Wednesday, November 21, 2007

Food - Chick III (Kebab)

လောင်တိုက် သွင်း ရ်ျ .... ရှင်းစေသတည်း.....

အားရပါးရ နွာပြီးပြီ နှပ်ပြီးပြီ တံကျင်ထိုးပြီး ကင်ပြီးပြီ ခုတော့ လောင်တိုက်ထဲ သွင်းတော့မယ်။ ...

သခွားသီး ဒန်ပေါက် ကြက်သားကင် ဘိရု အသီး သခွားသီးနဲ့ ရော့ဗျာ စား...

ဒိန်ချဉ်နဲ့ နှပ်ထားတဲ့ အသားကို မီး အပြင်းဆုံးထားပြီး အိုဗင်ထဲထဲ့တယ်။ ဒိန်ချဉ်နဲ့ နှပ်ထားတော့ အသားတွေက မချက်ခင် ကထဲက ချက်ချင်နေပြီ။ အတွင်းကအသား ကျက်လောက်ပြီ ဆိုမှ အိုဗင်ထဲက ထုတ်ပြီး မီးပြန်ကင်တယ်။ မီးကင်တဲ့ အနံ့ က အလွန်မွှေးတာ ကလား...


Beetroot လို့ ခေါ်တဲ့ သစ်ဥ ဆိုရင် ချဉ်ပြုံးပြုံးနဲ့  ကြက်သွေးနီရောင် ရဲနေတာဘဲ အရောင်စွန်းတာလဲမမေးနဲ့ ။ ဒါနဲ့ အစားတွေ အရောင်တင်လို့ ရတယ်ဗျ။ မြန်မာပြည်မှာ မစားဘူးဘူး။ စလုံးမှာ ရှိသလိုဘဲ၊ ကုလားတွေ စားတာတွေ့  ဘူးတယ်။ ဒီမှာတော့ ချက်ပြီးသား ဖွင့်စားရုံဆိုတော့ ဘယ်လိုချက်မှန်းမသိပါ။


0 comments:

 
/* EOT ----------------------------------------- */