Monday, January 7, 2008

Fashion - B E D

ဟောက် တတ်သလား ရော့ ဒါနဲ့ အိပ်... ပေး ဒေါ်လာ ၅သောင်း US$50,000.

အမေရိကန်နိုင်ငံ Mark Quinn, of manufacturers Leggett & Platt, မှ တီထွင်ထုတ်လုပ်လိုက်သော The Starry Night ကြယ်စုံည အမည်ရှိ ကုတင်မှာ ဒေါ်လာ၅သောင်းတန်ဖိုးရှိပါသည်။ ၂၀၀၉တွင် စတင် ရောင်းချမည်ဟုသိရပါသည်။

အိပ်ယာတွင်းဝင် အိပ်ပါက အိပ်ယာတွင် တပ်ဆင်ထားသော စင်ဆာနှင့် မွေ့ ယာ ဖိအားစံနစ်သည် အိပ်နေသူ၏ လူ့ ခနွာကိုယ်၏အပူချိန်၊ အိပ်သည့်အနေအထားနှင့် ပြောင်းလဲမှု အကြိမ်၊ ၊အသက်ရှုသည့် အကြိမ်၊ ခနွာကိုယ်၏ လှုပ်ရှားမှု (တုန်ခါမှု)၊ ကို ကုတင်မှ မှတ်ယူပြီး လိုသလို ပြောင်းလဲကာ အိပ်နေစဉ် မဟောက်ရန် ထိန်းချုပ်ပေးနိုင်သည်ဟု ဆိုပါသည်။ ထို မှတ်တမ်းများမှတ်သည့် ကွန်ပျူတာသည် ၁၅၀၀ ဂစ်မှတ်ဥာဏ် ရှိပြီး ၄၀၀ ၀၀၀ သီချင်း သို့ မဟုတ် ၂၀၀၀ ဗီဒီယို ကိုသိုလှောင်နိုင်ပါသည့်  အပြင် ကုတင်၏ အပူအအေး၊ ကုတင်ပုံစံပြောင်းလဲမှု ကို အလိုအလျောက် လုပ်ဆောင်နိုင်ပါသည်

ကုတင်ကို ခေတ်ပေါ် နည်းစံနစ်သစ် များဖြင့် တည်ဆောက် ထားပါသည်။ စစ်ဘက်ဆိုင်ရာ အထူးလျို့ ဝှက် ထိပ်တန်းပညာ၊ တုန်ခါမှု နည်းစံနစ် ဖြင့် ဟောက်ခြင်းကို ပျောက်စေပါသည်။ အိပ်နေသူ စတင် ဟောက်လာပါက ကုတင်သည် တဖြည်းဖြည်း ၇ဒီဂရီအပေါ်သို့  ကြွတက်လာပြီး အိပ်သည့် ပုံစံကိုပြောင်းစေပါသည်၊ ထို့ ကြောင့် နှာခေါင်းလည်ချောင်းမှ ပိတ်ဆို့ နေသည်ကို ပွင့်စေကာ ဟောက်သည့်အသံ ရပ်သွားစေပါသည်။ ဟောက်သံပျောက်လျှင် မူလပုံစံသို့ ပြန်ရောက်သွားပါသည်။

အင်း ပြောလို့ သာပြောတာ..
- ဂလောက် ကုတင်ပြောင်းရင် အအိပ်ဆတ်သူတွေတော့ အိပ်ယာက ခဏခဏ လန့် နိုးပြီး အိပ်ကောင်း ခြင်းမအိပ်ရ ဖြစ်မှာဘဲ၊
- ညဘက် တိတ်ဆိတ်တဲ့ အချိန်မှာ ကုတင်လှုပ်ရှားမှုက အသံအနည်းနဲ့  အများထွက်ရင် အိပ်ရေးပျက်နိုင်သေးတယ်၊
- ကုတင်က ၂ယောက်အိပ်ဆိုတော့ တော်ကြာ လူက အိပ်ယာ၂ခုကြားရောက်ရင် ပုံပါအတိုင်း အိပ်ယာတခုအပေါ် ကြွရင်အင်း... ပြုတ်ကျမဲ့ ကိန်းဘဲ၊
- တကယ်လို့  လန့် ပြီး ဟောက်သံပျောက်လို့ အိပ်ယာ ပြန်အောက်ကျရင် အင်း.... အိပ်ယာ၂ခုထဲ ညှပ်နေမဲ့ ပုံဘဲ
- ဒီကြားထဲ ခြေထောက်က ကုတင်အစွန်းနားထားမိလို့  စင်ဆာတွေကြောင့် ကုတင်ဒေါင့်က တိုင်လုံးကြွတက်လာလို့  ကိုယ့်ခြေထောက်ကြီး အပေါ်မြှောက်တက်ပြီး ကားယားဖြစ်မှာ မြင်ယောင်မိသေး ဟီး
- ကိုယ့်ချစ်သူနဲ့  ချစ်စကားပြောမယ် ကြည်စယ်မယ် တိုင်ပင်ဆွေးနွေးမယ်ဆိုရင်တောင် ဟောက်တာထင်ပြီး ကုတင်ကြီး ကြွလာရင် သွပ်ခဘဲ romantic မဖြစ်ဘဲ ငိုမဲ့ငတစ် ဖြစ်ရမှာ တောက်... ဟင်း

အမလေးဟဲ့ ဒီလို ဈေးကြီးပေးပြီး အိပ်ရေးပျက်မဲ့ ကုတင်အစား ကိုယ့်ဟောက်သံနဲ့ ကိုယ်လန့် နိုးတာ ကောင်းမယ် ထင်ပါ့ဗျား ဒီကြားထဲ သူခိုးကြီး ငတက်ပြား ရထားခေါင်းတွဲကြီး(MyMetro) က ကုတင်ကြီး သိုသွားပြီးပြီ ဘယ်တော့ သူစိတ်ညစ်မလဲမသိ

စာရေးသူရဲ့ ကြိုတင်နိမိတ်ပြေးတွေ
Mark Quinnကုမဏီက သာတွေ့ ရင် အရင်လာငှားမှာ မြင်သေး။ ဒါမှ သူတို့ ကုတင်ကို အပြစ်မပြောစရာမရှိအောင် ပြုပြင်နိုင်မှာ ခုတော့ တော်တော်နောက်ကျသွားပြီ။

(ပုံ ကြိုတင်တွေးသူ)

3 comments:

Layma said...

ကုတင်ကြီးက အမျိုးမျိုးပြောင်းနေရင ခဏခဏ နိုးနေမှာပေါ့...။

ခွန်မြလှိုင် said...

Hi.. Please come and take your Special Birthday Gift.. :)

Anonymous said...

??

 
/* EOT ----------------------------------------- */