Friday, November 9, 2007

Food - FOR GIRLS, LADIES AND WOMEN


ဘဲတကောင်လုံး အသုံးချနည်း

အမှားပြင်ထားခြင်း။ ။ ချက်နည်းတွင် စာအမှားရိုက်မိပါသည် ခရမ်းရောင်လွန်ရောင်ခြည်ဖြင့် မီးမောင်းထိုးပြထားပါသည်

ကျနော်တို့  တကသိုလ် ပထမနစ်တွင် fun fair များလုပ်ပြီး အုပ်စုအလိုက် ရံပုံငွေ ရှာကြပါသည်။ ကစားစရာနည်းများတွင် မိန်းခလေးများအား ယဉ်ကျေးစွာ နောက်ပြောင်သော ကစားနည်းများ ပြုလုပ်ကြပါသည် ဥပမာ Ballဖမ်းပွဲ၊ ဘဲဖမ်းပွဲ၊ ဗလမယ်ပြိုင်ပွဲ စသဖြင့် ရီမောစရာ ကစားနည်းများ ကို လက်မှတ်ရောင်းကာ ရံပုံငွေရှာ ကြပါသည်။



Ballဖမ်းပွဲ မှာ ၁၅ပေ အကွာမှ ပစ်လိုက်သော ပင်ပေါင် ဘောလုံးလေး ကို ပေးထားသော ခြင်းသေးသေး ဖြင့် ဖမ်းရခြင်း ဖြစ်ပါသည်။ တခါ ကစားလျှင် ဘောလုံး၅ခါ ဖမ်းခွင့်ရှိသည်။ ၃လုံးအနဲဆုံးဖမ်းမိလျှင် ဆုရပါသည်။

ဘဲဖမ်းပွဲမှာ ၁၀ပေ ပတ်လည် ခြံလေးထဲတွင် ဘဲ၁၅ကောင်ခန့်  လွှတ်ထားကာ ထို တဂတ်ဂတ်မြည် ရ်ျ လှုပ်ရှားနေ သော ဘဲများကို ကြိုးတပ်ထားသော ရောင်စုံ ပလပ်စတစ်ကွင်း ဖြင့် ပစ်ရ်ျ ဖမ်းခြင်းဖြစ်ပါသည်။

ဗလမယ် ပြိုင်ပွဲမှာ စီးစောတဖက်တွင် အလေးများထားပြီး မြေကြီးတွင် ချထားပြီး အပေါ်ထောင်နေသော နောက်တဖက် ကို အောက်ရောက်ရန် ဆွဲချရသော နည်းဖြစ်ပါသည်။

ဒါ့ကြောင့် ပျိုပျိုမေတို့ အတွက် အထူးအစီအစဉ် ...ဘဲတကောင်လုံးအသုံးချနည်း ကို တင်ဆက်ပါမည်။

ညီမလေးတို့ ရော ဘဲမဖမ်းချင်ကြဘူးလား။ အဖမ်းခံလိုသော ဘလော့ကာ ညီအကို များ ကျနော့်ဘလော့တွင် လာရောက် ခြံဝင်နိုင်သလို ဘဲဖမ်းလိုသော ညီမရေးများ အမဂျီးများ ရဲ လာရောက်ဖမ်းနိုင်ပါကြောင်း ပုံ အခကြေးငွေ မယူပါ ချေဒနာနဲ့ ပါဂျာ

ဖမ်းမိလာတဲ့ ဘဲကို အခုလို့ 

တနေ့ က တရုတ်တန်းဖက်သွားရင် ဘဲတကောင် ၉.၅၈ဒေါ်လာရလာလို့  ၀ယ်လာခဲ့တယ်။ အတော်ကြီးတဲ့ ဘဲကြီးဘဲ။ ဒါနဲ့ ရင်ပုံ ကိုဖယ်၊ ပေါင် အရိုးတွေ ထုတ်၊ ပြီး ဘဲကင်လုပ်ဖို့ ဖယ်လိုက်တယ်။
လည်ချောင်းရိုး လက်ဖြန်နဲ့  ပေါင်က ထုတ်ထားတဲ့ အရိုးတွေ အားလုံး ပြုတ်လိုက်တယ်။
ပြုတ်တဲ့ အခါ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ထဲ့ပြုတ်တယ် တော်တော် ပြုတ်ယူရတယ်။ အသားနူးတော့ အသားတွေ နွာထုတ်လိုက်ပြီး ဘဲသားချက် ချက်ဖို့ ဖယ်လိုက်တယ်။

ကဲ ဟင်းတွေ စပြီ၊ လွယ်ပြီး မြန်တဲ့ နည်းသုံးထားတာပါ။ သမရိုးကျနည်းဆို အစုံပလုံထဲ့ရတယ်ဗျ။

၁. အရိုးတွေ ပြန်ပြုတ်တော့မှ ဆား အချိုမှုန့်  ကြက်သွန်နီ၊ လိခ်(Leek)(ကြက်သွန်နီနဲ့ အရသာတူတဲ့ ဟင်းရွက်)ထဲ့ ငံပြာရည်ထဲ့ပြီး ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ်၊ ညှပ်ခေါက်ဆွဲပြုတ်လုပ်စားလိုက်တယ် (Sorry အချိန်မရလို့ ဓါတ်ပုံ မရိုက်လိုက်ရဘူး)

၂. နွင်ထားတဲ့ အသားတွေကို ဟင်းတခွက်ချက်ပါတယ်။

- ဂျင်းကို အချောင်းလေးတွေစိတ်ပြီး မီးဖိုပေါ်မှာ ဂျင်းခြောက်တဲ့အထိ လှော်ပါတယ် ဆီမထဲ့ပါဘူး၊
- ဂျင်းခြောက်ပြီး မွှေးလာမှ ဆီထဲ့ပြီ့း ကြက်သွန်အဖြူ ဆီချက်ပါတယ်။
(အရေးကြီးတာက တရုပ်ဟင်းကိုချက်ရင် ကြက်သွန်နီ ကို ဆီချက် လုံးဝ မသုံးရပါဘူး။ တချို့ ကြက်သွန်နီဆီချက်နဲ့ ချက်တဲ့ တရုပ်ဟင်းကို စာရေးသူရဲ့ အမြင်မှာတော့ တရုပ်ဟင်းကို ဗမာလို ချက်တာဖြစ်ပြီး တရုပ်ဟင်းအရသာ ပျက်တယ်လို့ မြင်ပါတယ်။

- ကြက်သွန်ဖြူ နဲနဲနီ လာတာနဲ့ ဂျင်းပြန်ရောပြီး ကြော်ပါတယ်၊ ငံပြာရည် အကြည်၊ ခရုဆီ၊ ဆား၊ ငရုပ်ကောင်း၊ ကြက်သွန်နီကို ကြော်ပါတယ်။ ကြက်သွန်နီ နွမ်းလာပြီဆိုရင် နွင်ထားတဲ့ အသားတွေ ထဲ့ပြီး ရေခြောက်အောင် ကြော်ပါတယ်။ ချက်နေတုန်း မွှေးပျံတဲ့ ဘဲသားအနံ့ လေးကြောင့် ဆာလာပါတယ် (ဂလု ဂလု) ၊ အဲဒီတော့ ငရုပ်ကောင်းနဲ့  ကြက်သွန်နီမိတ်ကို ဖြူးပါတယ်

(အဲဒီဘဲသားမျှင်က မွှေးတော့ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဟင်းချို၊ ထဲ့ချက် ရင် ဟင်းပိုမွှေးကြောင်း တွေ့ ရပါတယ။ အောက်တွင် ချက်စားနိုင်သော ဟင်းများရေးထားပါသည်။ )

၃. ဘဲကင်
ဒီမှာ ဘဲကင် တစိတ်၁၀ဒေါ်လာပေးရတယ်၊ အဲဒါကြောင့် ဘဲကင် စမ်းကြည့်မလို့ လေ

- ဘဲကို ရေဆေးပြီး စစ်ထားတယ်
- ဘဲကို ပျားရည်လူးလိုက်တယ်၊ အနဲဆုံး၂နာရီလောက် ခြောက်အောင်ထားတယ်
- ငံပြာရည် အကြည်၊ ခရုဆီ
- တရုပ်မဆလာ (chinese 5 spice) ထဲ့တယ်
- ဆားအနဲငယ်ထဲ့တယ် ငရုပ်ကောင်းက ပါတယ်ဆိုယုံထဲ့တယ် တချို့ ကသကြားသုံးတယ်
- ကြက်သွန်နီနဲ့ ဂျင်း အရည်နဲနဲ ထဲ့တယ်
- အနီရောင် အရောင်တင်မှုန့် ရှိရင်ထဲ့ပါ
ဘဲကို အရည်ထဲထဲ့ပြီး စိမ့်ဝင်သွားအောင် တညလုံးထားပါ၊ (စာရေးသူကမူ အခြေအနေအရ ဘဲကို ဗူးထဲထဲ့ပြီး ရေခဲသေတာတွင်း ၃ရက်မျှ ထဲ့ထားပါသည် ဆက်လုပ်ရန်အချိန်မရသောကြောင့် သို့ သော် အထက်အောက်လှန်ကာ အရည်များ အသားတွင်း စိမ့်ဝင်အောင် ထားပါသည်။ အဖုံးမဖုံးဘဲ အလျှုမီနီယံ ပြားဖြင့် လူမမြင်အောင် အုပ်ထားပါသည်။
ရေခဲသေတာတွင်းတွင် ဘဲသားများမှာ ရေငွေ့ စုပ်သဖြင့် ခြောက်နေပါသည်။ )
ပြီးလျှင် ဘဲကို တနေရာတွင် ချိတ်ရ်ျ ဆွဲထားပါက ဆီများ တဖြည်းဖြည်း စစ်ကျလာမည်။

တချို့ မှာ တညလုံးပေါက် ဆီစစ်သည်ကို တွေ့ ရပါသည်။
Ovenတွင် ၁၈၀-၂၀၀ အပူရှိန်ထားကာ ကင်ပါသည်။ ဘဲကင်စားရတာ တယ်မိုက်တာဘဲ။ အချဉ်ရည်နဲ့  စားကောင်းတယ် မဟုတ်လား ဓါတ်ပုံ မရိုက်အားလို့ ဗျာ ခုတော့ ကုန်သွားပြီ။ ထပ်ကင်မှ ပုံထပ်တင်မယ် စိတ်မရှိကြပါနှင့်

အမှတ် ၂ ရှိ ဘဲသားချက်ကို ချက်စားရန် ဘဲသားဆီချက်၊ ခေါက်ဆွဲပြုတ်ကြော်၊ ဘဲပေါင်းထမင်း၊ ဘဲသားကြော် စသဖြင့် ချက်စားနိုင်ပါသည်။
ဆီချက် - ပုဂံပြားထဲတွင် ကြက်သွန်နီဆီချက်၂ဇွန်း၊ ငံပြာရည် အကြည် ၁ဇွန်း၊ ဆား၊ အချိုမှုန့်။ ငရုပ်ကောင်း ထဲ့ထားပါ။ ဘဲသားချက်ကို ဇွန်း၂-၃ဇွန်းထဲ့ပါ။ ရေနွေးဖြင့် ခေါက်ဆွဲကို ပြုတ်ပြီး ရေစစ်ကာ ပုဂံပြားထဲထဲ့ပြီး အားလုံးကို ရောမွှေပါ။ ပြီးလျှင် ကြက်သွန်နီမိတ်ကို ဖြူးပါ။
ခေါက်ဆွဲပြုတ်ကြော် - ထုံးစံအတိုင်း ကြက်သွန်ဖြူ ဆီချက်ချက်ပါ။ ပြီးလျှင် ကြက်သွန်နီကြော်ပါ။ မနီစေရပါ။ ကြက်သွန်နီနွမ်းလာလျှင် ဘဲသားချက်၃ဇွန်းထဲ့၊ တခြား အသားများထဲ့။ ကြိုက်ရာ ဟင်းရွက် (ပဲပင်ပေါက်သာ လိုက်ပါသည်) ကြော်ပါ။ အနံ့ မွှေးလာလျှင် ခေါက်ဆွဲထဲ့မွှေပါ။ ပြီးလျှင် ဘဲရိုးပြုတ်ရည်ထဲ့ပါ။ ကြက်ဥ ထဲ့ပြီး မွှေပါ။ ကြက်သွန်နီမိတ်နှင့် ငရုပ်ကောင်းဖြူး လျှင် စားရန် အသင့် ဖြစ်ပါပြီ
ဘဲပေါင်း ထမင်း - စာရေးသူတို့ ၏ သမရိုးကျ ဘဲပေါင်းထမင်း၊ ထမင်းပေါင်း၊ တို့ မှာ အဆင့်များပြီး အမယ်များပါသည်။ အချိန်လုလုပ်နေရသော သူများအတွက် စာရေးသူ၏ ဘဲပေါင်းထမင်းလုပ်နည်း အလွယ်နည်းကို တင်ပြပါမည်။ ဆန်ကိုရေဆေးရ်ျ စစ်ထားပါသည် ရေချိန်အတိကျထဲ့လိုရ်ျဖြစ်ပါသည်။ ထမင်းပေါင်းအိုးထဲသို့  ဆန်ထဲ့ ရေ၁ဆခွဲ(ကြိုက်သလို)ထဲ့ပါ။ ဂျင်းအပြား၃ပြား ထဲ့ပါ။ ကြက်သွန်ဖြူ ၃မွှာ(တယောက်စာအတွက်)ကို ပြားအောင်ရိုက်ပြီး ထဲ့ပါ။ ဆားအနဲငယ်ထဲ့ပါ၊ ဘဲသားချက်၎ဇွန်းထဲ့ပါ။ ဘဲသားချက်တွင် တရုပ်မဆလာ ပါပြီး ဖြစ်သဖြင့် ဘာမျှ ထပ်ထဲ့ရန် မလိုပါ။ ထမင်းမကျက်ခင် ၂ခါလောက်မွှေပေးပါ။ စာရေးသူမှာ မွှေရန် အချိန်မရလိုက်သဖြင့် ထမင်းကျက်မှ မွှေသောအခါ ဆန်လုံးများ ကြေသွားပါသည်။

ထူးဆန်းသည်မှာ ဘဲသားချက်သည် အလွန်မွှေးနေပါသဖြင့် ဘဲသားအနံ့သည် သူမတူအောင် ထူးခြားသည်ကို မှတ်ချက်ချမိပါသည်။ နောက်မှ သမရိုးကျ ထမင်းပေါင်းကို ရေးပါမည်။


ခဏလေး နေအုန်းဗျာ နောက်နေ့ မှ ဆက်ရေးပါရစေ နဲ နဲ အချိန်နဲ နေလို့ ပါ ...


2 comments:

ပီကေ said...

အချိန်မရလို့ ဓါတ်ပုံ မရိုက်လိုက်ရဘူး ဆိုတာထက်
ဓါတ်ပုံမရိုက်နိုင်လောက်အောင် တီးနေတာနေမှာ။
ဝါးတီးဖွင့်နေလို့ ဓါတ်ပုံရိုက်ဖို့ မေ့တာပဲ ဖြစ်ရမယ်။

BarNyar said...

ဖမ်းမယ် ဖမ်းမယ်.. ဘဲကြီးကြီးတစ်ကောင်လောက် ကိုဖမ်းပြစ်အုံးမယ်.. :P

ဘာညာ

 
/* EOT ----------------------------------------- */