Wednesday, December 19, 2007

Food - Merry X-mas


English Christmas Dinner

And

Me


ကဲ ဘလော့ကာမောင်နှမတွေကို အင်္ဂလိပ် ခရစ်စမတ် နေ့လည်စာနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် တင်ပြမယ်

ပြီးခဲ့တဲ့ ၃ပတ်က အလုပ်ကကျွေးတဲ့ အင်္ဂလိပ် ခရစ်စမတ် နေ့လည်စာကို ကင်မရာမပါလို့  ရိုက်မပြနိုင်လို့  တခြားဆိုဒ်တွေထဲက ကူးပြလိုက်တယ်နော်

၁. အဓိက က ကြက်ဆင်သားဘဲ တာကီလို့ခေါ်တယ် ကြက်အကြီးစားဘဲပေါ့ အတွင်းကလီစာတွေထုတ်ပြီး သစ်စေ့တွေနဲ့ ရောထားတဲ့ ၀က်သားစင်းကော သူတို့အခေါ်က ၀က်အူချောင်းအသား ကိုထည့်ပြီး ကင်ထားတဲ့ အသားလွှာ နဲ့  ၀က်ပေါင်ခြောက်ကျွတ်ကျွတ်လေးကင်ထားတာ



၂. ဂေါ်ဖီထုပ်ပြုတ် ဂေါ်ဖီထုပ်ပေါက်စလေး တွေ စပရောက်လို့ ခေါ်တယ် (မကြိုက်ပါဘူး ခါးတယ်) ပိန်းကြက်ဥအရွယ်ရှိတယ် သေးလေ လှလေပေါ့ ကြီးတာမသုံးကြဘူး ဂေါ်လီလုံးအရွယ်ဆိုပိုကောင်းတယ်





၃. မုန်လာဥနီ ပြုတ်
၎. အာလူး ပြုတ် သို့ မဟုတ် အာလူးချောင်းကြော်
၅. ပူတင်းလို့ခေါ်တဲ့ ဂျုံ ကို ပုရုပ်ဆီဗူးပုံစံကြွပ်ကြွပ် ဖုတ်ထားတဲ့ ဂျုံမုန့် 
၆. ပန်းဂေါ်ဖီ (အစိမ်းရောင်) ပြုတ်




၇.မုန်လာဖြူ (သူတို့ မှာ မုန်လာဖြူ ၂မျိုးရှိတယ် ရန်ကုန်က မုန်လာဖြူကို သိပ်မသုံးကြဘူး။ ဒီကပေါက်တာက မုန်လာနီပုံစံဘဲ ၀ါညစ်ညစ်နဲ့  ပါစနစ်လို့ ခေါ်တယ် ) မီးကင်တာ သို့ မဟုတ် ပြုတ်ထားတာ





၈. ကြက်ဆင်နဲ့ တွဲစားတဲ့ ခလင်ဗယ်ရီဆော့ (cremberry sauce) အသီးက အနီရောင် အရေကြည်ကြည်လိုမျိုး အစိမ်းစားကြည့်တာ ချဉ်စုပ်စုပ်နဲ့  သူတို့ ကအရည်ရွဲရွဲပုံစံယိုထိုးစားကြတယ်။
၉. ဂျုံမုန့် ကို ရေနွေးဆူဆူထဲမှာ ခပ်ညိုညိုအရောင်ဖြစ်အောင် အရောင်တင်ထားတဲ့ ကော်ရည်


ကဲကြည့်ကြရအောင်

ပထမ starter ဆိုပြီး အသီး သို့မဟုတ် ပုစွန်၊သခွားသီးနဲ့ မရောနီး ရောထားတဲ့ တပုဂံ ။ အရက် ၊ ဖျော်ရည်တခွက်
ဒုတိယ ပုဂံပြားထဲမှာ ကြက်ဆင်သားကို လက်မ၀က်လောက် လှီးထားတာ ၂ပြားထဲ့(၃ပြားထက်မပိုဘူး)၊ ဂေါ်ဖီပြုတ်၊ မုန်လာနီပြုတ်၊ မုန်လာဖြူကင်(ပြုတ်)၊ အာလူးပြုတ်(ကြော်)၊ အာလူးပြုတ် (ခြေထားတဲ့အပျစ်)၊ ပဲစိမ်းလုံးပြုတ်၊ ဂျုံပူတင်း လာချလိမ့်မယ်။ အဲဒီမှာ ချဉ်ချိုအရသာ အနီရောင် ခရင်ဗယ်ရီဆော့ထဲ့ပြီး ကြက်ဆင်သားနဲ့ စားတယ် ဂျုံကော်ရည်ကို ဆမ်းပေးတယ်

နောက်ဆုံး ခရစ်စမတ် ကွတ်ကီး၊ အသီးမုန့် (mince pie)၊ ခရစ်စမတ် ပူတင်း ကို ကလင်နဲ့ စားတယ်။

ခရစ်စမတ် ကိတ်တို့  ပိုင်တို့  ပူတင်းတို့ အားလုံး စပျစ်သီးအရောင်စုံထဲ့ ဖုတ်တာချည့်ဘဲ အရက်ပါနဲနဲ ထဲ့ချက်ကြတယ် စပျစ်သီးက ချက်လိုက်ရင် အရသာ ပြောင်းပြီး အမြင်ကပ် ချင်စရာ ကောင်း လောက်တယ်။ နို့ ကလင် နဲ့  စားကြတယ်။ ခုတော့ ကပ်စတပ်လို့ ခေါ်တဲ့ အချိုကလင်နဲ့ ဘဲ ရောပြီး စားလိုက်တယ်။

စားလို့ လဲပြီးရော ဘေးမှာ ချထားတဲ့ ခရက်ကာ cracker သကြားလုံးပုံစံအကြီး ကို ဘေးနားကလူနဲ့  တယောက် တဖက် ဆွဲပြီး ဖောက်ရတာ ပျော်စရာဘဲ ၊ ကိုယ်ထည်ထဲမှာ ဘာရှိသလဲ အလုယက် ကြည့်ရတယ် အီဖေကိုယ်က ခေါင်းဖီးတဲ့ ဘီး မဲပေါက် သတဲ့ကွယ် ပြီးတော့ ခရစ်စမတ် ဦးထုပ်လေ... ကိုယ်က ရွှေရောင် ခရစ်စမတ် ဦးထုပ် ရတယ်။
(နောက်တယောက်က တော့ ဥာဏ်စမ်း ကလစ်လေး၊ နောက် တယောက်က စာရွက်တွဲတဲ့ ကလစ် ပလစ်စတစ် ပန်းရောင်နဲ့  ကလစ်အယ်စတုံကြီး ၄လက်မ လောက်ရှိတယ်၊ နောက်တယောက်က အံစာတုံး... )

အတင်းအုပ်ရရင်.........
ကြက်ဆင်သားကို မဆလာတို့  အရွက်တို့ နဲ့ ကင်တော့ နဲနဲ အနံ့မွေးပါရဲ့ ဘာမှ အရသာမရှိဘူး ၈ျုံကော်ရည်နဲ့  ယိုကယ်ပေလို့ မနဲ မြိုချရတယ်။ တကထဲ ဂေါ်ဖီပြုတ်က ခါးတယ် အာလူးကလည်း ဘာမှ အရသာမရှိ မုန်လာဖြူ ကင်ကတော့ချိုသလားမမေးနဲ့  ပဲစိမ်းနဲ့ မုန်လာနီပြုတ်က ဆားကယ်ပေလို့  နောက်ဆုံး ဖျော်ရည်နဲ့ မြိုချရတယ် ပြီးတော့ ပြုံးပြုံးလေးနဲ့  ပြောလိုက်တယ် သိပ်ကောင်းတာဘဲ လို့  ဟီး (မနဲမြိုချရတဲ့ မျက်နာရှုံ တွ မြင်ပြီး မှ ပြုံးပြတာ ဂလောက်ဆိုရင် သိလောက်ရောပေါ့) (ဆယ်လမွန်) ဆော်လမွန် အပြုံးလို့  ခေါ်တယ်

နောက်ထပ်ပြောရအုန်းမယ် နေ့ လည်စာဆို ရင် lunch ညစာဆိုရင် dinner ခုတော့ ဘယ်နယ်နေ့ လည် ကြီးကျွေးပြီး Traditional English Christmas Dinner တဲ့လေ ပြောပြောချင်ဘူး


ဟင်း .....မောပါ့ ........

အော်ကလီဆန်ပြီး အော့ကြောလန် ပြန်လာခဲ့ရတဲ့ အီဖေကိုယ် ....ရေသောကလိုက်အုန်းမယ်

3 comments:

Anonymous said...

စုံလှချည်လား .. ကောင်းပါ့ရှင် .. Merry Christmas ပါနော် :)

lwansay said...

ဘီယာလာသောက်တယ်ဗျာ..

JasmineNwe said...
This comment has been removed by the author.
 
/* EOT ----------------------------------------- */