Sunday, January 20, 2008

Food - Grape Fruit


ပျစ်သီး


ညီမလေး နှင်းသဇင် ကပန်းသီးအကြောင်း ရေးထားတာနဲ့ ကိုယ်စားလေ့စားထ ရှိတဲ့ စပျစ်သီးအကြောင်း ကိုတင်ပေးလိုက်ပါတယ်။

ပန်းသီးကို မနစ်သက်တဲ့အတွက် တော်ရုံ ၀ယ်မစားဖြစ်ပါဘူး။ အစားများတာက စပျစ်သီး။ လိမ္မော်သီးနဲ့  စတော်ဘယ်ရီ ပါဘဲ။ စပျစ်သီးမှာ အစေ့ပါတာနဲ့ မပါတာ ၂မျိုးရှိပါတယ်။

အစေ့မပါတဲ့ စပျစ်သီးကို လူကြိုက်များတဲ့အတွက် ဈေးဆိုင်တွေမှာ ဒါဘဲတင်ရောင်းတာ တွေ့ ရပါတယ်။ ဒီဘက် မှာတော့ စပျစ်သီးကို ၃ရောင်တွေ့ ရပါတယ်။ အစိမ်းရောင် (white grape)၊ အမဲရောင် (black grape)၊ အနီရောင်(red grape)ပါ။ ၃မျိုးစလုံးဝယ်ပြီး ယှဉ်စားလိုက်တဲ့ အခါမှာ အမဲသီးဟာ အခွံအလွန်မာပါတယ်။ အတွင်းသားဟာ ချိုမြဆုံးဖြစ်သလို အခွံက ဖန်ပါတယ်။ (ဖန်တဲ့ အရသာ မနစ်သက်သလို အခွံထူသောကြောင့် များသောအားဖြင့် အခွံကို ထွေးထုတ်လေ့ရှိပါတယ်။ အမများက လိမ္မော်သီးကိုတောင် အမွှာအဖြေးပါးနွင်ပြီး လိမ္မော်ရောင် အတွင်းသား ကိုသာ ကျွေးသဖြင့် ယခုအထိ လိမ္မော်သီးစားလျှင် အခွံမစားသဖြင့် လူထူးလူဆန်း အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။)

အစိမ်းသီးက အခွံအပါးဆုံးဆိုနိင်ပါတယ်။ အမဲသီးလောက် မချိုမြပေမဲ့ လေးလေးပင်ပင် ချိုပါတယ်။
အနီသီးကတော့ အရောင်လှသော်လည်း အနဲငယ် ချဉ်ဖန်သလို အရသာ ပေါ့ပွပွဖြစ်နေတာ တွေ့ ရပါတယ်။ အဲဒီကထဲက ၀ယ်ကြစတမ်းဆိုရင် အမဲသီးနဲ့ အစိမ်းကိုသာ ရွေးဝယ်ပါတော့တယ်။

စပျစ်ပင်ရဲ့အရွက်တွေ ကို ဒီမှာ ဟင်းထုတ်လုပ်စားကြပါတယ် vine လို့ခေါ်ပါတယ်။ အနဲငယ် သက်တဲ့အတွက် မြန်မာပြည်က ရွက်ယိုရွက်အလားပါဘဲ။ အရွက် က အနဲငယ် ကြမ်းပါတယ်။ ချဉ်ပေါင်ရွက်လို ၃ချွန်ပါ ပုံစံ အရွက်ပါ။ ဒီမှာတော့ အသားငါး ဟင်းသီးဟင်းရွက်တွေနဲ့ ငါးပေါင်းထုပ် ထုပ်သလို ပေါင်းစားကြ ပါတယ်။

သိုးသားနဲ့ အမဲ သို့ မဟုတ် အသက်သတ်လွတ် အထုပ်ထုပ် ပါသော်လည်း စာရေးသူမှာ အရသာ မခံတတ်ပါသဖြင့် ခါးသက်သက် အရွက်ကြမ်းအရသာ အထုပ်ကို အရသာသိအောင်သာ မြည်းကာ ထို နေ့မှစတင်ပြီး ခုထိမစားပါ။ သို့ သော် ပါဝင်သော အရာများကို ကူးယူတင်ပြ လိုက်ပါသည်။

Arabic Stuffed Grape Leaves (Dolma)

Stuffed Grape Leaves with Ground Lamb or Beef

Ingredients

500 gms (1 lb) vine leaves in brine from a jar
1 1/4 cups of “Calrose” (shortgrain) rice - or “Egyptian” rice
500 gms (1 lb) of ground lamb or beef, pre-cooked and browned in a skillet, fat drained off
1/2 cup chopped parsley
1/4 cup chopped mint
1/2 cup chopped cilantro
1/4 cup chopped dill
1/2 cup finely minced scallions
1 large onion
2 garlic cloves
1 cup finely chopped tomatoes
1/2 to 3/4 cup olive oil
1 tsp. salt
1/4 tsp. pepper
1/2 cup lemon juice
1 1/2 lo salt Chicken bouillon stock cubes (Maggi)
1 1/2 cups water
1/4 tsp. mixed spice ( i.e. garam masala or Kuwaiti mixed spice)
1 potato sliced into 1/2 inch slices
* Please note, all herbs and vegetables should be rinsed well before hand to remove sand!

After washing and chopping fresh herbs ( either by hand or in a food processor) combine in a bowl and set aside. Also process your onion with the two garlic cloves in your food processor, until they are finely chopped. Dissolve or melt the chicken stock cubes in a small skillet in some of your olive oil over low heat. To your rinsed rice, add the ground meat you have pre-browned, as well as your spices, 1/2 cup of olive oil, lemon juice, the melted chicken stock cubes, tomotoes, salt, pepper. Mix well, then add your fresh herb mixture and mix thoroughly and evenly.

3 comments:

Smilemay said...

စပျစ်သီးကို စမိုင်းမေ တူလေး တအားကြိုက်တယ်။
ရုံးကပြန်လာရင် စပျစ်သီးတာ ၀ယ်ပေးရင် တအားခင် တတ်တယ်။
မဂျေ ဘလော့ဖတ်လိုက်တော့ နယ်က တူလေးကို သတိရလိုက်တာ။

Anonymous said...

နောက်တခါ စပျစ်သီးချားရင်အခွံပါချားနော်.. အခွံက ဆေးဘက်ဝင်တယ်တဲ့ တစ်ချို့showercream တေမှာ စပျစ်ခွံနဲ့လုပ်ထားတာတေချိရယ် health for skin အတွက် ကြားရား :P တမင်ရား :D

Khin said...

ကောင်းတယ် စပျစ်ရွက်နဲ့ ထမင်းနဲ့ လိပ်တာ
ဂရိဆိုင်တွေမှာ ရတယ်။
ကျန်းမာရေးနဲ့ ကိုက်ညီတယ်။

 
/* EOT ----------------------------------------- */