Thursday, January 17, 2008

တိုးတိုးလေးပြောမယ်

တိုးတိုးလေးပြောမယ်.. လူတွေ အထင်ကြီးအောင် ချက်နည်းတွေ အဆင့်ဆင့် ဇကာလိုက်ထဲ့ရေးပြနေရတာ တကယ်တမ်းကျတော့ ဘယ်အချိန်ရှိပါ့မလဲ။ လူနဲ့ အချိန်နဲ့ လုပြီးနေရတဲ့အချိန်ဆို ဂလိုဘယ်လုပ်နိုင်မတုံး.

အဲဒီတော့ ကော်ပြန့် ဆိုရင် အတိုဆုံးအလွယ်ဆုံးနည်းနဲ့ စားတယ်။ ဥပမာဆိုပါတော့ ဆလပ်ရွက် ခေါ်တဲ့ iceberg ကို ရေစိမ်ထားလိုက်တယ်။ မီးဖိုပေါ် ဒယ်အိုးတင်ထား ၊မုန်လာနီကို ရေဘုံဘိုင်မှာ လက်နဲ့ပွတ်ပြီး ဆေး ဂျစ်နဲ ခြစ်ရော (များသောအားဖြင့် မုန်လာနီ အခွံမသင်နိုင်ဘူး ဟတ်ဟတ် organic လား ပဥ့ ငါးပါး လား ဘာဘဲဖြစ်ဖြစ် မြေကြီးရဲ့ ဗိုက်တာမင်လည်း သွယ်ဝိုက်စား ရတာများတော့ တခါတလေ တိုက်ရိုက်စားတာပေါ့) မီးဆီထဲ့ မုန်လာနီထဲ့ တခြားဟင်းရွက်က အထားမခံတော့ မ၀ယ်ဖြစ်တာများတယ်။ အဲဒါဘဲ ဆီပူလိမ့် ဆားပစ်ထဲ့ အချိုမှုန့် ထဲ့ ချက်ပြီဆိုရင် ခုနကစိမ်ထားတဲ့ ဆလပ်ရွက်ထဲ့လိပ် ပါးစပ်ထဲ့ပစ်သွင်း.။ အချဉ်လား ငရုတ်ရည်ပုလင်းဝယ်ထားတယ် ပုဂံထဲ ထဲ့ရင် ပြန်ဆေးနေရအုန်းမယ် စားနေတဲ့ ထမင်းပုဂံပေါ်မှာ ဆလပ်ရွက်ပေါ်လောင်းချ ပြီး ထမင်းနဲ့ မြို ချ.. ဟ ဟ ဒါဘဲ နိုင်ငံခြားဆိုတာ။ ဘယ်နယ် လူတွေ အထင်ကြီးအောင်လို့ ရေးပြရတာ.. တိုးတိုးလေးထပ်ပြောမယ် အချိန်ကို လေးပုံ၃ပုံ လျော့ချနည်းဘဲ။ စာတင်လောက်တယ်။

(အဖြူတွေ ဗိုလ်တွေ ဆို ဟင်းသီးဟင်းရွကဘယ်တော့မှရေမဆေးဘူး ဈေးထဲက ၀ယ်လာတဲ့အတိုင်း တန်းချက် တန်းပါးစပ်ထဲထဲ့စားတာ သူတို့ အပြောက အော်ခဲနစ် တဲ့။ စပျစ်သီးတွေ ဆိုင်တွေမှာ ၀ယ်ရင် အလေးချိန် ချိန်တဲ့ အချိန်ကြည့်လိုက် သူတို့ နိုက်စားထားတာ အလုံး၁၅လုံးလောက်ရှိမယ် တန်းစီနေတုန်း ပါးစပ်ထဲ ပစ်သွင်းတာ ရေမဆေးဘူးခည။)

ခေါက်ဆွဲပြုတ်လား အိုကေ ရေနွေးကို kettle နဲ့ တည်ထား ပြီးမီးဖိုကို ဖွင့်ထားတယ် ဒတ်အားတုးံ (လျှပ်စစ် ဓါတ်) မီးဖိုဆိုတော့ ပူဖို့ ကြာတယ်လေ။ ပြီးရင် ခေါက်ဆွဲအထုပ်တွေ ဖောက် အဆင်သင့် အရွက်တွေ ရေလောင်းချ (ရေဆေး) မီးဖိုပူ ပြီ ရေနွေးဆူပြီ အိုးကိုမီးဖိုပေါ်တင် ရေနွေးထဲ့ ခေါက်ဆွဲထဲ့ အချိန်သက်သာတယ်။ တခါတလေ အတန်းရှိရင် ချက်တဲ့ အိုးနဲ့ ဘဲ တီးပစ်ရတယ် ပုဂံဘယ်ဆေးနိုင်မလဲ ဒါ့ကြောင့် အိုးသေးသေးလေး ဆိုရင် ပုဂံလိုလိုဘာလိုလိုနဲ့ .

ကြောက်ကြောလား (ကျောက်ကျော) အိုကေ.. ရေနွေတည်ထား စလုံးမှာတော့ကြိုတယ် ဒီမှာတော့ မ
ကြိုဘူး ဈေးကြီးလို့ အိမ်မက်နဲ့ အတွေးထဲမှာ ခဏခဏ ချက်နေရတာ ညဉ်းနေပြီ အမှုန့် တထုတ် မတ်ခွက်၎ခွက် သကြား ၁၆ဇွန်း မြင်းခေါင်းဇွန်းခပ်မောက်မောက်။ မီးဖိုကို ထုံးစံအတိုင်းတည်ထား မတ်ခွက်တခွက်ထဲ့ အမှုန်တွေ ပျော်အောင် ဖျော်ထား အိုးထဲ ရေနွေး၃ခွက်ထဲ့ ပြီးရင် သကြား၁၆ဇွန်းထဲ့ ဆား နဲနဲ ပစ်ထဲ့ အမှုန့် ဖျော်ရည်မတ်ခွက်ကိုလောင်းချ နဲနဲဆူရင် ပုံစံခွက်ထဲလောင်းထဲ့ အိုကေဘဲ။ စလုံးက ကြောက်ကြောအမှုန့် က အီဖေကိုယ်ကို ကြောက်တယ် ဒါ့ကြောင့် ကြောက်ကြောလို့ ခေါ်တာ။ မီးအပူမပေးလဲ ရေအေးနဲ့ ဖျော်တဲ့ အရည်က ခဲတာဆိုတော့ တပွက်၂ပွက်ဆူတာနဲ့ လောင်းချလိုက်တာဘဲ။

ဒါတွေ လုလုမသိဘူး ဘယ်လောက် ဆားဖိုမှုးကြီး ခေတ်သစ်အချိန်လျော့နည်းတွေကို သူမသိအောင် အသာလေးနေနေတာ သူအထင်ကြီးမှာသေချာတယ်။ တိုးတိုးလေးနော် သွားမပြောနဲ့ ။ တော်ကြာ သူ့ ဘုတ်အုပ်ကြီးထဲ လာပြီ ရေးပေး ဆိုင်းထိုးပေး သင်တန်းပေးဆို ခက်ရချည့် ဒါကို ဒီဘလော့လာလည် တဲ့ မောင်နမတွေကိုသာ တိုးတိုးလေး သင်တန်းပေးတာ... သူသိရင် ကမ္ဘာကျော်ဖြစ်မှာစိုးလို့  နံမည်မကြီးချင်ပါဘူး ဒါ့ကြောင့် တိုးတိုးလေး သင်တန်းတက်သွား အခမဲ့ ချေဒနာမေ့တာ(မေတ္တာ)တွေ သိပ်များတယ် ရော့ယူသွား အင့် တိုးတိုးလေး..

0 comments:

 
/* EOT ----------------------------------------- */