Wednesday, January 16, 2008

Food - summer roll


ကော်ပြန့် စိမ်း

ကဲ အခု ယတြာတမျိုးခြေကြရအောင် ကော်ပြန့် စိမ်းတဲ့ တနင်္လာနံနဲ့ အင်္ဂါနံပါတဲ့ အစာပေါ့။ ကံကောင်းစေ ဆိုတဲ့ အဓိပါယ်ဟတ်ဟတ်

ကြက်သား(သို့ )၀က်သား .၅၀ ကီလို (ငါးမသုံးပါ)
ပြုတ်ထားသောဂဏန်း အသား - ၃ဇွန်း (အနံ့ အတွက်အဓိကဖြစ်ပါသည်။ ပိုထဲ့နိုင်လျှင် ချိုပါသည် အချိုမှုန့် ပင်မလိုပါ)

စိမ်းစားဥ (၁.၅လက်မအရွယ်) ၅လုံး
ကြက်သွန်ဖြူ - ၄မွှာ
ဆား - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)
အချိုမှုန့် - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)
ပဲငံပြာရည်အကျဲ - ၂ဇွန်း
ကြက်သွန်နီမိတ် - ၅ပင် (၃ပင်ကို စိတ်ရ်ျ လိပ်တဲ့အထဲထဲ့ပြီး ကျန်၂ပင်ကို ၂လက်မအရွယ် စိတ်ရ်ျ ကိုက်စားရန် သုံးပါသည်)
မုန်လာနီ (၄လက်မအရွယ်) - ၅ဥ (အညာက ခါကြက်ဥဟုခေါ်ကြောင်း အံ့သြဘွယ်သိရှိရပါသည်)
ဂေါ်ဖီထုပ် - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ)
ဘိုစားပဲ - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ)
ပဲပင်ပေါက် - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ) (ကြိုက်လျှင်ထဲ့ပါ ရေထွက်သောကြောင့်၎င်း ရက်ကြာကြာထားစားမရသောကြောင့်စာရေးသူမသုံးပါ )
ဘဲဥ(ကြက်ဥ) - ၃လုံး ( ပွအောင် ခေါက်ထားပါ )

ဘဲဥသည် အရောင်လှသလို အနံ့ ပိုမွှေးပါသည် (စာရေးသူကြိုက်သောကြောင့်ဖြစ်ပါသည် :-D )
ကော်ပြန့်ရွက်ကိုတော့ သိပြီးသားဖြစ်လို့ မပြောတော့ဘူး နိုင်ငံရပ်ခြားရောက်နေသူတွေ ကတော့ rice paper ကို မဟုတ်လဲ ရယ်ဒီမိတ်အဖတ်သုံးလဲရပါတယ် ပြီးမှ ထပ်အပူပေးလိုက်ပေါ့။

ယတြာပစည်းပြင်ဆင်ပုံ

ဝက်သား ဒါမှမဟုတ် ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်နုပ်နုပ်လေးတွေဖြစ်အောင် စင်းပေးပါ။ မုန်လာဥနီ၊ ကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ စိမ်းစားဥကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ ဂေါ်ဖီထုပ်ကိုလည်း သေသေချာချာ ရေဆေးပြီး ခပ်ပါးပါးလှီးပါ။ ဘိုစားပဲကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပေးပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေစစ်ထားပေးပါ။ အားလုံးကို သီးသန့် ထားရမည် ဖြစ်ပါသည်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး နုပ်နုပ်စင်းပါ။ ပဲပြားတခုကို အချပ် ၈ချပ်ရအောင်စိပ်ပါ။ ဘဲဥကို ပွအောင် ခေါက်ထားပါ။ နုပ်နုပ်စင်း ပါးပါးလှီး ရခြင်းမှာ အရာရာ ကံဆိုးခြင်း ကြေပျက်ရန် ဖြစ်ပြီး ဘဲဥပွခြင်းမှာ အသင်ပွအောင်..... အဲ ငွေဝင်အောင် ဖြစ်ပါသည်။

ကံတွေ ချက်ပြီ
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်သာ ထဲ့ပြီး အိုးအနှံ့  ဆီရောက်အောင် လှည့်မွှေပေးပါ။ ခေါက်ထားသော ဘဲဥကို ထဲ့ပြီး ခေါက်မုန့် ပုံစံအပြားဖြစ်ရန် ဒယ်အိုးကို လှည့်ပေးပြီး ကျွတ်အောင် ကြော်ပါ။ လိုအပ်လျှင် ဆီအပေါ်မှ နဲနဲ လူးပေးပါ။ ဆယ်ပြီးပုဂံပြားထဲထဲ့ထားပါ။ ဘဲဥအရည် အားလုံးကို အချပ်ဝိုင်းဖြစ်ရန် ကြော်ပြီးပါက ထပ်မံ ဆီထည့်ပြီး ပဲပြားကြော်ပါ။ ကြွပ်အောင်ကြော်လျှင် ၀ါးသောအခါ ပါးညောင်းပါသဖြင့် အနည်းငယ် ညိုရောင်သန်းလျှင်ဆယ်ပြီးဆီစစ်ထားပါ။ ပြီးလျှင်
နုပ်နုပ်စင်း ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ နဲနဲဝါလာ ပြီဆိုတာနဲ့ နုပ်နုပ်စင်းထားတဲ့ အသားနှင့် ဂဏန်းအသား တွေကိုထည့်ပြီး ကြော်ပြီး ဖယ်ထားပါ။ ပြီးရင် လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနဲ့ ပဲပင်ပေါက်တို့ကို တခုချင်းထည့်ပြီး မီးပြင်းပြင်းနဲ့ (ဆားငံပြာရည်အကြည်ထဲ့)ကြော်ပြီး ပုဂံပြားထဲထဲ့ထားပါ။ ပြီးမှ ပြန်ရောပါသည်ဟင်းရွက်တွေ အရည်ထွက်လို့ ကုန်အောင် ချက်ပါတယ်၊ ပြီးလျှင် အားလုံးပြန်ရောပြီး အပေါ့အငံမြည်း၊ ပါသည်။ တခုချင်းကြော်ရခြင်းမှာ တချို့ ဟင်းရွက်များ အရည်ထွက် လွန်းသောကြောင့်၎င်း မုန်လာနီအရောင် တခြားဟင်းရွက်သို့ မစွန်းသွားရန် ၄င်းဖြစ်ပါသည်။

ဘဲဥကြော် အပြားဝိုင်းများကို ၁လက်မအရွယ် အမျှင်များဖြစ်ရန် ပါးပါးလှီးစိတ်ပါ။ ပဲပြားကိုလည်း ပါးပါးအမျှင် လှီးစိတ်ပါ။ ပုဂံထဲတွင် သီးသန့် ထားပါ။ ပြီးတော့မှ အဆာတွေကို ဒယ်အိုးထဲကနေ အဆာတွေကို အိုးထဲတွင် အအေးခံ အရည်စစ်ရန်ထားပြီးမှ ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ဇွန်းဖြင့် အရည်စစ် ခပ်ယူထားပြီး အအေးခံထားပါ။

ကံကောင်းစာတွေ ဘယ်လို စုလိပ် မလဲ
ပုဂံပြားထဲတွင် ကော်ပြန့်ရွက်တရွက် ခင်း၊ ဆလပ်ရွက်ထိပ်ပိုင်းကို ဖြန့် ခင်း ဆလပ်ရွက်ပေါ် အစာကို ဇွန်း၂-၃ဇွန်း ခပ်ထဲ့ပါ။ (ဟင်းရွက်များ အရည်ထပ်ထွက်သောကြောင့် အိုးကိုစောင်းပြီး အရည်စစ်ပါ (သို့ ) အပေါ်ယံအသားများကို ခရင်း၂ချောင်းဖြင့် အရည်ညှစ်ထဲ့ပါ။) အဆာများကို ညီအောင်ညှိထဲ့ပါ။ပဲပြားကြော်၊ ဘဲဥကြော်အမျှင်နှင့် အသားကြော်များအပေါ်မှ ထပ်ထဲ့ပါ၊ ကော်ပြန့် အဖတ်ကို ပထမ အောက်ခြေမှ အရွက်ပေါ် အုပ်ပါ။ အုပ်ထားသော အဆာရှေ့ ဘက်တွင် ပဲငါးပိ အပျစ် အချိုရည် ကို ဇွန်းသေးတ၀က်ခန့် ထဲ့ပြီး လက်ဘက်ရည်ဇွန်းဖင်ဖြင့် အရှည်လိုက်ပွတ်ပါ။ ပြီးမှ ဘေး၂ဖက် အစွန်း ကိုထပ်ခေါက်ပြီးလိပ်ပါ။ အဆုံးရောက်ခါနီးလျှင် ကို ကော်ပြန့် သားကို ငရုတ်ရည် အနီရောင်သုတ်လိမ်းပြီးကပ်လိုက်ပါ။ကော်ပြန့် မှာ အဖြူရောင် အလိပ်တွင် အညိုရောင် အနီရောင် တကွက်စီဖြင့် လှပသွားပါမည်။

စားသောအခါတွင် ကြက်သွန်နီမိတ်ဖြင့်စားပါက ပိုမွှေးပါမည်။

အချဉ်အတွက်တော့ chito ငရုတ်ရည်လေးထဲကို ကြက်သွန်ဖြူလေး နည်းနည်းထောင်းထည့်ပြီး ချင်းခြစ်ထားတာလေး နည်းနည်းထည့်လိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကော်ပြန့်စိမ်း နဲ့ အချဉ်ရည်လေး တို့ပြီး သုံးဆောင်နိုင်ပါပြီ။

ကံကောင်းစာ (ကော်ပြန့် စိမ်း) စားပြီးလျှင် ကံကောင်းမည်ဟု ယူဆပါ။

ပုံ

ပြုံးပျော်ရေး အေဂျင်ဆီ (အကယ်ရ်ျ သင်ကံမကောင်းပါက သင့်၏ ယတြာပြင်ဆင်မှု့ မှာ မသန့် ရှင်းသောကြောင့် သာဖြစ်ပါသည်။ ယတြာလမ်းညွှန်အတိုင်း မလိုက်နာသောကြောင့်ဖြစ်သဖြင့် ယတြာပေးသူနှင့် မသက်ဆိုင်ပါ။ )


အသားမရှိရင် ရတယ် ဂဏန်းကတော့ တကယ်မွှေးစေတယ်။ အသက်သတ်လွတ်ဆိုရင် အသားနဲ့ ကြက်ဥ မထဲ့နဲ့ပေါ့ ။ တကယ်တန်းကျတော့ စိမ်းစားဥ။ဘိုစားပဲက ဈေးကြီးတော့ စာရေးသူခမျာ မုန်လာနီ ပဲတောင့်ရှည် ဂေါ်ဖီထုပ် ကြက်ဥ၊ ဂဏန်း နဲ့ ဘဲဆလပ်ရွက်နဲ့ လိပ်လိုက် ရတာပါဘဲ။ တခါတလေ ရှိသမျှ ချက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ မြိုချပြီး ဗိုက်ထဲမှာ လိပ်လိုက်တယ် ။ ဆီနဲတဲ့ diet အစာပါဘဲ

2 comments:

Chit Lay Pyay said...

ကော်ပြန့် လေးက စားချင် စရာလေး သရေတောင် ကျလာပြီ၊ ကော်ပြန့် စိမ်း အရမ်း ကြိုက်တယ်၊ ကော်ပြန့်စိမ်း လုပ်နည်းလေး အတွက် ကျေးဇူးပါ၊ ကိုဂျေ ကြည့်ရတာ တော်တော် သဒ္ဒါတရား အားကောင်းတယ် ထင်တယ် တကမ္ဘာလုံးက တွေ အတွက် ကြက်သား(သို့) ၀က်သား ၅၀ ကီလိုတဲ့ မနည်းဘူး စားရမှာ နုတ်နုတ်စင်း နေရတာနဲ့ တင် လက်အံ့ သေမယ် တင်တယ် ၊ ဘေလာ့ဂ္ဂါ

diLo said...

i have eaten this before!
really really nice nice..hee..

The pix looks super delicious wor..
hee

 
/* EOT ----------------------------------------- */