Wednesday, September 12, 2007

Health - Big Cat Fish နှတ်ခမ်းမွှေးနဲ့  မော်ဒယ်ဘွိုင်း


Ref: dailynewspaper...UK
9. နှတ်ခမ်းမွှေးနဲ့  မော်ဒယ်ဘွိုင်း

Bev Street ဆိုသူအမျိုးသမီးသည် ၆၄ပေါင် အလေးချိန်ရှိသော ငါးခူကြီးအား Bluebell Lakes in Oundle, Cambridgeshire တွင် ဖမ်းမိခဲ့လေသည်. (စားချင်လို့ ရေးနေတာ) ၃၀မိနစ်ခန့် ငါးမျှားတံကို မနဲဆွဲယူရပြီး လူ၂ယောက်လောက် အားအင်သုံးပြီး ရေထဲမှ မ တင်ခဲ့ရသဖြင့် ထိုသူတို့ တပတ်ခန့် ကြာ လက်မောင်းအောင့်နေကြောင်း ငြီးကြပါသည်။ ၁၉၉၂ခုနစ်တွင် Miss Ballantine ဆိုသူအမျိုးသမီးသည် ၆၄ပေါင် အလေးချိန်ရှိသော ဆော်လမွန်ငါးကြီးဖမ်းနိုင်ခဲ့သဖြင့် ရာဇ၀င် တွင်ခဲ့သည်။


(စာရေးသူကမူ ရာဇ၀င် တွင်အောင် ထို နှတ်ခမ်းမွှေး နှင့် အကောင်ကြီးအား ကြွပ်ကြွပ်ကြော်... အဲ..... ဘေးမဲ့ပေးထားပါသှ်။......အဟင်း..(ဂလု.. ဂလု..) )




8. အချိန်မတန်သေးလို့ မသေရသေးပါ


Venezuelan နိုင်ငံသား ၃၃နစ်ရွယ် Carlos Camejo သည် မတော်တဆ ကားတိုက်မှု့ တွင် သေဆုံးပြီဟု ဆရာဝန်များက သတ်မှတ်ပြီး ရေခဲတိုက်အတွင်းသို့ ထဲ့သွင်းထားလိုက်သည်။ သူ ၏ သေဆုံးမှု့ ကို ဆေးစစ်ချက်ရယူရန် ရင်ခွဲရုံသို့ ပို့ ကာ မည်သည့်အတွက်ကြောင့် သေသည်ကို စစ်ဆေး ကြသည်။ စစ်ဆေးသည်ဆိုသည်မှာ ကိုယ်ခနွာအား ဓါးဖြင့်ခွဲစိတ်ရ်ျ စစ်ဆေးကြခြင်းဖြစ်ပေသည်။ ထိုအချိန်တွင် ခွဲစိတ် နေသော နေရာမှ သွေးများ စီးကျလာသဖြင့် စစ်ဆေးနေသူများ အံ့အားသင့်ရ်ျ မျက်နာတွင် ခွဲထားသော နေရာကို အမြန် ပြန်ချုပ်ခါ အတွင်းလူနာအဖြစ် ဆေးရုံသို့  ပြန်လည် ပို့ ဆောင် လိုက်လေသည်။ အမှန်တကယ် ပင် သူ အသက် ပြန်ရှင်လာပါသည်။ ရင်ခွဲရုံတွင် ခွဲစိတ်သော ဒဏ်ရာမှာ အလွန်တရာ နာကြဉ်လွန်းသဖြင့် လန့် နိုးလာရသည် ဟု ပြန်ပြောပါသည်... ...ဘေးမှပုံမှာ ဖိုးကံကောင်းပုံ ဖြစ်ပါသည်။

(အသေးစိတ်သိလိုသော ကျန်းမာရေး နယ်ပါယ်မှ ပညာရှင် များအတွက်
http://www.dailymail.co.uk/pages/live/articles/news/worldnews.html?in_article_id=482705&in_page_id=1811 )


7. ဖြစ်ရလေ သူငယ်ချင်းရယ်..

အသက် 19နစ်အရွယ် Joshua Wayne Cadle ဆိုသူ သည် သူ၏ သူငယ်ချင်းထံသို့  ရုံးအားရက် ပျော်ရွှင်ဘွယ်ရာ အကြောင်း ကို ဟမ်းဖုံးဖြင့် စာရိုက် သတင်းပို့ လေသည်။ သူငယ်ချင်းအား လာစေချင်သော ဆန်ဒဖြင့် ကိုကင်း ရှုရန် အပြင် တခြား ဆေးချ မည့်အကြောင်းပါ (၁၉ရက် စက်တင်ဘာတွင်) သတင်း ဆက်တိုက်ပို့ လေသည်.. တခြားသော ဆေးများကို လည်း ၀ယ်ခိုင်းပြီး နေရာတနေရာ ကို ဆုံတွေ့ ရန် ချိန်းလိုက် သည်။ ထို စာသတင်း (text message) မှာ ပုလိပ်မှုးကြီး ကိုင်သော ဟမ်းဖုံးထဲသို့ ရောက်နေခြင်း ဖြစ်နေသဖြင့် လွယ်လွယ်ကူကူ မောင်သူငယ်ချင်း အား ဖမ်းဆီးလိုက်နိုင်လေသည်။ အကြောင်းရင်းမှာ ....
အင်္ဂလန်နိုင်ငံတွင် ဟမ်းဖုံးမှာ တနစ် နဲ့ တနစ် မတူသော အပြိုင်အဆိုင် ဈေးကွက်ကြောင့် လူတဦးတွင် သုံးသော ဟမ်းဖုန်းနှင့် နံပါတ်မှာ ပုံမှန်အားဖြင့် နစ်အလိုက်ပြောင်း နေတတ်ပါသည်။ သူငယ်ချင်းဆိုသူ သည် ၁၉ စက်တင်ဘာ ၂၀၀၇ ဗုဒဟူးနေ့ အချိန်တွင် ထို ဟမ်းဖုံးနံပါတ် ကို မကိုင်တော့ပေ။ ထိုနံပါတ်မှာ ရဲမှုးကြီး လက်ရှိ အသုံးပြုနေကြောင်း Joshua က မသိလိုက်ချေ... ပထမဟမ်းဖုံး စာ ရရခြင်း ပုလိပ်များ မီတင်ထိုင်ကာ ညလုံးပေါက် အစီစဉ်ချပြီး ကြာသာတေးနေ့ တွင် Joshua အား ဖမ်းဆီးလိုက်နိုင်သည်။ .....ဖြစ်ရလေ သူငယ်ချင်းရယ်

6. ကယ်တင်ရှင် ၃နစ်သား http://www.metro.co.uk/ 19 Sep 2007.


၃နစ်သား Leon Herdman နဲ့ သူ့ အမေဟာ လမ်းလျှောက်လာရင်း အိမ်တအိမ်မှ အော်ဟစ်ညီးညူ အကူညီတောင်းသံ ကြားလိုက်ကြပါတယ်။ လူနာဟာ အိမ်ထဲမှာ တဦးတည်းနေပုံရသလို အိပ်ယာထဲက ထနိုင်တဲ့ပုံမပေါ်ဘူး။ တံခါးက သော့ခတ်ထားလို့ ဝင်ပြီးကူလို့ မရချေ။ တခုတည်းသော နည်းလမ်းမှာ ကျဉ်းမြောင်းသေးသွယ်သော ပြူတင်းပေါက်မှ တဆင့်အိမ်ထဲ ၀င်ဖို့ သာရှိလေသည်။ ထိုအခါ ၃နစ်သားလေးမှာ စွန့် စားစွာ ပြူတင်းပေါက်သို့ တက်ပြီး အိမ်ထဲဝင်ကာ အိမ်တံခါးဝကို ဖွင့်ပေးနိုင်သဖြင့် မေ့မျောနေသော ဆီးချို လူနာကို အသက်ကယ်တင် နိုင်ခဲ့လေသည်။ မှတ်ချက် အနောက်နိုင်ငံ၃နစ်သားသည် မြန်မာပြည် ၆နစ်ခွဲအရွယ်ရှိသည်။ စိတ်ဓါတ်နှင့်ကြံ့ခိုင်မှုနှင့် အရွယ်အစားပါကွာခြားသည်။


5. အမွှာလောက သြချရမယ်..

Jiddo Alberts ဆိုတဲ့ တမွှာက ဒတ်ခ်ျဘဏ်မှာ စာရင်းစဖွင့်ကထဲက လျှို့ ဝှက်နံပါတ်ကို မည်သူမှ မသိအောင် သီးသန့်  ရွေးချယ်ခဲ့သည်။ ယင်း၏ ပုံတူကိုယ်ပွှား တမွှာမှာ သူ၏ လျှို့ ဝှက်နံပါတ် အခိုးခံရသောကြောင့် လွန်ခဲ့သော တလမှ အသစ်ပြောင်းလဲလိုက်သော နံပါတ်မှာ Jiddo Alberts ၏ လျှို့ ဝှက်နံပါတ် ဖြစ်နေကြောင်း မထင်မှတ်ဘဲ သိလိုက်ရသည် သြောချဘွယ်ရာ သိလိုက်ရပါသတဲ့ . ကိစမရှိပါဘူး စိတ်ချင်းရုပ်ချင်း ရွေးချယ်ပုံခြင်း အရာရာ တူပေမဲ့ ဘဏ်စာရင်းမှာ နံမည်မှ မတူတာ...

4.စိတ်တူ ရုပ်တူ အသွင်တူ အကြိုက်တူ ခွဲမရသော ထိုအမွှာ..

နောက်အမွှာကတော့ အကုန်တူသတဲ့ အိနွိယ မြောက်ပိုင်း အတ်တာ ပလာဒက်ခရိုင်က ပါလီယာ ဂူဂျာ ရွာလေးက kunwarpal နဲ့ chandrapal ဆိုတဲ့ စိတ်တူ ပုံတူ အသွင်တူ တိရိစာန်ဆရာဝန်၂ဦးက အမျိုးသမီးတဦး Madhubala တဦးထဲကို ကြိုက်သောကြောင့် ထိုအမျိုးသမီးမှာ ခွဲမရအောင်တူသော ထို အမွှာ ၂ဦးစလုံးကို လက်ထပ်ခဲ့လေသည်.. စိတ်တူ ရုပ်တူ အကြိုက်တူ ခွဲခြားမရ သဖြင့် မွေးဖွား ထားသော ကလေး၇ယောက် စလုံး၏ ဖခင်နံမည်တွင် ယင်းတို့  ၂ဦးစလုံး ၏ အမည် ထဲ့ထားရသည် ... သားသမီးကိုလည်း ခွဲခြားမရ လို့  ပါတဲ့..

3. မီးခိုးခေါင်းတိုင်ထဲမှာ ညှပ်နေတဲ့ သူတယောက် အကြောင်း..

Marco Antonio Espinoza လို့ အမည်တွင်တဲ့ သူက အိမ်တအိမ် အတွင်း ဖောက်ထွင်း ၀င်ရောက်ရာမှာ မီးခိုး ခေါင်းတိုင်ထဲမှာ ထွက်မရဘဲ ညှပ်နေလို့ မီးသပ်သမားတွေ က ကယ်ဆယ် လိုက်ရပါသတဲ့. သူက ပြောရှာ ပါတယ် အိမ်ပြင် နေတာပါတဲ့.. ဒါကြောင့် အဲလ်အေ (LA) တရားသူကြီးက ထောင်၂နှစ် နဲ့  အိမ်ပျက်စီးမှု့ ကုန်ကျ စရိတ်ကို လျှော်ကြေးပေး ဖို့ ၊ မီးသတ်ကား ကုန်ကျစရိတ် ပေးဆောင်စေဖို့  သက်ညှာစွာ စီရင်လိုက်သတဲ့ ..

2. သေနတ်ထောက် ဓါးပြတိုက်သော်လည်း...

သေနတ်ထောက် ဓါးပြတိုက်ရင်ဖြင့် ပုံမှန်အားဖြင့် မည်သူမဆို ကြောက်လန့် ပြီး အကုန်လှူဒါန်းခဲ့ရတာဘဲ။ ကံဆိုးတာက ခါးရတေးကျောင်းမှာ မျက်မမြင် ခါရတေးချန်ပီယံ ကိုမှ ရွေး လု မိတော့ သူခံပညာ အစွမ်း ကြောင့် ဓါးမြမှာ သေနတ်လွှင့်ကျပြီး (Santander province north of Bogota) ဆေးရုံမှာ ရက်တော်တော် ကြာကြာ ပတ်တီးအပြည့်နဲ့ ဇိမ်ခံလိုက်ရပါသတဲ့ ... သင်ကော ဆေးရုံတက်ပြီး အနားယူချင်ပါသလား...

1. အမျိုးသမီးတဦး င်္အကျီဆိုင်၏ အ၀တ်လဲခန်းမှ ထွက်ရာတွင် ၃.၁ကီလို ပိန်ကျသွားခြင်း

အင်္ဂလန် ရဲ့ Swansea မြို့ မှာရှိတဲ့ Bon Marché အထည်ဆိုင်မှာ အမျိုးသမီးတဦးက စိတ်ကြိုက်ရွေးပြီး အ၀တ်တော်မတော် ၀တ်ကြည့်ဖို့ အ၀တ်လဲခန်း အတွင်းဝင်တာနဲ့ တပြိုင်နက် အတွင်းက ရတနာလေးက ၅ပတ်စောပြီး လူ့ လောကထဲထွက်လာလို့  အ၀တ်လဲခန်းထဲမှာတင် ကလေးမွေးဖွားလိုက်ရလို့  ၃.၁ကီလို လောက်ပိန်သွားပါသတဲ့ ... (သင် ပိန်လိုပါသလား...)


ကဲ ထပ်မေးမယ် နဂါး တကယ်ရှိသလား ဘလော့ကာမောင်နှမများ အနေဖြင့် သိပံနည်းကျ သေသေချာချာ စဉ်းစားတွေးတောပြီး လက်တွေ့ ကျကျ စိတ်ကူးယဉ်ပုံစံမဟုတ်ဘဲ မှတ်ချက်ရေးပေးပါရန် မေတာရပ်ခံအပ် ပါသည်။ အဏ၀ါဗေဒ ပညာတတ်မြောက် သူများရှိလျှင် ၀င်ရောက် ဆွေးနွေးပေးပါရန် မေတာရပ်ခံချင်ပါတယ် ။ ကျေးဇူးတင်ပါသည်။

နဂါး ဆိုတာ ယုံသလား ပုံပြင်လို့ ရောထင်သလား

၁0. အသံမြည်သော အကောင်ကို ပြန်တွေ့ ပြီ ယခုလသည် စက်တင်ဘာလကုန်ခါနီး ဖြစ်သောကြောင့် မိုးနည်းပါးသည်။ မိုးမခြိမ်း မိုးကြိုးမပစ် မိုးမရွာ နိုင်ဖြစ်ရခြင်းမှာ ..တနည်းအားဖြင့်ဆိုသော် သိကြားမင်း သည် စာရေးသူ နှင့် စစ်ပြေငြိမ်းရန် နားလည်မှု ရှိနေပြီဖြစ်သည်. ဖက်ရှင်မောင်များ၏ ဓါတ်ပုံများကြည့်ပြီး ရင်ခုန်သွားနိုင်ခြင်းကြောင့် ၄င်း၊ သူ၏ နတ်မိမယ် များအား ၀ယ်ပေးရန် စာရေးသူ၏ အလှပြင် ပါလာနှင့် ဖက်ရှင် ရှိုးရွန်းများ လာကြည့်ချင်သောကြောင့်၎င်း၊ စာရေးသူက နှတ်ခမ်းမွှေးနှင့် အကောင်ကြီး ကို ဘေးမဲ့ပေးသဖြင့် စာရေးသူ၏ (ဂလုဂလု မြည်သော) သမာဓိကို လေးစားခြင်း ကြောင့်၎င်း၊ ပျောက်သော တယ်လီဖုန်းကို ရှာဖွေပြီး အာမခံ သော့ခန်း ထဲထဲ့ထားပေး ရန် ညွှန်ကြားခဲ့လေသည်။ ယနေ ပုလိပ်များ က ၀င်ရောက်ကူညီရန် ကြိုးစားသောအခါမှ အာမခံသော့ ထိန်းသိမ်းသူ များသည် သတိရကြပြီး တယ်လီဖုန်းအား စာရေးသူထံသို့  ပြန်လည် အပ်နှံရန် စီမံပေးခဲ့သည်။ ပျောက်သွားသော တယ်လီဖုန်းလေး ပြန်ရရန် ကူညီပေးသော သိကြားမင်းအား ကျေးဇူးတင်သဖြင့် စာရေးသူက ဆုတောင်းပေးလိုက်ပါသည် .....(ထို့ အပြင် စီပုံးထဲတွင် ဂရုဏာသက်စွာ မေးမြန်းကြသော ဘလော့ကာ မောင်နှမများအတွက်ပါ....ထို့ အတူ ဆုတောင်းပေးလိုက် ပါသည် )
အရှင်သိကြားမင်း ခပ်ဖြောင့်ဖြောင့် သားမက်များရပါစေ.. ခပ်မိုက်မိုက် ချွေးမများရပါစေ... (ဘော်ဘော်အပေါင်းတို့ သီတင်းကျွတ်အမှီ ကြွပ်နိုင်ကြပါစေ ...အာ ...မှားသွားလို့ နှတ်မွှေးနဲ့ အကောင်ကြီးကို သတိရသွားလို့ )



0 comments:

 
/* EOT ----------------------------------------- */