Sunday, November 25, 2007

True story - Tour around the bloggers

ဘလော့ကာ ခရီးစင်

ယနေ့  စင်ထဲ ထဲ့ဖို့ ခရီးထွက်တယ်။

၂. အောင်ပင်လယ်ကို အသုံးချနည်း

အောင်ပင်လယ်ဆိုလို့ သွားပါတယ်ဗျာ ရေလဲမတွေ့  လှိုင်းလဲမတွေ့  ခရု ဂဏန်း ဇင်ယော် အုန်းသီး ကျောက်ဆောင်မတွေ့  ဘာဆို ဘာမှ ပင်လယ်နဲ့ ဆိုင်တာ မတွေ့ ရဘူး။ တွေ့ လိုက် ရတာက ထောပတ်သီးကြီး ပြီးတော့ တင်းနစ် ဘောလုံးကို ထောပတ်သီးထဲ မြုပ်ထားသေး။ ထောပတ်သီးဆိုတာ အေးတဲ့ တောင်ပေါ်ဒေသမှာ ပေါက်တာ ကလား။ အဲဒီတော့ အောင်ပင်လယ် ဆိုတာထက် တောင်ပြင်လယ် လို့ ခေါ်မှ မှန်မယ်။ အောင်ပင်လယ် ကို အသုံးချရင် အလွန် အသုံးဝင်တာ။ တချို့ က salad လို့ ခေါ်တဲ့ ဟင်းရွက်တွေ ထဲ ထဲ့စားတယ် တချို့ က WRAP ဆိုတဲ့ အထဲ ထဲ့စားတယ်။ အာရှနိုင်ငံတွေ ကတော့ ညှက်ညှက်ခြေပြီး အရည်ဖျော်ပစ်ကြပါတယ်။ သူက diet အတွက် အာဟာရ အပြည့်နဲ့  အဆီမတက် တဲ့ အစာမိုလို့  အနောက်နိုင်ငံမှာ hot fruit တခုဖြစ်ပါတယ်။ အခုတော့ တမျိုး hot ပေးလိုက်မယ်။ အောင်ပင်လယ်ကို အစေ့ထုတ်။ ရှိရှိသမျှ အသားကို အခွံမပါအောင် ခပ်ထုတ်ပြီး ရေခဲသေတာထဲ ထဲ့ခဲပေးလိုက်ပါတယ်။ ခဲသွားတာနဲ့  blender ထဲမှာ (double cream မရရင်)နွားနို့ ထဲ့ သကြားထဲ့ပြီး စိစိညှက်ညှက်ကြေ အောင် စက်နဲ့ မွှေ့  ပစ်လိုက်ပါ။ ပြီးလျှင် အအေးခန်းထဲ ပြန်ထဲ့ပိတ်လိုက်ပါ။ အောင်ပင်လယ်စိစိညက်ညက်ကြေခြင်း (သို့)ထောပတ်သီး ရေခဲမုန့် ဖြစ်သွားပါလိမ့်မည်။ (မှတ်ချက် တကယ်တော့ ထောပတ်သီး ရေခဲမုန့် လုပ်မစားဘူးပါ။ ထောပတ်သီးအစား ငှက်ပျောသီး ရေခဲမုန့်  က ပိုမွှေးပါသည်။ မည်သည့်အသီးနှင့်မဆို လုပ်နိုင်ပါသည်။ အင်တာနက် မှ ဆရာများအားကျေးဇူးတင်စွာဖြင့် )

၁. ဒိုင်ယာရီဆီရောက်တယ်။ သူ့ ကလေးက ချစ်စရာလေး ခက်တာက နားခေါင်းပြားနေတယ်။ စာရေးသူ မွေးခါစက နားခေါင်း ပြားတာမှ အပေါက်လေး၂ပေါက်က ပုဂံပြားမှာ ဖောက်ထားတဲ့ အတိုင်းဖြစ်နေပါသည်။ စာရေးသူမှာ ညီအကို မောင်နမ ၅ယောက်။ ဦးလေး ၂ယောက် မိဘ ၄ပါး (ဘကြီး၊ကြီးတော်ကြီးက ပြန်မွေးစားသောကြောင့်)၊ အကိုကြီး (အကိုဝမ်းကွဲ) နှင့်သူ၏ သူငယ်ချင်း ၂၀ယောက်၊ အိမ်နီးချင်းများ အယောက် ၁၀၀ နီးပါး က စာရေးသူကို တယောက်တလက် နားခေါင်းဆွဲပေးကြပါသည်။ ထိုအချိန်တွင် စာရေးသူနားခေါင်းနေရာမှာ နီနေလောက်မည် ထင်ရပါသည်။ ရန်ကုန်ည ၉နာရီမှ မနက် ၈နာရီ အတွင်းတွင် သာ စာရေးသူ၏ နှာခေါင်း အနားယူရပေသည်။ ထိုသို့ သော အဆွဲဒဏ်ကြောင့် စာရေးသူနှာခေါင်းမှာ သူများတကာထက် ချွန်မြနေပါသည်။ စာရွက်ကလေး ကို ချွန်အောင် ခေါက်ပြီး တင်ထားသကဲ့သို့ ချွန်ပါသည်။

2 comments:

ဒိုင်ယာရီ said...

comments လေး အတွက် ကျေးဇူးပါ J။ ကျွန်တော် လက် တစ်ဖက်နဲ့ တစ်ခါတစ်ရံ ဆွဲပေးနေတာ၊ အခုကစပြီး နှစ်ဖက် နဲ့နေ့တိုင်းဆွဲပေးမယ်။ ခက်တာက ကလေးကအိပ် ရင် မှောက်ခုံအိပ်လို့ ခေါင်းမ ပြားဘဲ နှာခေါင်း
ပြားပြားဝင်သွားတယ်။ :P :D

အောင်သူ said...

ထောပတ်သီးရေခဲ့မုန့် လုပ်နည်းလေး ရေးပေးတာ ကျေးဇူးပါဗျာ

 
/* EOT ----------------------------------------- */