Friday, January 25, 2008

News - Hair thief


ဆံကေသာ အလှ ငွေ စက် ချိန် မှ တန်ဖိုးမက သိရမည်


ဘရာဇီးနိုင်ငံတွင် အမျိုးသမီး ဆံပင်များ လုယက် ဖြတ်မှု၊ ခိုးမှု များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပေသည်။ Aracaju အာဂျာကာဂျူ မြို့ လေးတွင် ဘုရားကျောင်းသို့ သွားနေသော အိမ်ရှင်မ တဦး၏ ဆံကေသာကို မော်တော်ဆိုင်ကယ် ပေါ်မှ မိန်းမ ၂ဦးက ရုတ်တရက် ဖမ်းဆွဲပြီး ဆံပင်အရှည်ကို ဖြတ်တောက် လုယူ သွားခဲ့သည်။ ထို အမျိုးသမီးသည် အနစ် ၂၀ မညှပ်ဘဲ အရှည် ထားခဲ့ရသော ၁.၅မီတာရှည်လျားသော ပေါင် ၃၀၀ တန် (အမေရိကန် ဒေါ်လာ ၆၀၀ တန်)ဆံကေသာ ကို ၂၂ ဇန္န၀ါရီ ၂၀၀၈ တွင် အလုယူ ခံခဲ့ရသည်။

ဆံပင်အတုဆိုင်တဆိုင်သို့  အနစ် ၂၀ခန့် မှ မိုးကြိုးပစ်ခံရပြီး သေဆုံးသော အမျိုးသမီး၏ ဆံပင်ကို ဈေးအမြင့်ဆုံး လေလံတင် ရောင်းချခဲ့သည်။

ယမန်နစ်က ဘတ်စကားပေါ်တွင် ခရီးသွားနေသော အသက် ၂၂နစ်အရွယ် မိန်းခလေးမှာ ၄နစ်ကြာ ထားခဲ့ရသော သူမ၏ဆံကေသာ အရှည်ကို ပတ်တီးညှပ်သော ကတ်ကြေးဖြင့် လုယူ ဖြတ်တောက် ခြင်းခံခဲ့ရလေသည်။

ဘရာဇီးတွင် လူ့ ဆံပင် တန်ဖိုးမှာ ဈေးနုန်းကောင်းနေပါသည်။

ထို သို့ ဆိုလျှင် ဘလော့ကာတို့ အတွက် ၀င်ငွေရှာလိုပါက အဖွားများ ကြီးတော်များ အမေများ ပြောပြီး သူတို့ ၏ ဆံထုံး ထုံးသက်သာရန်၎င်း အိမ်အပို ၀င်ငွေရနိုင်ရန်၎င်း ကြိုးစားနိုင်ပါသည်။ သို့ မဟုတ် ဘလော့ကာ ညီလေးများလည်း ဘုန်း
မောင်မောင့် ယောင်ကြီးဘွေ မောင်ဆုံးခံကာ ၀ယ်ပေးမယ် မေ့အတွက် ချစ်သက် လက်ဆောင် ဆိုသလို ယခုမှစတင်ရ်ျ ဆံပင်ရှည်ထားနိုင်ကြပါသည်။

အုန်းဆီ၊ ရှန်ပူနှင့်တလျှော်ကင်ပွန်းရောင်းသူများ က ပြုံးပျော်ရေးအေဂျင်ဆီသို့  ကျေးဇူးတင် မှတ်တမ်းလွှာ ပေးပို့  ကြပါသည်။ သို့ သော် ပြုံးပျော်ရေးအေဂျင်ဆီမှာ ဆံပင်ညှပ်ဆိုင်မှ ကန့် ကွက်စာတင်ထားသည် ကို သွားရောက်ဖြေရှင်းရအုန်းမည် ဖြစ်ပါသည်။ (စာမှီး မက်ထရို)

6 comments:

Pinkgold said...

ဆံပင်အရှည်ထားမယ်
ဘရာဇီလ်းကိုသွားမယ်
ရောင်းစားမယ်

ဂျေဂျေ said...

အဖွားတွေ အမေတွေ အဒေါ်တွေ တော့ ဒီပို့ စ်တင်ပြီး တဲ့နေ့ ကစပြီး ဆံပင် အဖြတ်မခံရအောင် ညဘက် အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်တော့မှာဘဲ တော်ကြာ ပြုံးပျော်ရေးအေဂျင်ဆီကို လာအမှုပတ်မှာစိုးလို့ လစ်ပြီ တာ့တာ

ကလူသစ် said...

မြန်မာပြည်မှာလဲ ဆံပင်တွေ ဖြတ်ရောင်းစားနေရပါပြီကွယ်။ ဆံပင်ဝယ်တဲ့ဆိုင်တွေတောင် ဖွင့်ထားသေးတယ်။

မြရွက်ဝေ said...

ဆံပင်က စိန်ထွက်တယ်။ ဖော်မြူလာခက်ပြီး အချိန်ကြာလို့သာပေါ့။ လွယ်လွယ်သာ လုပ်လို့ရရင်တော့ ဂတုံးတွေ ဖြစ်ကြတော့မှာဘဲ။

Khin said...

သတိရတယ် တခါက မြန်မာပြည်မှာ မိန်းမတွေ ဆံရှည်ပြိုင်ကြတာ
သတင်းစာထဲမှာ ဆုချတယ် ယဉ်ကျေးမှုတဲ့

အခုနေဈေးကောင်းတာနဲ့  အတော်ဘဲ

ငါတို့ တော့ငယ်ငယ်ကထဲက ဆံရှည်ထားဘို့ စိတ်မ၇ှည်ပါဘူး

~P~ said...

ဟဲဟဲ အခုတောင်ဆံပင်တော်တော် ရှည်နေပြီ..ကျောင်းလခအကြွေးတင်နေတော. ဖြတ်ပြီးရောင်းလိုက်ရင်ကောင်းမယ်နဲ.တူတယ်..:D

 
/* EOT ----------------------------------------- */