Monday, November 19, 2007

Food - Satay


တံကျင်စို့ ရ်ျ ကင်စေ

အရိုးတခြား အသားတခြားဖြစ်အောင် နွာပြီးပြီ။ အားရပါးရ နှပ်ပြီး ပြီ ။ ကဲ.... တံကျင်စို့ ရ်ျ မီးရဲရဲတွင် မဲမဲဖြစ်အောင် ကင်တော့မည်


ရေခဲသေတာထဲနှပ်ထားသော ကြက်သား ရင်ပုံ အပိုင်းကို ၀ါးချွန်တွင် ထိုးရ်ျ မီးကင်ပါ။ GAS မီးဖိုတွင် ကင်လျှင်၎င်း။ GRILL လျှပ်စစ်မီးဖြင့် ၄င်း။ ကင်နိုင်သော်လည်း မီးသွေးမီးဖြင့်ကင်လျှင် အနံ့ အလွန်မွှေးပါသည်။ ရင်ပုံနှင့်ရှိသမျှ အသားများကို ကင်ရာတွင် ဒုတ်ချောင်း၁၀ချောင်းသာ ရပါသည်။


ကိုယ်တိုင်လုပ်သော အခါမှ ဆာတေး အဘယ့်ကြောင့် ဈေးကြီးပြီး နဲနဲ ဘဲ ရသည်ကို နားလည်တော့သည်။ ၀ါးချွန်တွင် အသားစို့ ရာတွင် ရောင်းတန်း၏ ၁ဆခွဲ ပိုထဲ့ထားသဖြင့် ရောင်းတန်းပုံစံ အသားပါးပါးနဲနဲ ပြင်ပါက ဒုတ်ချောင်း၃၅ချောင်းမျှ ရနိုင်ပါမည်။

မီးဖိုတွင်းမထဲ့မှီ အုန်းနို့ ရည်ကို အသားပေါ်သုတ်ပေးရပါမည်။ မလေးဆာတေး က စပါးလင်အရည်ပါထပ် ထဲ့ပြီး ယိုးဒယားကမူ သံပုရာထပ် ငါးငံပြာရည် ထဲ့မည်ဟု ထင်ရပါသည်။

စားကြည့်သော အခါ ဆားအလွန်ငံ ပြီး ဆာတေး၏ အချို အရသာမရှိ သည်ကို တွေ့ ရပါသဖြင့် စာရေးသူ ၏ အညွှန်းတွင် ဆားမထဲ့ဘဲ သကြား၂ဇွန်း ထဲ့ပါ။

ကိုသုံည၊ ပို့ စ် အဆက် ရေးပေးသော ကိုမာန်လှိုင်းငယ်၊ ဘလော့အသစ် ပြင်ပေးသော ကိုသင်္ကြန်၊ ကိုဖိုးဇင်၊ ကိုဈာန် နဲ့  လာရောက် ချောင်းကြည့်နေ ကြသော စာဖတ်သူများ အားလုံးကို သွားရည် မသုတ်ခင် ကြက်သား ဆာတေး ဖြင့် ဧည့်ခံပါသည်။ နောက်ပိုင်းတွင် က်ျပို့ စ် ကို အချောရေးပြီး လုလုမီးဖိုချောင် အတွင်းရှိ ချက်နည်းစင်တွင် သွားရောက်ထားရှိပါမည်။

3 comments:

zeRoTraSh said...

ကျေနပ်ပါတယ် ဂျေရေ ကျေနပ်ပါတယ်။ ဒါပေမယ့်ဗျာ ဆာတေးကို ဘီယာနဲ့တော့ တွဲပြီးတိုက်သင့်တာပေါ့ ဟုတ်ဖူးလား။ ခုတော့ ကိုယ့်ဘာသာ ပုလင်းယူလာပြီး ခင်ဗျား ဆာတေးနဲ့ သောက်လိုက်တာ မူးနေတာပဲ ဟဲ ဟဲ ဟဲ :D

မျှားပြာ said...

ကောင်းလိုက်တဲ့ ဆာတေးဗျာ ...

Unknown said...

ရှလွတ်.. ရှလွတ်.. ကြည့်ပီး.. သရေကျတွားပီဟယ်.. :D
ချားကောင်းပုံပဲ..

 
/* EOT ----------------------------------------- */