Tuesday, October 30, 2007

True story - Hollowe’en ဆိုတဲ့ သရဲ


Hollowe’en ရောက်ပြီ ...ဆိုတဲ့ သရဲ ပွဲ

သရဲကြောက်တတ်သူများ မဖတ်ပါနှင့်

အဓိပတိကြီး ကိုရန်အောင် က သရဲအကြောင်းရေးဖို့  ဆိုလာတော့ ရေးပြရတာပ။ ကိုယ်တွေ့ ထက် သူများတွေ့  ဘဲများပါတယ်။ တကယ့် အဖြစ်ပျက်တွေ ကြားဘူးတာ ရေးထားတာပါ။

စာရေးသူတို့  ရန်ကုန်က ကွန်ပျူတာ တကသိုလ်ကြီး ဟာ ၁၉၇၀လောက် ကစတည်ခဲ့ပါတယ် ချောင်ကျတဲ့ မြေမှာ တည်ရှိခဲ့သလို သင်္ချိုင်းဖြစ်ခဲ့ဘူးသလို ပြောခဲ့ပါတယ် မဆန်းပါဘူး ဂျပန်ခေတ်မှာ အသတ်ခံရတဲ့ သူတွေ များမှများမဟုတ်လား။ တခုချင်း ခေါက်ထားတဲ့နေရာမှာ ရေးထားသဖြင့် သူရဲ ကြောက်သူများ ခေါက်ထားတဲ့ စာများ မဖတ်ပါနှင့်


ကျနော်လည်း ကြောက်တာဘဲဗျ ဟီး။ ဒါကြောင့် နံမည်ကြီးတဲ့ ဒီကျောင်းထဲ ခနွာကိုယ် တခုလုံး ၀င်ရောက်လာရင် စပြီး ဂါထာရွတ်သဗျ။ ဂါထာမှာ.
ကွန်ပ်သည် သရဲကြောက် တတ်ပါသည်။ အသင်သရဲတို့ အား ပြုသမျှ ကုသိုလ်ဝေပါသည်။ အသံ အရိပ်အယောင် လာမပြပါနှင့် အမျှ...အမျှ .. အမျှ...။ ဖြစ်ပါသည်။

မဟာသိပံစာမေးပွဲကြီး ရောက်လာပါပြီ စာရေးသူမှာ အပြင်းဖျားနေပါသည်။ စာမေးပွဲတွင်းတွင် ကျက်သော စာမှာ ၂ခုရောထွေးပြီး ပြီး မည်သည့်အဖြေကို ဖြေရမှန်းမသိသဖြင့် သရဲများ အား အကူညီတောင်းရပါသည်။

ကျွန်ပ်သည် က်ျကျောင်းတွင်ရှိသော အစောင့်ရှောက်များ ဖြစ်သည့် အသင်တို့ အား ကျောင်းဝင်းထဲ ကွန်ပ် ရောက်ရှိနေသမျှ ကုသိုလ်မျှဝေခဲ့သည်မှာ သင်တို့ အသိပါ။ ထပ်မံရ်ျ ကုသိုလ်ဝေပါသည်။ မည်သည့် အဖြေ မှန်သည်ကို ရွေးချယ် ပြန်လည် ကူညီပါ....ဟုဆိုပြီး အဖြေတခုကို စတင်ဖြေပါသည်။

ရုတ်တရက် မျက်ခန်းများ လှုပ်သွားပါသည်။ ချက်ချင်း ထိုအဖြေကို ခြစ်ပစ်ပြီး နောက် အဖြေကို ဖြေပါသည်။

စာမေးပွဲခန်းတွင်းမှ ထွက်လာသော အခါ အဖြေမှန်ကို ဖြေခဲ့ကြောင်း သရဲတို့ ၏ ကျေးဇူးအား အထူးတင်ရှိကြောင်း ယခုပို့ စ်ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ (သူတို့ လည်း ကျနော့်ရဲ့ မှတ်စုတွေ ဖတ်ပေးရပုံပေါ်တယ်။ ကျေးဇူးကမာပါ ၂ရက်ရထားသော ဥပုဒ်ကုသိုလ်များအမျှဝေပါသည် ကျေးဇူးရှင်များ နှင့် စာဖတ်သူများ အမျှ အမျှ အမျှ..)

ဌာနမှုးကြီး အခြောက်ခံရပြီးသည့်ချိန်မှ စရ်ျ နစ်စဉ်နစ်တိုင်း သင်္ကြန်တွင် ဒုလာဘရဟန်းပြုခြင်း အလျှုလုပ် အမျှဝေခြင်းလုပ်ရာမှ ၁၉ရာစုနစ် မကုန်ခင် သင်္ကြန် အလျှုတွင် ကျောင်းထိုင်ဘုန်းကြီးမှာ တရားမဟောဘဲ ဆိတ်ဆိတ်ထိုင်နေသဖြင့် ဒုတိယကျောင်းထိုင်မှ တရားဟောခြင်းပြုခဲ့ရပါသည်။ နောက်ပိုင်းသိရသည်မှာ ဆရာတော်သည် ပရိသတ်ကြားတွင် ရှိသော မမြင်အပ်သော အရာက ကျွတ်လွတ်သွားကြောင်း လာရောက်နှုတ်ဆက်သဖြင့် ယင်းအား တရားဟောခြင်းပြုနေသောကြောင့် ဟုသိရပါသည်။ ၁.၁၁.၂၀၀၇

(ယခုပို့ စ်ကြောင့် ဖတ်သူအများ ထိပ်လန့်ရခြင်းကြောင့် စိတ်မကောင်းသဖြင့် အသေးစိတ် များပယ်ဖျက် ထားပါကြောင်း။)

- ကျနော်သည် ကားဒရိုင်ဘာဖြစ်ပါသည်။ ယခုဌာနသည် ၂၄နာရီ လုပ်ငန်း ဖြစ်သော်လည်း ဘတ်စကား မရောက်သဖြင့် ရုံးကားဖြင့် မြေနီကုန်း ဘတ်စကားမှတ်တိုင် သို့ အီးတူးတောင်စင်ဖြင့် အကြိုအပို့ လုပ်ပေးရ ပါသည်။ တညဘက် ရုတ်တရက် အချိန်ပို ညဆိုင်းဆင်းသူများအတွက် ညစာဝယ်ပေးပြီး အပြန် တကသိုလ် နား ကန်ဘောင် မှတ်တိုင် အရောက်တွင် မိန်းခလေးငယ်တဦး ကားကြုံစီးရန် အကူညီတောင်းသဖြင့် တင်ခေါ်ပေးခဲ့ပါသည်။ သို့ ဖြင့် ကွန်ပျုတာ တကသိုလ်နား ရောက် သောအခါ ထိုမိန်းခလေးအား မည်သည့်နေရာတွင် ချပေးရမည်နည်းဟု မေးရန် ကားနောက်ဖက် သို့ လှမ်းကြည့်သော အခါ. မည်သူမျှ မတွေ့ ရချေ။

- စက်ခန်းဌာန တွင်းမှ လုပ်ဖော်ကိုင်ဖက်များ ထမင်းစုစားသည့် အရသာသည် အလွန်ထူးခြား လှပေသည်။ ထမင်း ဟင်းပိုထဲ့ကာ ဝေမျှ စားသောက်ကြပါသည်။ ညနေတိုင်း ထမင်းစုစားပြီး ပိုလျှံသမျှကို ကျောင်းဆောင် အပြင်ဘက် စားသောက်ဆိုင် သို့ သွားရာလမ်း လေးရှိ သစ်ပင်အောက်တွင် ခွေးကလေးများစားရန် သွန်ပစ်နေကြဖြစ်သည်။ တညနေတွင် ကျမတို့ မှာ အလုပ်ပြီးအောင် စောင့်ရသဖြင့် ၁နာရီခန့် နောက်ကျမှ ထမင်းစား ကြပါသည်။ ကျမမှာမူ ၁နာရီခွဲကျော်မှ ထမင်းစားထွက်လာရပါသည်။ အရင်ထွက်နှင့် ပြီးသူများ စားသောက်နေ ကြသည်ကိုလည်း မြင်ရသလို.... ကျမကဲ့သို့  စားသောက်ဆိုင်သို့ လှမ်းကြည့်သော အရာကို သစ်ပင်လေးအောက်တွင် တွေ့ လိုက်ရပါသည်။ အပြာရောင် အရာကို မြင်ရသည်နှင့် ကျမလည်း ဆက်မကြည့်ရဲဘဲ သုတ်ခြေတင် အပြေးလေး သွားပြီး အဖေါ်များထံ သွားစုရပါသည်။

- ကျနော်တို့ ကွန်ပျုတာမှာ ပရိုဂရမ်ကို ပန့် ကဒ်ဖောက်ခြင်း အမှားစစ်ခြင်း ကဒ်ပြားများထဲ့ရ်ျ စက်တွက်ခြင်း အမှားစစ်ခြင်း အဖြေထွက်လာသည့် စာရွက်များစုခြင်း အမှားစစ်ခြင်း မှန်သော အဖြေများ ကို အုပ်စုခွဲရ်ျ သက်ဆိုင်ရာ စင်ပေါ်တင်ခြင်း။ စက်ကို ပြုပြင်ထိန်းသိမ်းခြင်း ဖုံသုပ်ခြင်း မလိုသော ကဒ်များလွှင့်ပစ်ခြင်း လိုအပ်သော စာရွက်များ ထုပ်ပိုးသိမ်းရပါသည်။ ၂၄နာရီ အလုပ်ဖြစ်သဖြင့် ညဆိုင်းတွင်လည်း အလှည့်ကျ စားပွဲတခုတွင် အိပ်ကြရပါသည်။ ညဆိုင်းကျသောအချိန်တွင် ၃ယောက်လုပ် ၁ယောက်နား လုပ်ချိန်တွင် ကျနော်အလှည့်တွင် စိတ်ထဲ တမျိုးဖြစ်ရ်ျ အိပ်နေရင်းလန့်  နိုးလာသဖြင့် မျက်စိဖွင့်လိုက်ရာ စားပွဲနှင့် ကပ်လျက် မှန်တံခါးကြီး တွင် .. ။ ည၂နာရီ ဘယ်သူမှ ရောက်စရာ အကြောင်းမရှိပါ။

- ကျမသည် အလွန် ဘုရားတရားလုပ်သော အပျိုကြီးဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များ ၏ဇတ်လမ်းများစွာ ကြားသိရသော်လည်း ကျမ မတွေ့ ခဲ့ရပါ။ တနေ့ လည် တွင် ရေအိမ်သို့ အသွား အရှည် ၁၀ပေခန့် ရှိ လက်မောင်းလုံးခန့် လုံးပတ်ရှိ စပါးကြီးမြွေကို ရေအိမ်တွင်းတွင် မမျှော်လင့်ဘဲ တွေ့ ရသဖြင့် လန့် ဖြန့် ကာ အော်ဟစ်ပြီး ထွက်ပြေးခဲ့ပါသည်။ စက်ခန်းအတွင်းရှိ အမျိုးသားများ မြွေဖမ်းရန် အပြေးအလွှား ၀င်ရောက် လာသော အခါတွင် မည်သည့်အရာကိုမျှ မမြင်ရချေ။ ကျမမှာ ရိုးသားလွန်း ဘုရားတရားကြည်ညိုလွန်းသူ ဖြစ်ရ်ျသာ သူတို့ မှာ ကျမအား ယုံကြည်ပြီး မကြောက်ရန် ငိုယိုနေသော ကျမအား အားပေးကြပါသည်။

- ကျနော်မှာ အလွန် စာကြိုးစားသူ အလုပ်အလွန်လုပ်သူ ဌာနမှုးဖြစ်ပါသည်။ ကျောင်းတွင် နစ်တိုင်း ပထမဖြင့် အောင်မြင်ခဲ့သလို အလုပ်တွင်လည်း ရာထူးအမြင့်ဆုံးကို ရခဲ့ပါသည်။ တခါတရံ အိမ်သို့ ပင် မပြန်ဘဲ ညလုံးပေါက် ရုံးတွင် ထိုင်ကာ စီမံကိန်းအလုပ်များ ကျောင်းသားများ၏ မဟာသိပံစာတမ်းများဖတ်ရှု့ ခြင်း ကွန်ပျူတာပညာ အသစ်များလေ့လာခြင်းဖြင့် အချိန်ကုန်ပါသည်။ တညနေတွင် မြေညီထပ်ရှိ စက်ခန်းမှ ဒုတိယထပ်ရှိ ကျနော်၏ ရုံးခန်းသို့  အ၀င် ကျနော်၏ စားပွဲပေါ်တွင် ......... မြင်လိုက်ရသဖြင့် ဆံပင်မွှေးများထောင်ကာ အော်ဟစ်ရ်ျ လူအများရှိရာ စက်ခန်းသို့ဆင်းပြေးခဲ့ရပါသည်။ ထိုအချိန်မှ စရ်ျ ညဘက် အိမ်သာသွားလျှင် ချစ်လှစွာသော ချစ်ဇနီးကို ခေါ်ရ်ျ တံခါးဝတွင် အစောင့်ကြပ်လုပ်ခိုင်းရပါသည် ... သြော်သူက ၀တုတ်ကြီးဆိုတော့ အားရှိတာပေါ့ သရဲကို ပြန်ချနိုင်မှာ လေ.. ကျနော် ၀တာက သူ့ ကို မှ မမှီတာ..


0 comments:

 
/* EOT ----------------------------------------- */