျောဗလာ အရှေ့ခြမ်း လက်တထွာ တပိုင်းစာ ရှိသည့် င်္အကျီဝယ် ၀တ်လာ နိုင်မည့် အနွရယ် ရန်စွယ် အမျိုးမျိုး ကြောင့် သိကြားမင်းမှာ အလွန် စိတ်မချမ်းသာ ဖြစ်နေရ လေသည်။

ထိုအခါ သိကြားမင်းတိုင်းပြည်မှ ပိုမြင့်သော နေရာရှိ အစွမ်းပိုထက်သော ဗြဟ္မာမင်းကြီး မှာ လွန်စွာ စိုးရိမ်ထိပ်လန့် နေရလေသည်။ ထိုအခါ ကယ်တင်ရှင်များ ပေါ်ပေါက်ရန် တိမ်လွှာ ကိုဖောက် အလင်းရောင်ဖြန့် ကာကြည့်လိုက်သောသကာလ..

သကောင့်သား ဓါတ်ဆီဈေးများ ကို အံတုကာ သိကြားမင်း ဗြဟ္မာမင်းတို့ အား ကယ်တင်နိုင်မည့် သတ၀ါကို တွေ့ လိုက်ရပေသည်။ ယင်း၏အစွမ်းမှာ ဓါတ်ဆီဆိုင် မှ မန်နေဂျာများကို အံတုနိုင်စေသည်။ ယခင်ကလို အချိန်ကုန်ခံကာ တန်းစီရခြင်းကင်း စေသည်။

ထိုဆူပါသကောင့်သားမှာ နောက်ဆုံးပေါ်ထွင်လိုက်သော လျှပ်စစ်ဖြင့်မောင်းနိုင်သော ကားဖြစ်ပါသည်။


တနာရီလျှင် ၁၃၀မိုင်နှန်း ဖြင့် မီးခိုးမထွက် ဓါတ်ဆီ တန်းစီရန် အချိန် မကြန့်ကြာစေသော လျှပ်စစ်ကား လေးမှာ အားသွင်း နိုင်သော ဘက်ထရီ၃၀လုံး ဖြင့် တည်ဆောက်ထားပြီး ပေါင်စတာလင် ၁၅၀၀၀၀ မျှသာ တန်ဖိုး ရှိပါသည်။
လမ်းပိတ်မှုအခွန် လမ်းအခွန်ကင်းလွတ် ပြီး ၇၀၀မြင်းကောင်ရေအား ရှိပြီး ဖီးယက်ကား ၏ ၇ဆနှင့် ညီမျှသည်။ ဘက်ထရီတလုံးလျှင် ၉လက်မအရှည်ရှိပြီး ၂၅၀မိုင် မောင်း နိုင်သည်။ ၁၂ပေရှည်သော ၀ါယာကြိုးဖြင့် ဆက်သွယ်ပြီး ၁၀မိနစ် အတွင်း အားသွင်း နိုင်ပါသည်။ ဘက်ထရီသက်တမ်း မှာ ၁၂နစ်မျှ ကြာရှည် ခံမည် ဟု သိရသည်။တချို့ ကားဘက်ထရီမှာ အားကျမည်ဆိုပါက ပြန်လည်အားသွင်းရန် ဘရိတ်သော့ ပြန်လွှတ် သည့်အခါတွင်ရရှိလာသော ပွတ်တိုက်မှု လျော့ပါးမှုသော စွမ်းအင်ကို အသုံးပြု ထား သောကြောင့် သွားနေစဉ် ဘက်ထရီအားကုန်သွားခြင်းမှ ကာကွယ် နိုင်ပါသည်။ ဂီယာ မပါဝင် သဖြင့် နေရာပိုကျယ်လာသလို လျှပ်စစ်စွမ်းအားမှာ တသတ်မတ်တည်း ရှိပေသည်။

ပေါ့ပါးသော ပြိုင်ကားပုံဖြစ်ပြီး ကွေ့ မောင်း ၀ိုက်မောင်း လှည့်မောင်း ရာတွင် အခက်ခဲ မဖြစ်နိုင်ရန် ရာတွင် လည်ထွက်ခြင်းကို ကာကွယ်သည့် စံနစ်၊ လျှပ်စစ်အားသုံးတံခါး အလင်း မီးသီးပါရှိသည်။

ကားသည် လျှပ်စစ်မော်တာ၎လုံးဖြင့် တပ်ဆင်ထားပြီး ကားဘီးမှာ ၂၀လက်မပတ်လည် ရှိပါသည်။ ကားထိုင်ခုံမှာ တစစီဖြုတ်တပ်ဆင်နိုင်သည့် အပိုင်း၂ခုပါဝင်သည်။ လမ်းပြ ဆက်တလိုက် ဂြိုလ်တုစံနစ် ထဲ့သွင်း တည်ဆောက် ထားပြီး အိုင်ပေါ့ စက် တပ်ဆင် နိုင်သော ထောက်ခုံ ပါရှိသည်။ ကားဘောဒီမှာ ပျားအုံပုံစံ အလူမီနီယမ် ကိုယ်ထည် ဖြင့် ဖော်မြူလာ ၀မ်း ကားပုံစံမျိုး တည်ဆောက် ထားပါသည်။

ထိုသို့ သော အထူးကိရိယာများဖြင့် အထူး တပ်ဆင်ထားသော အထူး လျှပ်စစ်ကားလေး မှာ အထူးခြားဆုံး ပုဂိုလ်ဖြစ်သည့် ဗြဟ္မာမင်း သိကြားမင်းတို့ အတွက် အထူး သင့်လျော်အောင် အထူး တည်ဆောက် ထားကြောင်း သိရသည်။

ထိုထိုသော အစွမ်းပကားဖြင့် ပြည့်စုံတော်မူသော ဓါတ်အားသုံး ဆူပါသကောင့်သား အမည်မှာ အလင်းတန်း lightening ဖြစ်ပြီး ဗြိတိသျှ နိုင်ငံ ပီတာဗိုရောက်ကုမဏီ Peterborough-based Lightning Car Company မှ ယခုနစ် နစ်ကုန်ပိုင်းတွင် စတင် စမ်းသပ် မောင်းနှင်ဖွယ်ရှိကြောင်း သိရသည်။

ဗြဟ္မာမင်းမှာ မြန်မာပြည် ကားကိုယ်စားလှယ်အဖြစ် လျောက်ထားနိုင်ကြောင်း ဆူပါသကောင့်သားကို ၀ယ်လိုသူများ ဗြဟ္မာမင်းထံ စာရင်း ပေးနိုင် ကြောင်း သိရ၏။

(မှတ်ချက် ကောင်းကျိုး - လောင်စာဆီသက်သာမည်။ ဆိုးကျိုး- မီးမလာသောကြောင့် ဓါတ်အားသွင်းရန် ခက်ခဲမည်။)




1 comments:

Khin said...

လျပ်စစ်ကားတွေဟာဓါတ်ဆီဘိုး မကုန်ပေမဲ့ ဈေးကြီးတယ်

တက်စလာ ဆိုတဲ့ ကားဟာ ဒေါ်လာ ၈၀၀၀၀ ပါ။

အမေရိကန်ကားတွေက အဟောင်းဝယ်ရင်

၁၀၀၀၀ အောက်ဘဲပေးရပါတယ်။

 
/* EOT ----------------------------------------- */