Tuesday, January 22, 2008

Diary 3

ကဲ ယနေ့ တော့ ပတ်စပို့ ဓါတ်ပုံ ကူးစရာ ရှိလို့ မြို့ ထဲထွက်တယ်။

မီးစလောင်းတွေ မီးအလင်းအပြည့်နဲ့ ရိုက်တဲ့ ဓါတ်ပုံ ခန်းက မြန်မာပြည်နဲ့  ပတ်ဝန်းကျင် အာရှနိင်ငံတွေ အနည်းငယ်ဘဲ ရှိမယ်ထင်တယ်။ မင်္ဂလာဆောင် စတူရီယိုတော့ရှိမယ်။ ပစ်စပို့ ပုံလောက်နဲ့  ဓါတ်ပုံဆိုင် ၀င်ရိုက်လို့ မရဘူး။ ဓါတ်ပုံရိုက်စက်တွေ တော့ လူစည်တဲ့ နေရာ အနံ့ မှာ ထားပါတယ် ပေါင် ၆ပေါင် ထဲ့ရင် ဓါတ်ပုံ တရွက်စာထွက်ပါတယ်။ တရွက်မှာ ပုံ ၂ပုံဘဲပါစေချင်ရင် အဲဒီပုံက ၂.၅လက္မနဲ့ ၃လက္မအရွယ်ပေါ့။ ၄ပုံဆိုရင် ပတ်စပို့ အရွယ်ရတယ်။ စက်တွေက သိပ်မကောင်းတော့ ပုံတွေက များသောအားဖြင့်ေ၀၀ါး နေတာဘဲ။ မြန်မာပြည်သားပီပီ ဓါတ်ပုံတွေ အားလုံးထဲမှာ ကြည့်ကောင်းတဲ့ပုံကို အသက် ဘယ်လောက်ကြီးကြီး ထဲ့သုံးနေတာဘဲ။ နိင်ငံတကာမှာက ပတ်စပို့ ပုံကို ၆လအတွင်းရိုက်တာဘဲ လက်ခံတဲ့ အတွက် ပုံ၎ပုံ လောက်ဆို လုံလောက်တယ် ဆိုတဲ့ သဘောပါ။

ဂျပန်နဲ့ စလုံးမှာတော့ ခေတ်နဲ့ အမှီ နည်းပညာ တိုးတက်တော့ မပြောတတ်ဘူး။ အရင် တုန်းကတော့ ၁၅မိနစ်အမြန်ဆိုပြီး ဓါတ်ပုံဆရာက ရိုက်ပြီး စက်ထဲကနေ ကူးပေးလိုက်တာဘဲ။

အနောက်နိုင်ငံ မှာတော့ ပြီးခဲ့တဲ့ ၆လလောက်က စပြီး ကိုယ်ထူကိုယ်ထစက်တွေ စထားတယ်။ ကိုယ်ရိုက် ထားတဲ့ ဒစ်ဂျစ်တယ်ပုံတွေထဲက လိုချင်တဲ့ ဓါတ်ပုံကို ချက်ချင်း ကူးနိုင်ကြတယ်။ စက်တွေက ပရိုဂရမ် သွင်းထားတယ်။ လက်နဲ့  ထိပြီး လိုချင်တဲ့ပုံကို လိုချင်တဲ့ ဆိုဒ်နဲ့ ဓါတ်ပုံသားကို ရွေးနိုင်သလို တချို့ ကျတော့ ပုံတပုံထဲကို ဓါတ်ပုံတခုထဲမှာ ၄ပုံ(၆ပုံ)ပုံပွားပြီး ပတ်စပို့ ဆိုဒ်အရွယ် ကူးနိုင်ပါတယ်။ ဓါတ်ပုံဆိုင် ၃ဆိုင် ယနေ့ သွာားခဲ့ရတယ်။ တဆိုင်ကတော့ ဓါတ်ပုံ ၁ရွက်ကို ၁၈ပြား ကျပြီး ဘယ်သူကမှ လာမကူပေးတတ်ဘူး။ သူတို့ လည်း နားမလည်ဘူး။ ပတ်စပို့ ဆိုဒ်အရွယ်ကိုလည်း မပြောင်းတတ်သလို ပုံပါအတိုင်းဒီအတိုင်း ကူးပေးတယ်။ ဒါနဲ့ နောက်တဆိုင် ပြေးရရော။ စက်က တမျိုးဖြစ်ရော၊ အဲဒီမှာ တော့ ပတ်စပို့ အရွယ်ရိုက်ထားတဲ့ ပုံကို ဓါတ်ပုံတမျက်နှာမှာ ပုံ၆ပုံပေါ်အောင် ပွားနိုင်တယ်။ ခက်တာက နေ့ ချင်းမပြီးဘူး။ နောက်ဆုံးတဆိုင်ကျတော့ မှဘဲ လက်ငင်း ပြီးသွားတော့တယ်။

နောက် အီလက်တရောနစ်ဆိုင်ကို ၀င်တယ်။ နေရောင်ခြည်သုံး မီးလုံးလေး ၀ယ်ဖြစ်တယ်။ ရောက်စကထဲက ၀ယ်ချင်တာ မ၀ယ်ဖြစ်ဘူး။ အခုတော့ တ၀က်ဈေးနဲ့ မိုလို့ ဝယ်ဖြစ်တယ်။ သူက နေရောင်အောက်ထဲမှာထားပြီး နေရောင်ပျောက်ရင် မီးလင်းတယ်။

နောက်တခုက လက်နှိပ်ဓါတ်မီး။ ဘက်ထရီမလို ဓါတ်ခဲမလို အားသွင်းရန်မလိုဘူး။ သူမှာ လှည့်တံလေးပါတယ်။ လှည့်တံလေးရဲ့လည်ပတ်မှုနဲ့ အားသွင်းသွားတာပါ။ ၁မိနစ်လောက် လှည့်တံလေးကို လှည့်ပေးရင် ၃၀မိနစ်(နာရီဝက်)ခံတယ်။ အစစအရာရာ ပျက်စီးယိုယွင်းနေတဲ့ မြန်မာပြည်အတွက်ဝယ်ရတာပေါ့။ ငယ်ငယ်က ဆိုရင် မီးပျက်တယ် ဆိုတာနဲ့ ထီထိုးကြတယ်။ မီးပျက်တာ အထူးအဆန်းသဘောလေ။ ကံဆိုးလို့ မီးပျက်တာ ကံကောင်းအောင် ထီထိုးတာ ပေါ့။ အခုများကြတော့ မီးလာရင် ကံကောင်းတဲ့ နိမိတ်ယူ ထီထိုး ရမဲ့ပုံဘဲ။

ယနေ့တော့ ဂလောက်နဲ့ မောသွားပြီ ၊ ဆာလဲဆာပြီဆိုတော့ သီးစုံ ချဉ်ရည်ဟင်းနဲ့ ဟွေးလိုက်အုန်းမယ်။ ချက်နည်းကတော့ လုလု မီးဖိုထဲ ၀င်ကြည့်ပါ။

1 comments:

Khin said...

ရန်ကုန်မှာ ဓတ်ပုံတွေ ဈေးပေါတယ် ကောင်းလဲကောင်းတယ်။

ကာလာတွေဒစ်၈ျစ်တယ်တွေဖြစ်ကုန်ပြီ

နေရောင်ခြည်အင်အားကလဲ သေးသေးလေးပါ

အလုပ်မဖြစ်သေးပါဘူး

ဓတ်ခဲတွေဘဲသုံးရတာပါ

စိတ်မစောပါနဲ့ 

ဂျေအတွက် အစားအသောက်ဓတ်ပုံဘလောက်ေ၇းပေးထားတယ်

ပြုံးရယ်ချင်းသည်အသက်၇ှည်စေ၏။

 
/* EOT ----------------------------------------- */