Friday, November 30, 2007

Funny - Sign

ဆိုင်းဘုတ် နှင့် ဘာသာပြန် အဓိပါယ်

မှတ်ချက် ။ ပုံကို ကလစ်လုပ်ပါက ပုံအကြီးပေါ်ပြီး စာကို အသေချာမြင်ရမည်။












ဖတ်ကြည့်ချင်သေးလား....

Monday, November 26, 2007

အမိန့် တော်


ပြန်တမ်း ပါတယ်.....


ယနေ့ မှ စရ်ျ စာရေးသူ၏ မသိစိတ် အား အချိန်ရှိသရ်ျ ဘလော့ရေးခြင်းကို တားမြစ်ပိတ်ပင်ပါကြောင်း၊

သိစိတ်၏ ထိန်းကွပ်မှု့ ကြောင့် စာရေးသူသည် ဘလော့မရေးရန်၊ ဘလော့တွင် အချိန်မဖြုန်းရန် ၀န်ခံဂတိထားခဲ့ ပါသော်လည်း..

မသိစိတ်၏ ထိန်းကွပ်မှု့ ကြောင့် စာရေးသူသည် မကြာခဏ ဂတိဖျက်ကာ စာမကျက်ဘဲ ပို့ အသစ် ရေးခြင်း၊ ကိုယ်ပိုင်နှင့် အများသူငှာ ဆီပုံးများသို့  လိုက်ဖြည့်ခြင်း၊ ဘလော့ကာ ခရီး အလည်လျှောက်သွားနေခြင်းများ အတွက် စာရေးသူ၏ မျက်စိနှင့် လက်များကို ဘလော့အတွင်း မ၀င်နိုင်ရန် ရက်ကန့် သတ်လိုက်သည်။

စာရေးသူအား တပတ်လျှင် တရက်သာလျှင် ဘလော့ရေးခြင်းခွင့်ပြုမည်။

(တနင်္ဂနွေ သို့ မဟုတ် တနင်္လာနေ့ ဖြစ်နိုင်မည်။)

ပုံ

သိစိတ်

ဖတ်ကြည့်ချင်သေးလား....

Sunday, November 25, 2007

True story - Tour around the bloggers

ဘလော့ကာ ခရီးစင်

ယနေ့  စင်ထဲ ထဲ့ဖို့ ခရီးထွက်တယ်။

၂. အောင်ပင်လယ်ကို အသုံးချနည်း

အောင်ပင်လယ်ဆိုလို့ သွားပါတယ်ဗျာ ရေလဲမတွေ့  လှိုင်းလဲမတွေ့  ခရု ဂဏန်း ဇင်ယော် အုန်းသီး ကျောက်ဆောင်မတွေ့  ဘာဆို ဘာမှ ပင်လယ်နဲ့ ဆိုင်တာ မတွေ့ ရဘူး။ တွေ့ လိုက် ရတာက ထောပတ်သီးကြီး ပြီးတော့ တင်းနစ် ဘောလုံးကို ထောပတ်သီးထဲ မြုပ်ထားသေး။ ထောပတ်သီးဆိုတာ အေးတဲ့ တောင်ပေါ်ဒေသမှာ ပေါက်တာ ကလား။ အဲဒီတော့ အောင်ပင်လယ် ဆိုတာထက် တောင်ပြင်လယ် လို့ ခေါ်မှ မှန်မယ်။ အောင်ပင်လယ် ကို အသုံးချရင် အလွန် အသုံးဝင်တာ။ တချို့ က salad လို့ ခေါ်တဲ့ ဟင်းရွက်တွေ ထဲ ထဲ့စားတယ် တချို့ က WRAP ဆိုတဲ့ အထဲ ထဲ့စားတယ်။ အာရှနိုင်ငံတွေ ကတော့ ညှက်ညှက်ခြေပြီး အရည်ဖျော်ပစ်ကြပါတယ်။ သူက diet အတွက် အာဟာရ အပြည့်နဲ့  အဆီမတက် တဲ့ အစာမိုလို့  အနောက်နိုင်ငံမှာ hot fruit တခုဖြစ်ပါတယ်။ အခုတော့ တမျိုး hot ပေးလိုက်မယ်။ အောင်ပင်လယ်ကို အစေ့ထုတ်။ ရှိရှိသမျှ အသားကို အခွံမပါအောင် ခပ်ထုတ်ပြီး ရေခဲသေတာထဲ ထဲ့ခဲပေးလိုက်ပါတယ်။ ခဲသွားတာနဲ့  blender ထဲမှာ (double cream မရရင်)နွားနို့ ထဲ့ သကြားထဲ့ပြီး စိစိညှက်ညှက်ကြေ အောင် စက်နဲ့ မွှေ့  ပစ်လိုက်ပါ။ ပြီးလျှင် အအေးခန်းထဲ ပြန်ထဲ့ပိတ်လိုက်ပါ။ အောင်ပင်လယ်စိစိညက်ညက်ကြေခြင်း (သို့)ထောပတ်သီး ရေခဲမုန့် ဖြစ်သွားပါလိမ့်မည်။ (မှတ်ချက် တကယ်တော့ ထောပတ်သီး ရေခဲမုန့် လုပ်မစားဘူးပါ။ ထောပတ်သီးအစား ငှက်ပျောသီး ရေခဲမုန့်  က ပိုမွှေးပါသည်။ မည်သည့်အသီးနှင့်မဆို လုပ်နိုင်ပါသည်။ အင်တာနက် မှ ဆရာများအားကျေးဇူးတင်စွာဖြင့် )

၁. ဒိုင်ယာရီဆီရောက်တယ်။ သူ့ ကလေးက ချစ်စရာလေး ခက်တာက နားခေါင်းပြားနေတယ်။ စာရေးသူ မွေးခါစက နားခေါင်း ပြားတာမှ အပေါက်လေး၂ပေါက်က ပုဂံပြားမှာ ဖောက်ထားတဲ့ အတိုင်းဖြစ်နေပါသည်။ စာရေးသူမှာ ညီအကို မောင်နမ ၅ယောက်။ ဦးလေး ၂ယောက် မိဘ ၄ပါး (ဘကြီး၊ကြီးတော်ကြီးက ပြန်မွေးစားသောကြောင့်)၊ အကိုကြီး (အကိုဝမ်းကွဲ) နှင့်သူ၏ သူငယ်ချင်း ၂၀ယောက်၊ အိမ်နီးချင်းများ အယောက် ၁၀၀ နီးပါး က စာရေးသူကို တယောက်တလက် နားခေါင်းဆွဲပေးကြပါသည်။ ထိုအချိန်တွင် စာရေးသူနားခေါင်းနေရာမှာ နီနေလောက်မည် ထင်ရပါသည်။ ရန်ကုန်ည ၉နာရီမှ မနက် ၈နာရီ အတွင်းတွင် သာ စာရေးသူ၏ နှာခေါင်း အနားယူရပေသည်။ ထိုသို့ သော အဆွဲဒဏ်ကြောင့် စာရေးသူနှာခေါင်းမှာ သူများတကာထက် ချွန်မြနေပါသည်။ စာရွက်ကလေး ကို ချွန်အောင် ခေါက်ပြီး တင်ထားသကဲ့သို့ ချွန်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Saturday, November 24, 2007

Thank you Teachers

စာရေးသူ မြန်မာပြည်က ထွက်လာတော့ ဘာမျှ မချက်တတ်ပါဘူး။ အပြင်ရောက်တော့လည်း ကံကောင်းစွာ အလုပ်ရပါတယ် ပညာနဲ့ အလုပ်ရတဲ့ အတွက် သုံးနိုင်ပါတယ်။ အိမ်ရှင်တွေကလည်း ချက်တာ ခွင့်မပြုတာရယ် ဧည့်သည် လာခွင့်မပြုတာရယ်ကြောင့် အပြင်မှာဘဲ စားပါတယ်။ အိမ်ဆိုတာ အိပ်ဖို့  နားဖို့ တကိုယ်ရည် သန့် ရှင်းရေးလုပ်ဖို့ ဘဲရှိပါတယ်။

နောက် တနေရာရောက်တော့ ကျောင်းတက်ပါတယ် အဆောင်မှာ လူပေါင်းစုံနဲ့ တွေ့ ရပါတယ်။ မချက်တတ်တဲ့ စာရေးသူမှာ အခက်တွေ့ ပါတယ်။ အလုပ်ကလဲ ကျဘမ်းဆိုတော့ ၀င်ငွေ အလွန်နဲပါတယ်။ အပြင်မှာ မစားနိုင်တဲ့ အတွက် ချက်စားရပါတော့တယ်။

မြန်မာပြည်မှာ ကျားတွေဟာ စားပြီးရင်တောင် ပုဂံတောင်မဆေးကြပါဘူး။ မီးဖိုချောင်အလုပ် ဈေးဝယ်တဲ့ အလုပ်ဟာ သူတို့ နဲ့ မဆိုင်ဘူးလို့ သတ်မှတ်ပါတယ် ချက်ဖို့ ဆိုတာ ဝေလာဝေးပါ။ နိုင်ငံတကာက လူမျိုးအသီးသီးနဲ့  နေရတော့မှ အလွန်ကွာခြားတာ အံ့သြဘွယ်ရာ တွေ့ ရပါတယ်။

တရုတ်ပြည်က ကျားတွေဟာ မတွေ ထက် ပိုအချက်ပြုတ်ကောင်းကြပါတယ်။ အနောက်နိုင်ငံမှာ စားဖိုမှုးတွေ ဟာ ကျားတွေဘဲရှိပါတယ်။ ကိုးရီးယား ဂရိဆိုတာလည်း အချက်ကောင်းကြပါတယ်။ စာရေးသူ တို့  အဆောင်မှာ တရုတ်က လာတဲ့ သူတွေနဲ့  အုပ်စုဖြစ်ပြီး လူစုပြီး ချက်စားကြပါတယ်။ (အဲဒီမှာ ချက်နည်းသင်ရပါတယ်။ သူတို့ ရီးစားကောင်မလေးများ အား ချက်ပြုတ်ကျွေးကာ အချစ်ကို ဖေါ်ပြကြပါသည်။) သူတို့ က မြင်ဆရာပေါ့။ (ဘဲကင်နည်း၊တရုတ်ဟင်းများ) ကိုးရီးယားဆီက ကင်ချိုင်လို့ ခေါ်တဲ့ ချဉ်ဖတ်စိမ်နည်း တို့ တခြားဟင်းတွေ လေ့လာရပါတယ်။ ပါကစတန် အိနွိယ မလေးရှား တို့ ဆီက လည်း ချက်နည်း ပညာရပါတယ်။ ရှမ်းရိုးရာ စားသောက်ဖွယ်ရာကိုတော့ အရင် အတူနေဘူးတဲ့ အမကြီးများကို တအိမ်လုံးအတွက် ဒကာခံ ချက်ခိုင်းပြီး သင်ရပါတယ်။ အရာရာ လွယ်လွယ်နဲ့  မရခဲ့ဘူးပါ။

ကုလားစာများကို သိချင်သဖြင့် ကုလားများကို ခင်အောင်ပေါင်း ငွေကုန်ခံပေါင်း ပြီး သင်ရပါတယ်။ ဒါတောင် သူတို့ က ချက်နည်း မပြကြတာ ရှိပါတယ်။ နောက်ပိုင်း အင်တာနက်ကနေ နည်းပညာတွေ လေ့လာဆန်းစစ်ပြီး စမ်းလုပ်ကြည့်ပါတယ်။

အကယ်ရ်ျ ၀င်ငွေ ကောင်း အလုပ်ကောင်းလျှင် စာရေးသူ ချက်တတ်လာမည် မဟုတ်ပါချေ။ ယခုတော့ ရသမျှ ၀င်ငွေလေးဖြင့် အပြင်တွင် ၀ယ်မစားနိုင်ပါသောကြောင့် အချိန်ကုန်ခံ ချက်စားနေရခြင်း ဖြစ်ပါသည်။ တခါက ကုလားသူငယ်ချင်းတယောက် က ကျွေးသဖြင့် အိနွိယ စားသောက်ဆိုင်သို့ သွားကြပါသည်။ ပလာတာ ရသည်ဆိုရ်ျ ၀မ်းသာအားရ မှာလိုက်ပါသည်။

လာချသော ပလာတာကို စားမည်ဟု လှမ်းယူလိုက်သော အခါတွင် ..... ကျနော်စားချင်သော ရှားမီးပလာတာ ပဲပလာတာ သကြားပလာတာမဟုတ်ပါချေ...အလွန် စိတ်ပျက်ရပါသည်။ (ချာပါတီကို ပလာတာ ဟု တချို့ အိနွိယပြည်နယ် များ တွင်ခေါ်ကြောင်း သိရပါသည်။)

ကြက်သားဟင်းမှာလဲ နွားနို့ များရောချက်ထားသလား အောင်းမေ့ရပါသည်။ မည်သို့ မျှ စားမရပါ ။ နောက်ဆုံးငွေရှင်းသော အခါတွင် လူတယောက်စာ (ပလာတာ တပွဲ။ ကြက်သားဟင်းတပွဲကို ) ၄၀ကျပ် မျှ ကျသွားပါသည်။ (လစာမှာ တနာရီ ၄ကျပ်ဖြစ်ပါသည်။)

ထို့ ကြောင့် ထို့ ကြောင့် ... ဘိုင်ကျနေသော စာရေးသူ သည် စားချင်သမျှ ကို ကိုယ်တိုင် ချက်နေရပါကြောင်း .. စာရေးသူအား မှတ်ချက်လာပေးသော အင်တာနက် ကျားကလေးများ အား မင်းကုသ ပိုးနည်း၇မျိုး ထဲမှ ချက်ပြုတ်ခြင်း မှာလည်း အထာရသ ပညာတပါး (extension) ပါ ပေဘဲ ဟု သိစေလိုရင်း ချက်နည်း သင်ပေးသော သင်ဆရာ မြင်ဆရာ ကြားဆရာ ဖတ်ဆရာ အင်တာနက်ဆရာ များ ကို အထူးကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် လိုက်ရပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 21, 2007

Food - Chick III (Kebab)

လောင်တိုက် သွင်း ရ်ျ .... ရှင်းစေသတည်း.....

အားရပါးရ နွာပြီးပြီ နှပ်ပြီးပြီ တံကျင်ထိုးပြီး ကင်ပြီးပြီ ခုတော့ လောင်တိုက်ထဲ သွင်းတော့မယ်။ ...

သခွားသီး ဒန်ပေါက် ကြက်သားကင် ဘိရု အသီး သခွားသီးနဲ့ ရော့ဗျာ စား...

ဒိန်ချဉ်နဲ့ နှပ်ထားတဲ့ အသားကို မီး အပြင်းဆုံးထားပြီး အိုဗင်ထဲထဲ့တယ်။ ဒိန်ချဉ်နဲ့ နှပ်ထားတော့ အသားတွေက မချက်ခင် ကထဲက ချက်ချင်နေပြီ။ အတွင်းကအသား ကျက်လောက်ပြီ ဆိုမှ အိုဗင်ထဲက ထုတ်ပြီး မီးပြန်ကင်တယ်။ မီးကင်တဲ့ အနံ့ က အလွန်မွှေးတာ ကလား...


Beetroot လို့ ခေါ်တဲ့ သစ်ဥ ဆိုရင် ချဉ်ပြုံးပြုံးနဲ့  ကြက်သွေးနီရောင် ရဲနေတာဘဲ အရောင်စွန်းတာလဲမမေးနဲ့ ။ ဒါနဲ့ အစားတွေ အရောင်တင်လို့ ရတယ်ဗျ။ မြန်မာပြည်မှာ မစားဘူးဘူး။ စလုံးမှာ ရှိသလိုဘဲ၊ ကုလားတွေ စားတာတွေ့  ဘူးတယ်။ ဒီမှာတော့ ချက်ပြီးသား ဖွင့်စားရုံဆိုတော့ ဘယ်လိုချက်မှန်းမသိပါ။


ဖတ်ကြည့်ချင်သေးလား....

Monday, November 19, 2007

Food - Satay


တံကျင်စို့ ရ်ျ ကင်စေ

အရိုးတခြား အသားတခြားဖြစ်အောင် နွာပြီးပြီ။ အားရပါးရ နှပ်ပြီး ပြီ ။ ကဲ.... တံကျင်စို့ ရ်ျ မီးရဲရဲတွင် မဲမဲဖြစ်အောင် ကင်တော့မည်


ရေခဲသေတာထဲနှပ်ထားသော ကြက်သား ရင်ပုံ အပိုင်းကို ၀ါးချွန်တွင် ထိုးရ်ျ မီးကင်ပါ။ GAS မီးဖိုတွင် ကင်လျှင်၎င်း။ GRILL လျှပ်စစ်မီးဖြင့် ၄င်း။ ကင်နိုင်သော်လည်း မီးသွေးမီးဖြင့်ကင်လျှင် အနံ့ အလွန်မွှေးပါသည်။ ရင်ပုံနှင့်ရှိသမျှ အသားများကို ကင်ရာတွင် ဒုတ်ချောင်း၁၀ချောင်းသာ ရပါသည်။


ကိုယ်တိုင်လုပ်သော အခါမှ ဆာတေး အဘယ့်ကြောင့် ဈေးကြီးပြီး နဲနဲ ဘဲ ရသည်ကို နားလည်တော့သည်။ ၀ါးချွန်တွင် အသားစို့ ရာတွင် ရောင်းတန်း၏ ၁ဆခွဲ ပိုထဲ့ထားသဖြင့် ရောင်းတန်းပုံစံ အသားပါးပါးနဲနဲ ပြင်ပါက ဒုတ်ချောင်း၃၅ချောင်းမျှ ရနိုင်ပါမည်။

မီးဖိုတွင်းမထဲ့မှီ အုန်းနို့ ရည်ကို အသားပေါ်သုတ်ပေးရပါမည်။ မလေးဆာတေး က စပါးလင်အရည်ပါထပ် ထဲ့ပြီး ယိုးဒယားကမူ သံပုရာထပ် ငါးငံပြာရည် ထဲ့မည်ဟု ထင်ရပါသည်။

စားကြည့်သော အခါ ဆားအလွန်ငံ ပြီး ဆာတေး၏ အချို အရသာမရှိ သည်ကို တွေ့ ရပါသဖြင့် စာရေးသူ ၏ အညွှန်းတွင် ဆားမထဲ့ဘဲ သကြား၂ဇွန်း ထဲ့ပါ။

ကိုသုံည၊ ပို့ စ် အဆက် ရေးပေးသော ကိုမာန်လှိုင်းငယ်၊ ဘလော့အသစ် ပြင်ပေးသော ကိုသင်္ကြန်၊ ကိုဖိုးဇင်၊ ကိုဈာန် နဲ့  လာရောက် ချောင်းကြည့်နေ ကြသော စာဖတ်သူများ အားလုံးကို သွားရည် မသုတ်ခင် ကြက်သား ဆာတေး ဖြင့် ဧည့်ခံပါသည်။ နောက်ပိုင်းတွင် က်ျပို့ စ် ကို အချောရေးပြီး လုလုမီးဖိုချောင် အတွင်းရှိ ချက်နည်းစင်တွင် သွားရောက်ထားရှိပါမည်။

ဖတ်ကြည့်ချင်သေးလား....

Repost TAG တက်နေပြီ

တက်နေပြီ တကယ်ကို တက်နေပါပြီ။

မရှုနိုင် မကယ်နိုင် တကယ့်ကို တက်နေပါပြီ။

Part II

ZeroTrash ကတက်လာတဲ့ ခေါင်းစဉ်က ငါဘာကောင်လဲ ဆိုတာဘဲ.

စာရေးသူက စာရေးသူ ဘာကောင်လဲ ဆိုတာ မပြောလိုသောသူ ဖြစ်တာ မသိလို့  လို့ ထင်မိပါတယ်။ ၀မ်းနည်းပါတယ်။ စာရေးသူ ပထမပိုင်းမှာ ရေးထားသလို နောက်ထပ် တက်သူများအတွက် မရေးပေးနိုင်တာ စိတ်မရှိပါနဲ့ ။ ဘလော့ရေးတာဟာ စိတ်ညစ်နေလို့ ရေးတာပါ။ စိတ်၏ဖြေရာ အတွက် ရေးခြင်းကြောင့် လွတ်လွတ်လပ်လပ် နေချင် ရေးချင်ပါတယ်။ ရစ်ပတ်လာတဲ့ တက် ကြောင့် လုပ်ရမယ် ဆိုရင် စိတ်ညစ်တဲ့ စာရေးသူမှာ ပိုစိတ်ညစ်ရပါတယ်။ စိတ်ညစ်တဲ့ အတွက်ကြောင့် ရီမော စရာတွေဘဲ ရေးတာ ဖတ်သူအားလုံးသိလောက် မယ်ထင်ပါတယ်။ ဆြာ ကိုစိုးထက် က သူ့ ပို့ စ်လေးလာ ဖတ်ပါပြောလို့  ကိုယ်လဲ ရေးချင်စိတ်ပေါ်လို့ ရေးတာပါ။
လောလောဆယ်မှာ တက်လာတဲ့ သူတွေ ကို အနှောင်အဖွဲ့ သဘောမျိုး မဟုတ်တဲ့ ပို့ စ်တွေ ကို စိတ်ညစ်လာရင် ကြုံသလိုတင်ပေးပါမယ်။

တက်တဲ့ အတွက် တော့ မရေးပါရစေနဲ့ လို့  မေတာရပ်ခံပါရစေ။

အောက်မှာ ဘာ့ကြောင့် ဘလော့ရေးတယ် ဆိုတာ နဲ့  ကိုယ်ဘာကောင်လဲ ဆိုတာ မပြောလို တဲ့အကြောင်း ရေးထားတဲ့ ပို့ စ်တွေကို ပြန်လည် ဖေါ်ပြလိုက်ပါတယ်။ (၁၉ နိုဝင်ဘာ၂၀၀၇)


Part I

စားပွဲမှာထိုင်ရင် ဘလော့ဘဲ ကြည့်မိတယ်။ ဆီပုံးပျောက်လို့  ဘလော့မရေးဘူးဆုံးဖြတ်တယ်. သံယောဇဉ်က မပြတ်လို့  မြေခွေးနဲ့ ကြည့်ပြီး ရေးပြန်ရော။

ဘလော့မလုပ်ဖို့  ဥပုသ်ဆောက်တည်တယ်ဗျာ။ ဒါပေမဲ့ ကိုယ့်ကို လာနှုတ်ဆက်လို့ အလည်သွားမိရင်း မျှားပြာရဲ့ ကောင်မလေး အဲ ကြောင်မလေးဆိုလို့  ကြောင်လေးဗီဒီယို တင်မိတာနဲ့ ကျုပ် ဥပုသ်ကျိုးတယ်။

တော်ပြီ ပစ်ထားမှရမယ် ဆိုပြီး စုံထောက်ကြီး ရန်အောင်ဆီသွားတယ် ဟော သူ့ မွေးနေ့ ဆိုလို့  သူ့ အတွက် မွေးနေ့ ပွဲလုပ်ရပြန်ရော.

ပြီးသလားဆိုတော့ မပြီးဘူး မွေးနေ့ လုပ်ပေးထားတဲ့ က်ျဖေကိုယ်ရဲ့ ဘဲပေါင်းထမင်းစားချင်တဲ့ သူလေးအတွက် ဘဲတကောင်လုံးအသုံးချနည်း တင်ပေးတယ်။ ပြီးတော့ သူဆီ သွားနှတ်ဆက်ရတာပေါ့လေ။

ရောက်ပြန်တော့ သူ့ ဆီမှာ တနစ်ကျော်ကျော် ရှာခဲ့တဲ့ ၀ါတာမုန့်  (ရေမုန့် ) တွေ့ ရော. ဒါနဲ့  စစ်တမ်းကောက်ပြီး သုတေသန လုပ်ပါတယ် . ပြီးပလားထင်ပါတယ် ခုမှ သွပ်ခကြီးကြီးနဲ့  ပလုံရတော့တာဘဲ

သူ က ကျုပ်ကို တက်အောင်လုပ်တယ်

ကဲ ဒီဘလော့ကို ကင်းကွာဖို့ ...... ဥပုသ်နဲ့ ထိန်းလဲမရ. စာမေးပွဲနဲ့ ထိန်းလဲမရ. အခုလဲ စာရေးသူ တက်အောင် သူက တက်သတဲ့ (၉ နိုဝင်ဘာ၂၀၀၇)


ကောင်းကြသေးရဲ့လား အရပ်ကတို့ ရေ.

.. သူကလေး....က..လေ.. ဘဲကြီးကြီး ဖမ်းလိုက်မှာဘဲတဲ့


သူကလေး ဆိုတာကတော့ အလွမ်းအိမ်တဲ့

တက်တာ ကျေးဇူးတင်ပါတယ် နောက်ထပ် တက်ချင်သူများအတွက် စာမရေးပေးနိုင်တော့တဲ့ အတွက် ခွင့်ပြုပါ။ စာမေးပွဲ အတွက် ခုထိ စာမကျက်ရသေးလို့ ပါ။ ရေမုန့် လုပ်နည်းအတွက် ကျေးဇူးတင်သော အားဖြင့် ရေးပေးခြင်း ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Repost True story - Unisex author

လောလောဆယ်မှာ လူတွေ ဖြစ်နေကြတာ ပြောရရင် ..

စာရေးသူ ဘယ်အမျိုးအစားမှာပါသလဲဆိုတဲ့ ပြသနာပါ။

စာရေးသူအနေနဲ့  lady or Gentleman ဆိုတာမရှိပါဘူး။

ကိုဂျေ ခေါ်သလို မဂျေခေါ်လည်း ရပါတယ်ဗျာ unisex ဆိုပါတော့

ှသေချာတာက neither gay nor lesbrian အခြောက်မဟုတ်သလို ယောက်ျာရှာ မဟုတ်ပါဘူး
(ဂျီပုံး မဟုတ်သလို နှာဘူးလည်း မဟုတ်ကြောင်း အသိပေးလိုပါသည်)

သက်မဲ့စာလုံးတွေ ဘာသာပြန် ရေးသူဘဲဖြစ်ပါတယ်။ ကိုယ်ဖတ်မိတဲ့ အကြောင်းအရာ ကိုယ်သိတဲ့ အကြောင်းအရာ လေးတွေ ဝေငှပေးချင် တာကြောင့် ယခုဘလော့ ပေါ်လာခြင်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းကလွဲပြီး စိတ်ကြည်နူးစရာ ဘဲ ရေးတင်ပါတယ်။ ဒါ့ကြောင့် လာဖတ်သူ မှန်သမျှ စိတ်၏ချမ်းသာခြင်း ဖြစ်စေချင်တာကြောင့် စာရေးသူအနေဖြင့် UNISEX ဆိုတာကို ဘဲ ဖေါ်ပြလိုပါတယ်။

တခုတော့ရှိပါတယ် စီဘောက်မှာ ကိုယ်နဲ့ မအပ်စပ်တာတွေ့ ရင် ဖျက်ရပါမယ်။ အကြောင်းမှာ အားလုံးကို စိတ်ချမ်းသာ စေချင်သလို ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာအောင် နေချင်လို့ ပါဘဲ။

အားလုံးပြုံးပျော်နိုင်ပါစေ

(စာဖတ်ပြီးသူအားလုံး ပြူးကျယ်သွားမယ် ထင်ပါတယ်။ ပြူးခဲ့ရင် ပြူးလက်စ နဲ့ နောက် တခေါက် ဘလော့ ကို အစအဆုံး လေ့လာလိုက်ပါ။ ပြူးနေသည့် မျက်လုံး အစုံမှ ထွက်လာသော မျက်ရည်နှင့် ကျယ်နေသော ပါးစပ်မှ ထွက်လာသော အသံများအတွက် တာဝန်မယူပါ) (10/22/2007)

ဖတ်ကြည့်ချင်သေးလား....

Sunday, November 18, 2007

ABOUT COMMENT ယုံတမ်းစကား

ဆီပုံးမှာ ပွတ်သွားတဲ့ စာလေးတွေနဲ့  ပတ်သက်လို့ 

ဆြာကိုစိုးထက် ရေ - ယုံတမ်းစကား ကျနော်ပြောမယ်

မြန်မာပြည်ကြီးဟာ လွန်စွာ သာယာဝပြောပြီး လူတိုင်း ဧချမ်းစွာ နေနိုင်ကြပါတယ်။ ခေတ်မှီ စက်ကိရိယာများနဲ့  ကွန်ပျူတာများကို မြို့ ရော တောရွာ များတွင်ပါ အသုံးပြုနေကြပါတယ်။ လူ့ လုပ်အားထက် စက်ကိရိယာများ သုံးရ်ျ စိုက်ပျိုးရေး သန့် ရှင်းရေး အစရှိသဖြင့် အရာရာ စက်ဖြင့် အသုံးပြုနေသော စက်မှု့ နိုင်ငံကြီးဖြစ်နေပါပြီ။ ဖခင် တဦးလုပ်စာဖြင့် မိသားစု ၁၀ယောက် ထိုင်စားနိုင်သော(ဗိုလ်အောင်ဆန်း၊ ဦးနု) ခေတ်သို့ ပြန်ရောက် နေပါပြီ။ သာကီဝင် မြန်မာလူမျိုးတို့ ၏ ဘာသာရေး ကိုင်းရှိုင်းမှု့ ကြောင့် ဗုဒဘာသာ တရားထွန်းကား နေသည့်အားလျှော်စွာ ဗြဟမာမင်း သိကြားမင်းတို့  ကိုယ်ထင်ပြပြီး ပေါက်ခရပ်တ(စာလုံးပေါင်းမှားနိုင်ပါသည်) မိုးလို တမျိုး ရွှေမိုးငွေမိုး တဖုံ ကူညီဆောင်မနေကြပါသည်။ အိမ်တိုင်း တွင် ရေခဲသေတာ။ ဖုံး။ ကွန်ပျူတာ။ ကား မုန့် ဖုတ်စက် အသီးဖျော်စက် တီဗွီ များသည် လူတိုင်းရှိသော အခြေခံ ပစည်းများဖြစ်ပြီး လျှပ်စစ်မီးများ ၂၄နာရီ အခမဲ့ သုံးခွင့်ရသလို ဓါတ်ဆီဆိုင်မှ တနေ့ လျှင် ဂါလံ ၅ဂါလံ အခမဲ့ ရနိုင်သည့် မြန်မာပြည်ဖြစ်ပါသည်။

ပုံ
ယုံရမည်

ဖတ်ကြည့်ချင်သေးလား....

Saturday, November 17, 2007

Food - Chick (Carving, marinate)

ဆု ရ ထားတယ် ဗျို့ 

အဟဲင်း...(ချောင်းဟတ်သံ) ဆုရလို့  အားလုံးက ကျွေးရမယ် လို့  ၀ိုင်းညှင်းနေတော့ မနေနိုင်ဘူးခမျ။ ဆြာကိုစိုးထက်ပေးတဲ့ ရွှေတံဆိပ်ဆု ကြီးကိုလည်း ကြွားချင်လို့  ပြီးတော့ ကိုယ့်ကိုကိုယ် ဂုဏ်ပြု တဲ့ အမှတ်နဲ့  ကျွေးမယ်ဗျား (စာမကျက်တဲ့ ဂုဏ်ပေါ့ဗျာ) ...တနေ့ က ကြက်တကောင် လျော့ဈေးနဲ့  (၈၀ပြား) ရလို့  အကောင်လိုက်ဝယ်လာတယ် မအားတာနဲ့ ပစ်ထားတယ်။ အဲဒီတော့

ကြက်တကောင်လုံး ဘယ်လို အသုံးချမလဲ


ကြက်တကောင်လုံး အသုံးချဖို့ ဟင်း၅ခုရွေးလိုက်တယ်

အုန်းနို့ ခေါက်ဆွဲ။ ကြာဆံချက် အတွက် အရိုးရယ် ခြေသလုံးသားရယ် လက်တောင်ပံတွေရယ်
ရင်အုံ အသားတွေ ကို တော့ ဆာတေးလုပ်မယ်
ပေါင်သားတွေကိုတော့ ဒန်ပေါက်ကြက်သားလို ချက်မယ်
အရေခွံကိုတော့ အထူးစပါယ်ရှယ် ကြော်မယ်


ကြက်ကို ကောင်းကောင်း ဘယ်လို နွာ မလဲ

၁- တောင်ပံကို ဖြတ်ထုပ်လိုက်တယ်
၂. ကြက်ရင်ပုံ ဘေးတ၀ိုက် ဓါးနဲ့ ဖြတ်လိုက်တယ်။ ပြီးတော့ ခါးရိုးကနေ လှန်ချလိုက်တယ်(ခါးအပေါ်နဲ့ ခါးအောက်ပိုင်းကပ်တဲ့ပုံ)ပြီးတော့ ဒါးနဲ့ ဖြတ်လိုက်တော့ အပေါ်နဲ့ အောက် ကွဲသွားပြီ။ အရေခွံတွေ အားလုံးဆွဲထုပ် လိုက်တယ်။
ခြေထောက်ပိုင်းကျတော့ ခြေကျင်းဝတ်ကို ပတ်လည်လှီး ပြီးအရေခွံ ချွတ်လိုက်တယ်
၃. လက်မနဲ့ အရိုးနား ကပ်တွန်း ပြီး အသားတွေ အကုန် ထွင်လိုက်တယ် (ရင်ပုံပိုင်း) ကျောပိုင်းကိုလည်း ထွင်တယ် အသားနဲနဲ ကပ်တော့ အုန်းနို့ ၊ကြာဆံချက်အတွက် ကောင်းတာဘဲ
၎. ပေါင်ရင်းကို ကျောနဲ့ ကွဲအောင် ဒါးနဲ့ ဖြတ်လိုက်တယ် ခြေဆစ်တွေ မှာ ဒါးနဲ့ လှီးပြီး တပိုင်းစီဖြတ်အောင် ဖြတ်လိုက်တယ်။ (ခုတ်စရာတောင် မလိုဘူး)။ ပြီးတော့ အဆစ်နားကို ဒါးနဲ့ ရစ်လိုက်ပါ အရိုးကို ဒေါင်ပြီး ဘေးပတ်လည်ကို ဖိချလိုက်ရင်အသားတွေ ထွက်လာမယ်။ တကယ်လို့ ကပ်နေရင် မပြတ်တဲ့ နေရာတွေ ဒါးနဲ့ ဘဲ ဖြတ်ပေါ့ အသားနဲနဲ ကျန်တော့ ဟင်းချိုအတွက် အသားရတာပေါ့လေ
၅. ကြက်ဖင်ကို ဖြတ်လိုက်တယ်။ (အပေါ်ဖက်က ကြည့်ရင် တြိဂံပုံပေါ်မှာ ဆီဗူးတလုံး ရှိမယ်) အဲဒါကို ဘဲ ဖြတ်လွှင့် လိုက်တယ် ကြက်စအိုလို့ ပြောတာဘဲ။ မှားရင် ပြင်ပေးကြပါ။ ကျန်တာကို ဟင်းချိုထဲထဲ့မယ်
၆. လက်ကိုလည်း အဆစ်တွေမှာ ဒါးနဲ့ ရစ်ပြီး တပိုင်းစီဖြတ်တယ်။ ကျနော့မှာ ဒါးမမရှိတော့ ဒါးနဲ့ လှီးနိုင်တယ်။
၇.ကြက်သားမှာ ကပ်နေတဲ့ အဆီခဲတွေ အကုန်ဖယ်လိုက်တယ်


ကြက်သား ဆာတေး
မေ့နေလို့  နက်ထဲ ၀င်ကြည့်ရသေး။ လက်ထဲမှာ ပစည်းအကုန်မရှိတော့ ရှိတာနဲ့ ဘဲလုပ်မယ်
- ကြက်ရင်ပုံအသားတွေ ထူရင် ပြားအောင် ပိုင်းလိုက်တယ် ပြီး ၁လက်မအရွယ် ရှည်လမျော စိတ်တယ်။ ၀ါးချွန်မှာ ထိုးလို့ ရအောင်
- အရက်ထဲ့ရင်တော့ မွှေးမယ်။ ကျနော်က ရှောင်ထားလို့  ဒိန်ချဉ်ဘဲသုံးတယ်။ ၄ဇွန်း
- ကြက်သွန်ဖြူ အမှုန့်  (ကြက်သွန်ဖြူကိုသုံးရင် ညှက်အောင်လုပ်သင့်သည်) ၁.၅ဇွန်း
- တရုတ်မဆလာ အမှုန် (နိုင်ငံခြားရောက်သူတွေ အတွက် chinese 5 spices) ၁ဇွန်း
- ငံပြာရည် အကြည် ၃ဇွန်း
- နနွင်း ၂ဇွန်း
- ပျားရည်၂ဇွန်း
- Hosin ခေါ်တဲ့ BBQ sauce သို့ မဟုတ် မြန်မာပြည်မှာတော့ ပဲငပိအချိုရည် ၂ဇွန်း
- အချိုမှုန့် (မထဲ့လဲရတယ်)
- သကြား၂ဇွန်း
- ဂျင်း အရည်၂ဇွန်း (ကျနော်က ဂျင်းစိတ်ရမှာပျင်းတော့ chicken rice sauce ကို ၂ဇွန်းပစ်ထဲ့လိုက်တယ်)
- (စာအတိုင်းကတော့ နံနံစေ့။ နာနတ်ပွင့်၊ ငရုတ်ကောင်းထဲ့တာ တခုချင်းထဲ့ရမှာ ရှုပ်လို့  တရုတ်မဆလာသုံးလိုက်တာ)
(ရေးမဲ့သာ ရေးတာ ကျနော်က ပစ်ထဲ့တာ။ ဇွန်းနဲ့ ချိန်ထဲ့တာမဟုတ်ဘူး အချိန်အဆ ပိုတာလိုတာ ကိုယ့်စိတ်ကြိုက်ထဲ့ပေါ့)
အခုနှပ်ထားတယ် နောက်နေ့ ကျမှ ကင်မယ်


ဒန်ပေါက်ကြက်သား
အသိ ကုလားမတယောက်ဆီမှာ ဒန်ပေါက်သွားစားတာ ရင်မပူဘူး။ ချက်နည်း မေးတော့ မဆလာကို ထမင်းထဲ မထဲ့ဘူး ကြက်သားကိုဘဲ ထဲ့တယ် ဆိုတော့ ရင်မပူဘူးလေ။
ပေါင်သားအကုန်လုံးကို ၏
- ဒိန်ချဉ် ၅ဇွန်း
- ကြက်သားမဆလာ ၁.၅ဇွန်း
- နနွင်း ၀.၅ဇွန်း
- ဆား ၀.၂၅ဇွန်း (အငံလျော့စားတာ အကျင့်ဖြစ်နေတယ်)
နှပ်ထားတယ် နောက်နေ့ မှ ချက်မယ်

အရိုးတွေ ဆားလူးပြီး အအေးခန်းထဲ ထဲ့ထားတယ် အခု ည သန်းခေါင်ကျော်လို့  ၁နာရီထိုးတော့မယ် မလုပ်ချင်တော့ဘူး နောက်နေ့ မှ.

ကဲ ကြက်တကောင် လုံး အရိုးတခြား အသားတခြား ပယ်ပယ်နှယ်နှယ် ကိုင်နွာပြီး နှပ်ပစ်လိုက်ပြီ နော်..

နောက်မှ ဆုံကြမယ်

ဖတ်ကြည့်ချင်သေးလား....

Thursday, November 15, 2007

Winner

The Funny Blogger Award


Awarded by
Soe Htet
to J

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 14, 2007

News - Dog Ghost?

Dog walk ပြိုင်မလား ဖက်ရှင်ပြိုင်မလား

သရဲကြောက်တတ်သူများ မဖတ်ပါနှင့်

အမေရိကန် အိုဟိုင်းရိုး ဓါတ်ဆီဆိုင်တွင် အရိပ်မှာ ၃၀ မိနစ်ခန့်  လုံခြုံရေးကင်မရာတွင်ပေါ်နေခဲ့သည်။ ခွေးသရဲလော ... ၀ိညာဉ်လော... တိုက်ရိုက်ကြည့်ရန် ဒီမှာ

ဖတ်ကြည့်ချင်သေးလား....

Tuesday, November 13, 2007

News - Advertisment


ကြော်ငြာ ကြမလား ကွယ်......ရို့ 

က်ျပုံကို ကြည့်ပါ အဲ မှားလို့  ... မကြည့်ပါနဲ့ 

UK မှ ဘတ်စကားများတွင် ပြည်သူကို စောင့်ရှောက် သော
ပုလိပ်များ ကြော်ငြာ ကပ်ထားပါသည်။ သို့  သော်... သို့ သော်.... ကြော်ငြာ၏ ဓါတ်ပုံသည် ကား ကိုယ်ထည် တည်ဆောက်ပုံ ကြောင့် ကံမကောင်း ဘွယ်ရာ ဖြစ်ပေါ်နေရပါသည်။ သင် ကြည့်တတ်လျှင် မြင်ပါမည်။ (ပုံကို clickနှိပ်ပါက ပုံအကြီးပေါ်လာမည်)

ဖတ်ကြည့်ချင်သေးလား....

Monday, November 12, 2007

General - I will Open....

အခုတလော ဘလော့ကာတွေ အိတ်သွန်ဖာမှောက် ဖွင့်နေကြတယ် ။ ချောင်းကြည့်တာ တမျိုး ပြူးကြည့်တာတဖုံ.. ဒီတော့

က်ျဖေကိုယ်လည်း ဖွင့်တော့မယ်

ရင်ဖွင့်တော့မယ် ကြည့်ရဲရင် ကြည့်ကြ.


ှိအခြေအနေ ။ ။ ဒန့်  ဒန့် ဒန့်  ဖြစ်နေပါသည်။

အကြောင်းရင်း။ ။
ရင်အလွန်ခုန်နေပါသည်

ရောဂါ။ ။
စာမေးပွဲကြောက် သော ရောဂါ

အခက်အခဲ။ ။
စာအုပ်ကိုင်တိုင်း အကြောင်းကြောင်းပေါ်လာ သဖြင့် စာမကြည့်နိုင် စာအုပ် မကိုင်နိုင်ပါ

အဖြစ်အပျက်။ ။ စာပိနေပါသည်။ (စာအုပ်ပေါ် မှောက်နေပါသဖြင့် )

မှတ်ချက်။ ။စိတ်ညစ်နေသည် (
ဘလော့ရေးလျှင် အိပ်မငိုက်ပါ။ စာကျက်လျှင် ၅မိနစ်အတွင်း စာပိနေသည်)

အထူးအချပ်ပို ။ ။ စာမကျက်ဘဲ အောင်ချင်နေသည်။

ဖတ်ကြည့်ချင်သေးလား....

Friday, November 9, 2007

Food - FOR GIRLS, LADIES AND WOMEN


ဘဲတကောင်လုံး အသုံးချနည်း

အမှားပြင်ထားခြင်း။ ။ ချက်နည်းတွင် စာအမှားရိုက်မိပါသည် ခရမ်းရောင်လွန်ရောင်ခြည်ဖြင့် မီးမောင်းထိုးပြထားပါသည်

ကျနော်တို့  တကသိုလ် ပထမနစ်တွင် fun fair များလုပ်ပြီး အုပ်စုအလိုက် ရံပုံငွေ ရှာကြပါသည်။ ကစားစရာနည်းများတွင် မိန်းခလေးများအား ယဉ်ကျေးစွာ နောက်ပြောင်သော ကစားနည်းများ ပြုလုပ်ကြပါသည် ဥပမာ Ballဖမ်းပွဲ၊ ဘဲဖမ်းပွဲ၊ ဗလမယ်ပြိုင်ပွဲ စသဖြင့် ရီမောစရာ ကစားနည်းများ ကို လက်မှတ်ရောင်းကာ ရံပုံငွေရှာ ကြပါသည်။



Ballဖမ်းပွဲ မှာ ၁၅ပေ အကွာမှ ပစ်လိုက်သော ပင်ပေါင် ဘောလုံးလေး ကို ပေးထားသော ခြင်းသေးသေး ဖြင့် ဖမ်းရခြင်း ဖြစ်ပါသည်။ တခါ ကစားလျှင် ဘောလုံး၅ခါ ဖမ်းခွင့်ရှိသည်။ ၃လုံးအနဲဆုံးဖမ်းမိလျှင် ဆုရပါသည်။

ဘဲဖမ်းပွဲမှာ ၁၀ပေ ပတ်လည် ခြံလေးထဲတွင် ဘဲ၁၅ကောင်ခန့်  လွှတ်ထားကာ ထို တဂတ်ဂတ်မြည် ရ်ျ လှုပ်ရှားနေ သော ဘဲများကို ကြိုးတပ်ထားသော ရောင်စုံ ပလပ်စတစ်ကွင်း ဖြင့် ပစ်ရ်ျ ဖမ်းခြင်းဖြစ်ပါသည်။

ဗလမယ် ပြိုင်ပွဲမှာ စီးစောတဖက်တွင် အလေးများထားပြီး မြေကြီးတွင် ချထားပြီး အပေါ်ထောင်နေသော နောက်တဖက် ကို အောက်ရောက်ရန် ဆွဲချရသော နည်းဖြစ်ပါသည်။

ဒါ့ကြောင့် ပျိုပျိုမေတို့ အတွက် အထူးအစီအစဉ် ...ဘဲတကောင်လုံးအသုံးချနည်း ကို တင်ဆက်ပါမည်။

ညီမလေးတို့ ရော ဘဲမဖမ်းချင်ကြဘူးလား။ အဖမ်းခံလိုသော ဘလော့ကာ ညီအကို များ ကျနော့်ဘလော့တွင် လာရောက် ခြံဝင်နိုင်သလို ဘဲဖမ်းလိုသော ညီမရေးများ အမဂျီးများ ရဲ လာရောက်ဖမ်းနိုင်ပါကြောင်း ပုံ အခကြေးငွေ မယူပါ ချေဒနာနဲ့ ပါဂျာ

ဖမ်းမိလာတဲ့ ဘဲကို အခုလို့ 

တနေ့ က တရုတ်တန်းဖက်သွားရင် ဘဲတကောင် ၉.၅၈ဒေါ်လာရလာလို့  ၀ယ်လာခဲ့တယ်။ အတော်ကြီးတဲ့ ဘဲကြီးဘဲ။ ဒါနဲ့ ရင်ပုံ ကိုဖယ်၊ ပေါင် အရိုးတွေ ထုတ်၊ ပြီး ဘဲကင်လုပ်ဖို့ ဖယ်လိုက်တယ်။
လည်ချောင်းရိုး လက်ဖြန်နဲ့  ပေါင်က ထုတ်ထားတဲ့ အရိုးတွေ အားလုံး ပြုတ်လိုက်တယ်။
ပြုတ်တဲ့ အခါ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ထဲ့ပြုတ်တယ် တော်တော် ပြုတ်ယူရတယ်။ အသားနူးတော့ အသားတွေ နွာထုတ်လိုက်ပြီး ဘဲသားချက် ချက်ဖို့ ဖယ်လိုက်တယ်။

ကဲ ဟင်းတွေ စပြီ၊ လွယ်ပြီး မြန်တဲ့ နည်းသုံးထားတာပါ။ သမရိုးကျနည်းဆို အစုံပလုံထဲ့ရတယ်ဗျ။

၁. အရိုးတွေ ပြန်ပြုတ်တော့မှ ဆား အချိုမှုန့်  ကြက်သွန်နီ၊ လိခ်(Leek)(ကြက်သွန်နီနဲ့ အရသာတူတဲ့ ဟင်းရွက်)ထဲ့ ငံပြာရည်ထဲ့ပြီး ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ်၊ ညှပ်ခေါက်ဆွဲပြုတ်လုပ်စားလိုက်တယ် (Sorry အချိန်မရလို့ ဓါတ်ပုံ မရိုက်လိုက်ရဘူး)

၂. နွင်ထားတဲ့ အသားတွေကို ဟင်းတခွက်ချက်ပါတယ်။

- ဂျင်းကို အချောင်းလေးတွေစိတ်ပြီး မီးဖိုပေါ်မှာ ဂျင်းခြောက်တဲ့အထိ လှော်ပါတယ် ဆီမထဲ့ပါဘူး၊
- ဂျင်းခြောက်ပြီး မွှေးလာမှ ဆီထဲ့ပြီ့း ကြက်သွန်အဖြူ ဆီချက်ပါတယ်။
(အရေးကြီးတာက တရုပ်ဟင်းကိုချက်ရင် ကြက်သွန်နီ ကို ဆီချက် လုံးဝ မသုံးရပါဘူး။ တချို့ ကြက်သွန်နီဆီချက်နဲ့ ချက်တဲ့ တရုပ်ဟင်းကို စာရေးသူရဲ့ အမြင်မှာတော့ တရုပ်ဟင်းကို ဗမာလို ချက်တာဖြစ်ပြီး တရုပ်ဟင်းအရသာ ပျက်တယ်လို့ မြင်ပါတယ်။

- ကြက်သွန်ဖြူ နဲနဲနီ လာတာနဲ့ ဂျင်းပြန်ရောပြီး ကြော်ပါတယ်၊ ငံပြာရည် အကြည်၊ ခရုဆီ၊ ဆား၊ ငရုပ်ကောင်း၊ ကြက်သွန်နီကို ကြော်ပါတယ်။ ကြက်သွန်နီ နွမ်းလာပြီဆိုရင် နွင်ထားတဲ့ အသားတွေ ထဲ့ပြီး ရေခြောက်အောင် ကြော်ပါတယ်။ ချက်နေတုန်း မွှေးပျံတဲ့ ဘဲသားအနံ့ လေးကြောင့် ဆာလာပါတယ် (ဂလု ဂလု) ၊ အဲဒီတော့ ငရုပ်ကောင်းနဲ့  ကြက်သွန်နီမိတ်ကို ဖြူးပါတယ်

(အဲဒီဘဲသားမျှင်က မွှေးတော့ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဟင်းချို၊ ထဲ့ချက် ရင် ဟင်းပိုမွှေးကြောင်း တွေ့ ရပါတယ။ အောက်တွင် ချက်စားနိုင်သော ဟင်းများရေးထားပါသည်။ )

၃. ဘဲကင်
ဒီမှာ ဘဲကင် တစိတ်၁၀ဒေါ်လာပေးရတယ်၊ အဲဒါကြောင့် ဘဲကင် စမ်းကြည့်မလို့ လေ

- ဘဲကို ရေဆေးပြီး စစ်ထားတယ်
- ဘဲကို ပျားရည်လူးလိုက်တယ်၊ အနဲဆုံး၂နာရီလောက် ခြောက်အောင်ထားတယ်
- ငံပြာရည် အကြည်၊ ခရုဆီ
- တရုပ်မဆလာ (chinese 5 spice) ထဲ့တယ်
- ဆားအနဲငယ်ထဲ့တယ် ငရုပ်ကောင်းက ပါတယ်ဆိုယုံထဲ့တယ် တချို့ ကသကြားသုံးတယ်
- ကြက်သွန်နီနဲ့ ဂျင်း အရည်နဲနဲ ထဲ့တယ်
- အနီရောင် အရောင်တင်မှုန့် ရှိရင်ထဲ့ပါ
ဘဲကို အရည်ထဲထဲ့ပြီး စိမ့်ဝင်သွားအောင် တညလုံးထားပါ၊ (စာရေးသူကမူ အခြေအနေအရ ဘဲကို ဗူးထဲထဲ့ပြီး ရေခဲသေတာတွင်း ၃ရက်မျှ ထဲ့ထားပါသည် ဆက်လုပ်ရန်အချိန်မရသောကြောင့် သို့ သော် အထက်အောက်လှန်ကာ အရည်များ အသားတွင်း စိမ့်ဝင်အောင် ထားပါသည်။ အဖုံးမဖုံးဘဲ အလျှုမီနီယံ ပြားဖြင့် လူမမြင်အောင် အုပ်ထားပါသည်။
ရေခဲသေတာတွင်းတွင် ဘဲသားများမှာ ရေငွေ့ စုပ်သဖြင့် ခြောက်နေပါသည်။ )
ပြီးလျှင် ဘဲကို တနေရာတွင် ချိတ်ရ်ျ ဆွဲထားပါက ဆီများ တဖြည်းဖြည်း စစ်ကျလာမည်။

တချို့ မှာ တညလုံးပေါက် ဆီစစ်သည်ကို တွေ့ ရပါသည်။
Ovenတွင် ၁၈၀-၂၀၀ အပူရှိန်ထားကာ ကင်ပါသည်။ ဘဲကင်စားရတာ တယ်မိုက်တာဘဲ။ အချဉ်ရည်နဲ့  စားကောင်းတယ် မဟုတ်လား ဓါတ်ပုံ မရိုက်အားလို့ ဗျာ ခုတော့ ကုန်သွားပြီ။ ထပ်ကင်မှ ပုံထပ်တင်မယ် စိတ်မရှိကြပါနှင့်

အမှတ် ၂ ရှိ ဘဲသားချက်ကို ချက်စားရန် ဘဲသားဆီချက်၊ ခေါက်ဆွဲပြုတ်ကြော်၊ ဘဲပေါင်းထမင်း၊ ဘဲသားကြော် စသဖြင့် ချက်စားနိုင်ပါသည်။
ဆီချက် - ပုဂံပြားထဲတွင် ကြက်သွန်နီဆီချက်၂ဇွန်း၊ ငံပြာရည် အကြည် ၁ဇွန်း၊ ဆား၊ အချိုမှုန့်။ ငရုပ်ကောင်း ထဲ့ထားပါ။ ဘဲသားချက်ကို ဇွန်း၂-၃ဇွန်းထဲ့ပါ။ ရေနွေးဖြင့် ခေါက်ဆွဲကို ပြုတ်ပြီး ရေစစ်ကာ ပုဂံပြားထဲထဲ့ပြီး အားလုံးကို ရောမွှေပါ။ ပြီးလျှင် ကြက်သွန်နီမိတ်ကို ဖြူးပါ။
ခေါက်ဆွဲပြုတ်ကြော် - ထုံးစံအတိုင်း ကြက်သွန်ဖြူ ဆီချက်ချက်ပါ။ ပြီးလျှင် ကြက်သွန်နီကြော်ပါ။ မနီစေရပါ။ ကြက်သွန်နီနွမ်းလာလျှင် ဘဲသားချက်၃ဇွန်းထဲ့၊ တခြား အသားများထဲ့။ ကြိုက်ရာ ဟင်းရွက် (ပဲပင်ပေါက်သာ လိုက်ပါသည်) ကြော်ပါ။ အနံ့ မွှေးလာလျှင် ခေါက်ဆွဲထဲ့မွှေပါ။ ပြီးလျှင် ဘဲရိုးပြုတ်ရည်ထဲ့ပါ။ ကြက်ဥ ထဲ့ပြီး မွှေပါ။ ကြက်သွန်နီမိတ်နှင့် ငရုပ်ကောင်းဖြူး လျှင် စားရန် အသင့် ဖြစ်ပါပြီ
ဘဲပေါင်း ထမင်း - စာရေးသူတို့ ၏ သမရိုးကျ ဘဲပေါင်းထမင်း၊ ထမင်းပေါင်း၊ တို့ မှာ အဆင့်များပြီး အမယ်များပါသည်။ အချိန်လုလုပ်နေရသော သူများအတွက် စာရေးသူ၏ ဘဲပေါင်းထမင်းလုပ်နည်း အလွယ်နည်းကို တင်ပြပါမည်။ ဆန်ကိုရေဆေးရ်ျ စစ်ထားပါသည် ရေချိန်အတိကျထဲ့လိုရ်ျဖြစ်ပါသည်။ ထမင်းပေါင်းအိုးထဲသို့  ဆန်ထဲ့ ရေ၁ဆခွဲ(ကြိုက်သလို)ထဲ့ပါ။ ဂျင်းအပြား၃ပြား ထဲ့ပါ။ ကြက်သွန်ဖြူ ၃မွှာ(တယောက်စာအတွက်)ကို ပြားအောင်ရိုက်ပြီး ထဲ့ပါ။ ဆားအနဲငယ်ထဲ့ပါ၊ ဘဲသားချက်၎ဇွန်းထဲ့ပါ။ ဘဲသားချက်တွင် တရုပ်မဆလာ ပါပြီး ဖြစ်သဖြင့် ဘာမျှ ထပ်ထဲ့ရန် မလိုပါ။ ထမင်းမကျက်ခင် ၂ခါလောက်မွှေပေးပါ။ စာရေးသူမှာ မွှေရန် အချိန်မရလိုက်သဖြင့် ထမင်းကျက်မှ မွှေသောအခါ ဆန်လုံးများ ကြေသွားပါသည်။

ထူးဆန်းသည်မှာ ဘဲသားချက်သည် အလွန်မွှေးနေပါသဖြင့် ဘဲသားအနံ့သည် သူမတူအောင် ထူးခြားသည်ကို မှတ်ချက်ချမိပါသည်။ နောက်မှ သမရိုးကျ ထမင်းပေါင်းကို ရေးပါမည်။


ခဏလေး နေအုန်းဗျာ နောက်နေ့ မှ ဆက်ရေးပါရစေ နဲ နဲ အချိန်နဲ နေလို့ ပါ ...


ဖတ်ကြည့်ချင်သေးလား....

Wednesday, November 7, 2007

News - Rock & Roll competitation


ရော့  အဲင် ရိုး ပြိုင်ပွဲ

ဘယ်သူ ပြိုင်လို့  က ပါတော့နိုင်.......


ပြိုင်ပွဲ စတော့မယ်နော်... ကဲ စပြီ...

(အဲဗစ်ပရေစီတောင် ငိုသွားတယ်)



မမြင်ရရင်
ပြိုင်ပွဲ ၁.လင့် နဲ့ 
ပြိုင်ပွဲ ၂. လင့် ကို တိုက်ရိုက်နှိပ်ကြည့်ပါ





စာဖတ်သူတွေ တိတ်တိတ်လေးကြိတ် ပြီး ရေချိုးခန်းထဲမှာ က နေကြမှာ ကို သိနေတယ်နော်...

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */