Wednesday, December 5, 2007

True story - Elephant God Hindu


ဗုဒဘာသာ တိမ်မြုပ်ပျောက်ကွယ်တော့မှာလား

ဒီပို့ စ်ကို ရေးဖို့ အစီစဉ်မရှိပါဘူး ကိုရွက်ဝါက သူ့ ပို့ လေးလာဖတ်ပါ ပြောလို့  ရေးထားတဲ့ ပို့ အဟောင်းကို ပြန်ပြီးတင်လိုက်ပါတယ်။

ဘေးကပုံကတော့ ဖော်ဝဒ် ရောက်လာတာပါ။ မေးထဲမှာ အကြိမ်၂၀ ဖြန့် ခိုင်းတယ် ။ ထုံးစံ အတိုင်းပေါ့ မဖြန့် ရင် ဘာညာ ကွိကွ ပေါ့. chain mail လို့ ခေါ်ပါတယ်။ စာရေးသူအနေနဲ့ ဓါတ်ပုံတင် ရခြင်း အကြောင်းမှာ မဟာပိနဲက အနီရောင် ပြောင်းနေသော ကြောင့် စာရေးသူတို့ အခက်ခဲနဲ့ ကြုံကြိုက်တိုက်ဆိုင်လို့ တင်ပြခြင်း ဖြစ်ပါတယ်။

မေးလ်ထဲမှာ မဟာပိနဲပုံ ပါလာလို့  ကြုံကြိုက်လို့ သတိရသွားတာ ......က




၁၉၉၆မှာ ဟိနွူဘာသာဘုရားတွေ သိပံလွန် ဖြစ်ရပ်ဆန်းကို တကမာလုံးအနံ့ ဖြစ်ခဲ့ပါတယ်။ သိပံခေတ်မှာ ဟိနွူဘုရားတကယ် တန်ခိုးပြတာ ကြုံရတော့ ဟိနူဘာသာဝင်တွေ အလွန်ဂုဏ်ယူခဲ့ကြပါတယ်။

ခရစ်ယာန်ဘုရားသခင်လည်း တကမာလုံးအနံ့ မကြာခဏဆိုသလို ရုပ်ပုံပေါ်လာပြီး ရောဂါပျောက်စေတာ အနွရယ်ကင်းစေတာ ထူးဆန်းတာတွေ လက်တွေ့ (သတင်း)မြင်ရတယ်၊ မွတ်ဆလင်လဲ သူ့ အလျောက်သူ တော့ရှိမှာပါ။

ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဗုဒဘာသာမှာ ဗုဒသားတော်တွေတောင် ဒုက်ခဖြစ်နေရတဲ့ မြန်မာပြည်ဟာ ကျိန်စာမိနေသလားလို့ ထင်မိပါတယ်။ ဘုရင်လက်ထက်မှာ အသက်ဆုံးတိုင် ထီးနန်းစံရတယ် ဆိုတာ ရှားမယ် ထင်ပါတယ်။ ဘုရင်ဆိုတဲ့ အာဏာရဖို့ အတွက် ဆွေ၇ဆက် မျိုး၇ဆက်သတ်တာ ကျိန်စာပေဘဲလား။ တတိုင်းပြည် နဲ့ တတိုင်းပြည် စစ်တိုက် အာဏာသိမ်းတာ ကျိန်စာလား။ နောက်ဆုံးဘုရင်(သီပေါ)တောင် ဘုရင်ဖြစ်ဖို့ အရေး ရှိရှိသမျှ ကိုယ့်ဆွေမျိုးတောင် အကုန်သတ်တာ လဲ ကျိန်စာပေဘဲလား။

ဒါဆိုရင် မြန်မာပြည်ဟာ ကျိန်စာထဲက လွတ်ပါ့တော့မလား။ အရည်းကြီးတွေ ကြီးစိုးတဲ့ ပုဂံခေတ်ကို ပြန်လည်ရောက်ရှိနေတဲ့ အခုကာလမှာ တန်ခိုးရှင်တွေ နတ်တွေ၊ သိကြား ဗြဟာ နတ်မင်းကြီးတွေ က တန်ခိုးတော် မပြတော့ဘူးလား...

ဗုဒဘာသာအတွက် တွေးမိရင် ရင်လေးပါတယ်။ သာသနာစောင့်နတ်မင်းတို့  တိုင်းပြည်စောင့်တဲ့ နတ်မင်းတို့  တန်ခိုးရှင်တို့  ဘာများ အကူညီပေးနိုင်ပါမလဲလို့  ရင်ထဲက တောင်းဆိုရင်း.... ဟိနူဘာသာ တန်ခိုးပြခဲ့တာလေး တင်ပေးလိုက်ပါတယ်
ကျောက်ဆစ်ရုပ်ထုက နို့ ဆွမ်းသောက်ရုံမကဘူး အသေချာကြည့်ရင် မျက်တောင်လှုပ်တယ်လို့ ထင်မိပါတယ်။ အသေချာကြည့်ကြပါ..



အသေးစိတ်ကတော့....

ပြောချင်တာက ၁၉၉၅ (မတ်လ ထင်တာဘဲ) လောက်မှာ အိဒိယ နိုင်ငံ ဟိနဒူဘာသာဝင် တဦးဟာ အိမ်မက် အရ မဟာပိနဲလို့ ခေါ်တဲ့ ဆင်ဘုရားကို နွားနို့ ဆွမ်းကပ်ရင် အမှတ်တမဲ့ နွားနို့ ကို ဆင်နှာမောင်း နှင့် ထိပြီး ဆွမ်းကပ်လိုက်ပါတယ် ။ ရုပ်ပွားတော် ဆင်နှာမောင်း က နွားနို့ ကို စုပ်ယူသောက်သုံးလိုက်တာ တွေ့ ရှိရတာနဲ့ တကမာလုံးသတင်း ပြန့် သွားပြီး ဟိနဒူ ဘုရားကျောင်း တွေ မှာ လူတိုင်းသွားရောက် နွားနို့ ဆွမ်း ကပ်ကြပါတယ်။
ဆင်ဘုရားတင် မဟုတ်ပါဘူး။ ရှိသမျှ ကျောက်နဲ့ ထွင်းထားတဲ့ သစ်သားနဲ့ ထုထားတဲ့ ဘုရားမျိုးစုံ နဲ့ အစောင့် တိရိစာန် တွေအားလုံး ဟာ သူတို့ ပါးစပ်၊ နှာမောင်း ကို နွားနို့ ၊ ရေ ကပ်လိုက်တာနဲ့  ကပ်လိုက်သော နွားနို့ ၊ ရေ၊ ဖျော်ရည်တွေ ဟာ မင်စုပ်စကူက ရေစုပ်ယူသလို ကုန်သွားတာ မျက်မြင် ကြုံတွေ့ ကြရပါတယ်။ ဒါဟာ ဘုရားကျောင်းမှာမှ မဟုတ်ပါဘူး ဟိနဒူလူမျိုးတွေ ရဲ့ နေအိမ်မှာ စမ်းသပ်တာလည်း သောက်သုံးကြောင်း အံ့သြဘွယ်ရာ တွေ့ ရပါတယ်။
သဘာဝလွန် ဖြစ်ရတဲ့ ကျောက်ရုပ်ထု၊ သစ်သားရုပ်ထုတွေ က နွားနို့ ဆွမ်း၊ ရေဆွမ်း သောက်သုံးတာ ကမာအဆက်ဆက် မကြားဘူးကြပါဘူး။ သောက်သုံးမှု က လည်း မြန်ဆန်ပါတယ်။ လဘက်ရည်ဇွန်းနဲ့ တိုက်ရင် စကန့် ၃၀ အတွင်း နွားနို့ ၊ရေ တွေဟာ ထိကပ်ထားတဲ့ ပါးစပ်၊နှာမောင်းဘက် တိုးဝင် ပျောက်ကွယ်သွားပါတယ်။

ကိုယ်တိုင် နွားနို့ ဆွမ်း ရေဆွမ်းများကို ဘုရားရုပ်ထုသာ မက ဘုရားကျောင်းဝန်းအတွင်းရှိ ရှိသမျှ သော ရုပ်ထုများကို ကပ်ခဲ့ပါသည်။ ထို့ ကြောင့် မျက်မြင် ကိုယ်တွေ့ ကိုယ်ကိုယ်တိုင် စမ်းသပ်ခဲ့သဖြင့် ယခုကဲ့သို့ ရေးသားခြင်း ဖြစ်ပါသည်။

အဲဒါကလည် ရက် အကန့် အသတ်ရှိ ပါတယ်။ မှတ်မိသလောက် ဟိနဒူ လပြည့် ပွဲတော်အထိ သောက်သုံးမယ် ဆိုတာ ကြိုပြောထားတဲ့ အတိုင်း နောက်တရက်ကူးတာနဲ့ တပြိုင်နက် မည်သို့ မျှ မသောက်သုံးတော့တာ တွေ့ ရပါတယ်။

ထို အချိန်မှာ လူတိုင်းနွားနို့ ဆွမ်းကပ် ကြတာကြောင့် နွားနို့ ဝယ်လို့ မရတဲ့ အခြေနေတောင် ရောက်ရှိ သွားရပါတယ်။ ဟိနဒူလူမျိုးတွေ အနေနဲ့ မည်သို့  နိမိတ် တန်ခိုးများပြတယ် ဆိုတာ မပြောတတ်ပေမဲ့ သိပံပညာရှင်တွေ က မျက်မြင်သက်သေ ကို သိပံနည်းနဲ့  မဖြေရှင်း ခဲ့နိုင်ကြပါဘူး။
နောက်မှ ထပ်ကြိုးစား တင်ကြည့်ပါအုန်းမယ်

5 comments:

Nyein Chan Aung said...

ဗုဒ္ဓဘာသာနှင့် သာသနာကိုစောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိသည်..။ ယနေ့အချိန်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်အရေးကြီးသော အချိန်ဖြစ်ပါသည်။

မီးလေး said...

ဂျေဂျေရေ ဗီဒီယို လာကြည့်သွားပီနော်...
ရှေးတုန်းကတောင် စကားပုံရှိသေးတာပဲ ဘာမကောင်းရင် ဘာပျက်တရ်ဆိုတာလေ....
ဗုဒ္ဓဘာသာ မကွယ်ပျောက်စေဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတရ်... ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ယုံကြည်မှု၊ လေးစားမှု၊ ကြည်ညိုမှု မရှိဘူးဆိုရင် အခြား ဘာသာဝင်တွေကကော ကိုယ့်ဘာသာကို ယုံကြည်၊ လေးစားကြမှာ မဟုတ်ပါဘူး... အရေးကြီးဆုံးက ဘာသာတရား ကိုင်းရှိုင်းမှု နှင့် သက်ဝင်ယုံကြည်မှုတွေပဲဖြစ်ပါတရ်...
အမှန်က မှေးမှိန်ပျောက်ကွယ်တာ မဟုတ်ပါဘူး... မသိကျိုးကျွံပြုနေကြတာပါ...
ခုက သိကြားသာသနာခတ်... သိကြားသာသနာက ကြမ်းတရ်ဆိုလားပဲ...

မီးလေး said...

မြန်မာနိုင်ငံမှာလည်း ဖြစ်ရပ်ဆန်းတွေ ၁၉၉၆မှာ ဖြစ်ပွားခဲ့ဖူးပါတရ်... ဆင်းတုတော်က မျက်တောင်ခတ်တာလေ..
မွတ်ဆလင်၊ ခရစ်ယာန် စတဲ့ တချို့သော ဘာသာဝင်တွေဟာ တပတ်ကို တကြိမ်ပဲ ဘုရားကျောင်းကို သွားပြီး ၀တ်ပြုကြရတာမို့ လူတိုင်း မဖြစ်မနေသွားကြတရ်... ပျက်ကွက်တရ်ဆိုတာ မရှိသလောက်ပါဘဲ...
ဗုဒ္ဓဘာသာဝင်တွေကျတော့ အခွင့်အရေးပိုရတရ် ဘုရားဆိုလည်း ဘယ်နေ့မှ မဟုတ်ဘူး.. နေ့တိုင်းရှိခိုးလို့ရတရ်... အခွင့်အရေးရလွန်း လွယ်လွန်းလို့ သတိမမူကြတော့ဘူး... နေ့စဉ်ရှိခိုးခွင့်ရတာကို အလုပ်တခုလိုလုပ်နေရတယ်ထင်ကြတရ်... မလုပ်ချင်ကြတာတွေ ဖြစ်လာတရ်... ဘုရားတောင် မှန်မှန်မရှိခိုးကြတော့ဘူး... နောက်ဆက်တွဲကတော့ သူများ ဘာသာဝင်တွေပါ ကိုယ့်ဘာသာကို အထင်သေးမှာ စိုးလှပါတရ်...

ထွန်း said...

မီးလေးရေ. မွတ်ဆလင်ဘာသာက ကတော့ တော်တော် စည်းကမ်းတည်းကြပ် ပါတယ်။ တနေ့  ၅ခါ ဘုရားရှစ်ခိုး ဆုတောင်းရပါတယ်။ အရက်ဆိုတာ လုံးဝ မထိမကိုင်ဘူး။ အစားသောက်ထဲမှာ ချက်ရင် မစားဘူး။ အသားဆိုလဲအလွန်ဂရုစိုက် ကြပါတယ်။ ဗလီကို ကျားတွေသာသောကြာနေ့ တိုင်း သွားတယ်ဆိုပေမဲ့ လူတိုင်း ဘုရားဝတ်မပြတ်ကြပါဘူး။ အိမ်ထောင်မကျခင် အပျို လူပျို စစ်စစ် ဖြစ်ရပါတယ်။ အိမ်ထောင်ကျရင်လဲ မွတ်ဆလင်ဘာသာဝင် မဖြစ်ရင် ဘာသာပြောင်း ပေးရပါတယ်။ အင်မတန် ဘာသာရေးယုံကြည်တဲ့ သူတွေပါ။ အယူဆမှာ ဗုဒဘာသာနဲ့ တော်တော် ဆန့် ကျင်တာတွေ့ ရပါတယ်။

ရွက်ဝါ said...

ကျွန်တော့်ရဲ့ နတ်ကိုးကွယ်မှု အပေါ် ကျွန်တော့်အမြင် ပို့စ် http://ywetwar.blogspot.com/2007/12/blog-post_03.html မှာ တင်ဖို့ေ၇းထာတဲ့ ကွန်မန့်ပါ။ ဆက်စပ်နေသလား လို့ ဒီမှာပါတင်ပေးလိုက်ပါတယ်။

cbox မှာ j ပြောသွားတဲ့ စကားလေးတွေပါ။ စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင်လို့ comment မှာ တင်ပေးလိုက်ပါတယ်။
********
j::ပို့ စ်အတွက်ကျေးဇူးတင်ပါတယ် နွယ်တယ်ဆိုပေမဲ့ ကျနော့်မေးခွန်းနဲ့  တော့မဆိုင်လှဘူး ထပ်မေးမယ်ဗျာ ဒီနစ် ၂၄-၂၇စက်တင်ဘာလမှာ သမလွန်မင်းတြားသတ်လို့ သေတဲ့ အာဇာနည်တွေရော ဘယ်လိုဖြစ်နိုင်လေမလဲ နတ်ထက် အဆင့်မြင့်တဲ့ဘုံရောက်ပါစေလို့  ပြီးတော့ ဗုဒွဘာသာ ထွန်းကားရေးအတွက် ပြန်ကူညီကြပါလို့  ဆုတောင်းတယ်ဗျာ တခါတလေ ဖြစ်ချင်တာတွေ စွတ်တွေးတာဘဲ သိပံနည်းနဲ့ ဆက်စပ်ဖို့ ကျ မတွေးတတ်သေးဘူး ဗျာ ၁၉၉၆မှာ ဟိနူဘာသာ တန်ခိုးပြတာ မျက်မြင်တွေ့ ရတယ် ခရစ်ယန်ဘုရားသခင် ကြိုကြားတန်ခိုးပြတာ ဓါတ်ပုံနဲ့တွေ့ ခဲ့ရတယ် အခုဗုဒွဘာသာကို လည်းတန်ခိုးပြစေချင်တယ် ကိုယ်ယုံကြည်တဲ့ ဗုဒဘာသာတိမ်ကောမှာ စိုးတယ်ဗျာရင်လေးတယ်ဗျ ရင်ထဲက ဆနလေးတွေ ဖေါ်ထုတ်လိုက်ချင်တယ် သူများဘာသာတွေလို တန်ခိုးပြပါစေလို့ .. ပို့ အသစ်လာဖတ်ပေးပါလား
*******
j အခုလို စိတ်ဝင်တစား မေးမြန်းဆွေးနွေးလာတာ ကျေးဇူးတင်ပါတယ်။

ကျန်စစ်မင်းနဲ့ အလောင်းမင်းတရားတို့ သတ်လို့ သေတဲ့လူတွေ အားလုံးနတ်ဖြစ်တယ် ဆိုတာနဲ့ ပတ်သက်လို့....
ပြည်သူတွေ အနေနဲ့ သေသူကို သနားလို့၊ ဘုရင်ကို မကျေနပ်လို့၊ ပုံမှန် အထိမ်းအမှတ် ပွဲတွေ လုပ်ရာကနေ နောက်နှစ်တွေ ကြာလာတော့ ကိုးကွယ်မှု ပုံစံပြောင်းသွားတာ ဖြစ်လိမ်မယ်လို့ ထင်တယ်ပေါ့ ဗျာ။ အဲဒါကြောင့် မေးခွန်းနဲ့ နွယ်တဲ့ ပို့ တင်ထားတယ် ပြောတာပါ။ တကယ် သူတို့တစ်တွေ နတ်ဖြစ်မဖြစ်ဆိုတာတော့ ငယ်ငယ်ကတည်းက ကျွန်တော် လူကြီးတွေကို မေးတတ်တဲ့ မေးခွန်းပါ။

၂၄-၂၇စက်တင်ဘာလမှာ သမလွန်မင်းတြားသတ်လို့ သေတဲ့ အာဇာနည်တွေကတော့....
ဘယ်လိုဖြစ်မယ်ဆိုတာ အတိအကျ မခန့်မှန်းနိုင်ပေမယ့်။ မေတ္တာပို့ ဆုတောင်းပြီး လောက ကောင်းကျိုးကို ဆောင်ကြသူတွေ ဖြစ်လို့ ကောင်းရာ သွားကြလိမ်မယ်လို့ တော့ထင်ပါတယ်။ ကောင်းရာ သုဂတိလားပါစေ လို့တော့ ကျွန်တော်လည်း ဆုတောင်းပေးနေပါတယ်။

သူတို့တစ်တွေ မတရားသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့လည်း ပြည်သူတွေက ဆွမ်းသွတ်ပွဲ ဆန်ဆန် အထိမ်းအမှတ်ပွဲတွေကို နှစ်စဉ်မပြတ် ကျင်းပကြမယ်ဆိုရင် နောင်နှစ်တွေ ကြာလာတဲ့အခါ ကိုးကွယ်မှု ပုံစံပြောင်းသွားချင်လည်း သွားမှာပေါ့။ အခုခေတ်ကတော့ တိုးတတ်တဲ့ ခေတ်ဆိုတော့ ဖြစ်လာဖို့တော့ ခက်မယ်ထင်တယ်။ မြန်မာပြည်ဖြစ်နတ်ဆိုတာလည်း ရှေးအကျဆုံး ပုဂံခေတ်မှာ ဖြစ်ကြတာ များတယ်။
ပုဂံ ခေတ်လိုကာလမှာ လူတွေက မင်းအစိုရတွေကို မကျေနပ်ရင် အားကိုးစရာ မီဒီယာက ပန်းချီ၊ ပန်းပု ပညာနဲ့ပဲ လုပ်ကြရမယ်ထင်တယ်။ ပန်းချီ၊ ပန်းပု ဆိုတော့ ရှားရှားပါးပါးဖြစ်မယ်။ မွန်မွန်မြတ်မြတ်ထားမယ်။ ကိုးကွယ်မှုဘက်ကို ကူးသွားဖို့ မြန်မယ်။ ဒီနေ့ခေတ်ကတော့ digital ခေတ်။ photo တွေကပေါတယ်။ အထိမ်းအမှတ်ကာလမှာ လူမြင်အောင် မွန်မွန်မြတ်မြတ်ထားမယ်။ နောက်တော့လည်း မေ့မေ့လျှော့လျှော့ ဖြစ်သွားမယ် ဆိုရင် ကိုးကွယ်မှုဘက်ကို ကူးဖို့က ပိုခက်မယ်။ ဖြစ်မလာနိုင်ဘူးလို့တော့ ကျွန်တော်မဆိုရဲဘူး။

ဗုဒ္ဓဘာသာ ထွန်းကားရေးအတွက် ပြန်ကူညီစေချင်တယ်ဆိုတာ...
ကျွန်တော်နဲ့ သဘောထားတူပါတယ်။ ကျွန်တော်တို့ မြန်မာတွေ ပြောတတ်တဲ့ စကားရှိတယ်လေ "ရေစက်" ဆိုတဲ့ စကား။ မှန်လားမမှန်လားတော့ မသိ။ ယုံတာမယုံတာလည်း လူပေါ်မူတည်မှာပေါ့။ ဗုဒ္ဓ၀င်မှာ ဆိုရင်ကြည့်လိုက် တော်တော်များများ ဇာတ်တော်တွေမှာ ဘုရားလောင်းက ပညာရှိ၊ တရားဟောတာ များတယ်။ ညီတော်အာနန္ဒာ အလောင်းက တရားနာတတ်တယ်။ ရန်သူ ပါလာရင် ဒေ၀ဒတ် အလောင်း။ ရေစက်ဆုံတယ် ဆိုတာ ဒါမျိုးဖြစ်မယ် ထင်တယ်။ အဲဒီတော့ ဘုရားရှင်ရဲ့ တရားတော်တွေကို ရွတ်ဖတ်ရင်း နှလုံးသွင်းရင် မတရား အသတ်ခံရသူတွေ လူဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ် သာသနာတော်နဲ့ ရေစက်ရှိနေဦးမယ် ထင်ပါတယ်။ အဲဒီရေစက်ဆိုတဲ့ စကားသာ မှန်ရင် သူတို့ အားလုံးဟာ သာသနာတော်ကြီး တိုးတတ်ရာ တိုးတတ်ကြောင်းလည်း ရောက်ရာဘ၀ကနေ ဆက်လက် ဆောင်ရွက်နိုင်ကြမယ်လို့ ထင်တာပဲ။

ဖြစ်စေချင်တာတွေ စွပ်ပြောတတ်တာက ...
လူတော်တော် များများ သဘာဝပါ။ ကိုယ်တိုင်က ဘာမှမတတ်နိုင်သလို ခံစားရတော့၊ "မြေကလည်း မမျိုနိုင်ဘူးနော်၊ မိုးကြိုးကလည်း သစ်ပင်မြင့်မြင့်တွေတော့ ပစ်တယ်။ ဒီလို မိစ္ဆာကောင်တွေကိုတော့ မပစ်ဘူး။" ဆိုတဲ့ အတွေးတွေ ၀င်လာတတ်တယ်။ ၀န်ခံရရင် ကျွန်တော်လည်း တစ်ခါတစ်လေ အဲလိုတွေ တွေးတတ်ပြောတတ်တယ်။ တကယ်တော့ အဲဒီအတွေးတွေက မကောင်းပါဘူး။ အားလုံးအပေါ် မေတ္တာထားတာကပဲ ဗုဒ္ဓရဲ့ ၀ါဒနဲ့ ပိုကိုက်မှာပါ။

ဟိန္ဒူနဲ့ ခရစ်ယန်ဘာသာတွေမှာ တန်ခိုးပြတာတွေ မျက်မြင်တွေ့လိုက်ရတယ် ဆိုတာ ...
နဲနဲတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ ၀ါဒက တန်ခိုးပြဖို့ အဓိက မဟုတ်ဘူးလို့ ထင်တယ်။ ရဟန်းတော်တွေ ဆိုရင် တန်ခိုးမပြရဆိုတဲ့ ၀ိနည်း သိက္ခာပုဒ်တောင် ရှိတယ် လို့ ကြားဖူးတယ်။ ဗုဒ္ဓရဲ့ ၀ါဒက အဓိက အရေးကြီးတာ
အကျင့် သီလ ဖြူစင်ဖို့
သမာဓိ တည်ကြည်ဖို့နဲ့
ဥာဏ်ပညာ ကြီးပွားဖို့ပါ။
မဂ္ဂင်ရှစ်ပါးပဲ ပြောပြော၊ ပိဋကတ် ၃ ပုံပဲ ဆိုဆို အဓိက ကတော့ သီလ၊ သမာဓိနဲ့ ပညာ ပါပဲ။

အဲဒီမှာ စိတ်ဝင်စား စရာကောင်းတာက တစ်ခြားဘာသာတွေနဲ့ ယှဉ်ကြည့်ရင်....
သီလနဲ့ သမာဓိက တစ်ခြားဘာသာတွေမှာလည်း အတိအကျ မတူရင်တောင် ဆင်တူတွေ ရှိတယ်တဲ့။
ပညာ မဂ္ဂင် ၂ ပါးကတော့ ဘယ်ဘာသာမှာမှ မရှိတဲ့ ဗုဒ္ဓဘာသာရဲ့ သာသနာတွင်းတရား စစ်စစ်ဖြစ်တယ်တဲ့။ ဗုဒ္ဓ၀ါဒက အတွေးအခေါ် ဉာဏ်ပညာကို တိုးတတ်စေအောင်အားပေးတဲ့ ၀ါဒ။ မေးမြန်း စုံစမ်းမှု အမျိုးမျိုးကိုလည်း ကြိုဆိုတယ်။ ယုံကြည်မှုကို အဓိကထားတဲ့ ၀ါဒတွေမှာ ပညာဆိုတာ မပါဘူး။ ကြားဖူးတာပြောတာ။ သူတို့က ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်းနဲ့ ဆုတောင်ခြင်းတို့ ပေါ်မှာပဲ အခြေခံတယ်။

ဗုဒ္ဓဘာသာကို တိမ်ကောမှာ စိုတယ်ဆိုတာတော့....
ကျွန်တော်နဲ့ တူတယ်။
ဒါပေမယ့် ငွေကြေးပေးပြီး စည်းရုံးတယ် ဆိုတာ လူသားတို့ရဲ့ သဘာဝ လောဘ ရှိတတ်တာကို အခွင့်ကောင်းယူလို့ မကောင်းဖူးထင်တယ်။

အတင်းအကြပ် ကိုးကွယ် ယုံကြည်စေတယ်ဆိုတာ ကတော့ ပိုဆိုးတာပေါ့။ သေသေချာချာတော့ မရှင်းတတ်ဘူး အဲဒါဒေါသရဲ့ ပုံစံတစ်မျိုးဖြစ်မယ်ထင်တယ်။ အဲဒီအပေါ်မှာ အခွင့်ကောင်းယူ စည်းရုံးတယ်လို့ မြင်တယ်။

ဂီတ၊ ရသစာပေနဲ့ ကြည်နူးမှုလေးတွေ ဖန်တီးပြီး စည်းရုံးတာလည်း သိပ်မထူးဘူး။ လူတို့ရဲ့ မောဟ ကိုပိုပြီး အားကောင်းလာစေတယ်။

စိတ်ရဲ့ အားနည်းချက်တွေ ပေါ်မှာ အခွင့်ကောင်းယူထားတယ်။ လူတို့ရဲ့ တွေးခေါ်တတ်တဲ့ ဉာဏ်ပညာပေါ်မှာ အခြေမခံလို့ တရားမျှတတဲ့ စည်းရုံးမှု ဖြစ်ချင်ဖြစ်မယ်။ မလွတ်လပ်တာတော့အမှန်ပဲ။

တန်ခိုးပြစည်းရုံးတယ် ဆိုတာလည်း အဲဒီသုံးခုတည်း ကိုတစ်နည်းနည်းနဲ့ အကြုံးဝင် နေတယ်။ ရွှေငွေ စတာတွေကို ဖန်တီးနိုင်တဲ့ ပုံတန်ခိုးပြတယ် ဆိုပါစို့ လောဘဆိုတဲ့ လူ့အားနည်းချက်ကို နင်းတာပဲ။
(ဘိုးတော်အတုတွေ အဲဒီအလုပ် ကိုလိမ်ညာ လုပ်တတ်တယ်။)
ကြောက်စရာ မြွေ၊ ကျား အစရှိတဲ့ သတ္တ၀ါတွေ ဖန်ဆင်းတယ် ဆိုပါစို့ ကြောက်ရွံ့တတ်ခြင်းဆိုတဲ့ ဒေါသရဲ့ ပုံစံတစ်မျိုးကို နင်းတာပဲ။ (ဒေ၀ဒတ်က အဇာတသတ်ကို အဲဒီနည်းနဲ့ စည်းရုံးခဲ့တယ်။)
ဘာရယ်မဟုတ် ကြည်နူးစရာ ရောင်ခြည်၊ အသံ စသည်တို့ကို ထုတ်လွှင့်တယ် ဆိုရင် လူတွေကို ကြည်နူးမှု သက်သက် ပေးပြီး အပေါ်စား နည်းနဲ့ စည်းရုံးတာပဲ။ ဂီတတို့၊ အနုပညာ တို့ရဲ့ လှုံ့ ဆော်မှုမျိုးနဲ့ ခတ်ဆင်ဆင်တူတယ်။ လူ့တို့ရဲ့ မောဟ ဆိုတဲ့ အားနည်းချက်ပေါ်မှာ အခွင့်ကောင်းယူတယ်လို့ ထင်တယ်။

တကယ်တော့ ကိုးကွယ်ယုံကြည်မှု တစ်ရပ်ဆိုတာ စည်းရုံးစရာလို့ ပြောတာထက်၊ ကိုယ်ပိုင်တည်ဆောက်စရာလို့ ဆိုရင်ပိုသင့်တော်မယ်ထင်တယ်။ လွတ်လပ်တဲ့ အတွေးအခေါ်နဲ့ မေးခွန်းတွေ မေးခွင့်ရှိစေရမယ်။ လက်လှမ်းမှီသမျှ အားလုံးလေ့လာစေရမယ်။ လက်တွေ့လုပ်တာတွေ စောင့်ကြည့်လေ့လာတာတွေ စမ်းသပ်လုပ်ကိုင် ပိုင်ခွင့်ရှိရမယ်။ ကိုယ်ပိုင် ယုံကြည်မှု မူဝါဒ တစ်ရပ်ကို တည်ဆောက်နိုင်ရမယ်။

ပို့အသစ်ကို လာဖတ်မယ် j။ ကျေးဇူးအများ ကြီးတင်ပါတယ်။

 
/* EOT ----------------------------------------- */