Monday, December 31, 2007

True story - Happy Birthday

မွေးနေ့ လာလည်သူအပေါင်းအားလုံး ၂၀၀၈ နစ်သစ်မှာ ...

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ.














နစ်သစ်နဲ့  မွေးနေ့ ကို လာလည်ကြတဲ့ ချစ်စရာ့ ဘလော့ကာမောင်နှမတွေ အတွက်

ကိုယ့်အတွက်တော့ အရင့်အရင်ကလို မချက်နိုင်တော့ ရယ်ဒီမိတ် ချက်ပြီးသားတွေ ၀ယ်ပြီး ဖိတ်ထားတဲ့ ဘလော့ကာ မောင်နှမတွေကိုဘဲ ကျွေးတော့မယ်

အဆင်သင့်စားနိုင်တဲ့ အစာတွေဆိုတော့ နဲနဲဘဲ နွေးဖို့ ဘဲ လိုပါတယ် ကဲ စမယ် ရယ်ဒီ. . . .








ကိုယ့်မွေးနေ့ မှာ ကြာဆံကြော်မယ်၊ ကြက်သားသုပ်၊ နနွင်းထမင်း(ကုလားစာ)၊ ဘဲသားကော်ပြန့် 

(ဆရာစိုးထက် အတွက် ဂျပန်စာ) ဆော်လမွန်ငါး အစိမ်း ပါးပါးလှီးပြီး သံပုရာ၊ငံပြာရည်၊ဆား၊ပျားရည်စိမ် ဟင်း၊ ဆရာကိုစိုးထက်မိသားစုအတွက် အထူးစပါယ်ရှယ် ပေါ့ (အဲဒါ ငါးအစိမ်းပါ ကျောက်ကျောကျနေတာဘဲ စားကောင်းတယ် ရှလကာရည်၊ပဲငံပြာရည်၊ ပျားရည် နဲ့ ဆား ထဲ့စိမ်ထားတာ)



အင်္ဂလိပ် ၀က်အူချောင်းကြော်၊ ညီမလေး ညလေးအတွက် ပုစွန်သုပ်(ရယ်ဒီမိတ် ပလပ်စတစ်ခွက်)၊ အနောက်နိုင်ငံက စားတဲ့ ကြက်သားခါးပတ် (chicken kebab)၊ နောက်ထပ်လာမှာက ၀က်သားလုံးကြော်ပါ။

စားနေတုန်း သောက်ဖို့ က အချိုရည်ဖျော်ရည်တွေ ကတော့ လိမော်ရည်၊ ဘလူးဘယ်ရီခေါ်တယ် အပြာရောင်သစ်သီးဖျော်ရည် (BLUEBERRY JUICE)၊

သလဲသီးဖျော်ရည်၊ မန်ကျဉ်းသီးဖျော်ရည်၊ အမဲရောင်သစ်သီးကျွဲရိုင်း (BLACK BERRY ENERGY DRINK)၊ ပက်စီနဲ့  ..
အထူးစပါယ်ရှယ် ကောင်းကင်ကို၊ သင့်ကာ၊သုံည၊ကိုင(သွင်မောင်)၊ တေအုပ်စု(တေဇာတေ၊၀င်း၊ဘလင့်)၊ ကလူသစ်၊ အောင်အုပ်စု(အောင်ပင်လယ်၊ အောင်မျိုးဟန်၊ အောင်သူ၊ ငြိမ်းချမ်းအောင်)ကိုသင်္ကြန်၊ ကိုသူရိန်၊ ကိုရထား၊ကိုဇင်၊ ကိုရန်၊ ကိုအင်(အင်ဇလီ)၊ ကိုဘ၀၊ နဲ့  မူးချင်သူများအတွက် ကို မိတ်အင်ဒီတင်ကော့ညက်တခွက် (ကော့ကော့လေးလာပြီး ညက်ညောညင်သာစွာ ပြန်ရအောင်)၊ ဘီယာ၊ ဆိုက်ဒါ၊ ရှန်ပိန် တို့ ဖြစ်ကြပါတယ်။

အချိုတဲဖို့  က သစ်သီးတွေ နဲ့  ဂျပန် ဆန်မရွေး၊ သစ်သီးနာကထိုင်၊ ငါးမုန့် ကြော်၊ ဂျက်ဖာကိတ်ခေါ်တဲ့ ချောကလက်တင်ထားတဲ့ ဘီစကစ်ကိတ်၊ ရယ်ဒီမိတ်အုန်းသီးသစ်သီးကြော်၊ ဘယ်ဂျီယန် ချောကလက်၊
ဘယ်ဂျီယန် ချောကလက်မှုန့် လုံး (စားကောင်းတယ် ချောကလက်အမှုန့် တွေကို ပြန်ပြီးအလုံးလုံးထားတာ truffle)၊ ချောကလက်ကွပ်ကီး(နာကထိုင်)





13 comments:

Layma said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ...။
နှစ်သစ်မှာ ကံကောင်းပါစေ..။

gentain said...

ကျွေးသမျှမုန့်တွေအားလုံးစားသွားတယ်။
မွေးနေ့မှာပျော်ရွှင်ပါစေနော်။

အောင်သူ said...

ရပါတယ် တခါတလေတော့လည်း လူရင်းတွေကိုဖိတ်ဖို့ မေ့တတ်တယ်ဗျ။ ကိုဂျေ မွေးနေမှာ ပျော်ရွှင်ပါစေ။ မင်္ဂလာရှိသောနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေပါစေ..။ အိမ်အပြန်လက်ဆောင်အတွက် စားပွဲပေါ်မှာ တင်ထားတဲ့ မုန့် တွေ ယူသွားတယ်ဗျ။

မေပျို said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ဂျေရေ။ စာမေးပွဲလည်း အောင်မြင်ပါစေ။ လျှောက်လည်နဲ့တော့နော်။ စာကျက်တော့။ မုန့်တွေလည်း အကုန်စားသွားတယ်သိလား။

kthuyein said...

Happy new year & b-day !!!!!!!!!!
အားလုံးကို စားသွားပါတယ်။ အားလုံး ကောင်းတယ်.. ဗျို့။ အပြန် ပါဆယ်ပါ ဆွဲသွားသေးတယ်။ ဟိဟိ။
ပျော်ရွှင်ပါစေ။

မြရွက်ဝေ said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။ ကံကောင်းသော နှစ်သစ်ဖြစ်ပါစေ။

Ulmuka said...

ယနေ့မှ စ၍ နောင် နှစ်ပေါင်းများစွာ အထိ ပျော်ရွှင်ပါစေ။ စားစရာတွေက အကောင်းစားတွေကြီးပဲ။ အကုန်စားသွားတယ်။ ပါဆယ်ပါ ဆွဲသွားတယ်။ :)

Winkabar said...

မွေးနေ့လာသွားတယ် ဂျေရေ။ Happy New Year and Happy Birthday ပါ။ လိုအင်ဆန္ဒများအားလုံးပြည့်ဝပါစေနော်။

လင်းဦး(စိတ်ပညာ) said...

မွေးနေ့မှာပျော်ရွှင်နိုင်ပါစေဗျာ...
အရောက်နောက်ကျသွားလို့ ဘာမှ စားလိုက်ရဘူး

Unknown said...

မွေးနေ့မင်္ဂလာပါနော်
ဂျေ
မနေ့ကလာတယ်
ဘယ်လိုမှ ကွန်မန့်ပေးမရလို့
ကွန်နက်ရှင်မကောင်းလို့

ပျော်ရွှင်စရာ မွေးနေ့လေးပါ

Chaos said...

မွေးနေ့မင်္ဂလာပါနော်
ဂျေ
မနေ့ကလာတယ်
ဘယ်လိုမှ ကွန်မန့်ပေးမရလို့
ကွန်နက်ရှင်မကောင်းလို့

ပျော်ရွှင်စရာ မွေးနေ့လေးပါ
အပေါ်က တစ်ခုက တယ်ရင်းအကောင့်ဖြစ်နေတယ်
တူသုံးနေလို့လေ

hnin said...

ဟားဟားဟား
အမြဲတမ်း ရယ်ရတော့ ဒီတစ်ခါ ကိုယ့်ဘာကိုယ် ရယ်လိုက်တာ။ ပျော်ရွှင်ဖွယ် နှစ်သစ်ကြီး စတင်နေပါပြီ။ ကံကောင်းခြင်းများ ပိုင်ဆိုင်ဖို့ ဆုတောင်းပေးတယ်နော်။

ခွန်မြလှိုင် said...

ဂျေရေ ချတ်ထဲမှာ ဆုတောင်းပေးပြီးပြီ ခုတခါ ဘလော့က ကောမန့်မှာ ထပ်ဆုတောင်းပေးမယ်နော် မွေးနေ့ ကျော်ပြီမို့ ကံဆိုး ကံညံ့တွေက လွတ်ကင်းလို့ ကံကောင်းပျော်ရွှင်သော နှစ်တွေကို ပိုင်ဆိုင်နိုင်ပါစေ ကောင်းကျိုး လိုရာ ဆန္ဒ ပြည့်ပါစေနော်

 
/* EOT ----------------------------------------- */