Saturday, March 15, 2008

True - ဘာ့ကြောင့် ရိုင်းစိုင်းတာပါလိမ့်

ဘလော့ရေးတယ် ဆိုတာ သူငယ်ချင်းလိုချင်လို့ ၊ ဗဟုသုတရှာချင်လို့ ၊ ကိုယ့်ဗဟုသုတ မျှဝေချင်လို့ ၊ အကူညီပေး သလို တောင်းခံချင်လို့ နဲ့ စိတ်၏ ထွက်ပေါက်ရာ အတွက် ရေးခြင်းဖြစ်ပါတယ်။

ဘလော့ရေးခါမှ စိတ်အနှောင့်ယှက် ဖြစ်ရ၊ ရိုင်းစိုင်းတဲ့အပြောခံရပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။

အရင် ဘလော့ကာတွေ စိတ်ဆင်းရဲတယ် ဆိုတာ ဖတ်ရကထဲက ဘလော့ထဲမှာ အတိအကျ ရေးထားပါတယ်။ နိင်ငံရေး မလုပ်၊ စိတ်ဆင်းရဲစရာ တခုမှမတင်၊ ဖတ်သူအများပျော်ရွှင်ဖို့ ၊ ဗဟုသုတ ဖလှယ် အကူညီပေးရေး အတွက်လို့ ရေးပြီး အခြေအမြစ်မရှိသူ များ မှတ်ချက်ရေးလျှင် ဖျက်ပစ်ပါတယ်။

ဘလော့ကာတဦးက လာ နောက်ပြောင်ပြီး နှတ်ဆက်လို့ သူ့ ဆီ အလည်သွား နောက်ပြောင်တာ အဆန်းမဟုတ် ပါဘူး။ သို့ သော် အမှား လေးများ တွေ့ ရှိရတဲ့အတွက် စာလုံးပေါင်းအမှားပြင်ရန် အကြံပေး ခဲ့ပါတယ်။ ထိုဘလော့ကာ က အပြောင်အပြက် သဘော နဲ့ အမှတ်တမဲ့ မှားတာ ဖြစ်ကြောင်း ပြောတဲ့အတွက် အမှား ပြင်ဖို့ ရေးမိတာ တောင် စိတ်မကောင်းဖြစ်ရပါတယ်။ ထို့ အတွက် ကြောင့် လူတိုင်းအမှား ဖြစ်နိုင်ကြောင်း ဖတ်မိသမျှ အမှား လေး များကို ပြောပြပြီး ပြင်ဖို့ အကြံပေး လိုက်ပါတယ်။


အခုချိန်ထိ စာရေးသူ စိတ်သန့် ပါတယ်။ ဒီဘလော့ကာမှာ အမှားလေး ပြင်စေလိုတဲ့ စိတ်စေတနာ သန့် သန့် နဲ့ ပါ။

အမှားပြင်ထားလေမလား ဆိုပြီး နောက် တခေါက်သွားကြည့်တော့မှ လား လား ကိုယ့်ကို ကလော်တုတ် ထားတဲ့ မိန်းခလေး တဦး ကြောင့် အတော် စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ အမှားပြင် စေချင်တဲ့ စေတနာ ကို ယောင်ချာချာလူ လို့ ပြောရ လောက်အောင် စာရေးသူ က ဘွဲ့ ၃ခု မကရထားတဲ့ ပညာတတ်တဦးပါ။ ဘလော့မှာ စာရေး နိုင်တဲ့သူ ဟာ ယောင်ချာချာ ဖြစ်ပါ့မလား။ သူ ကိုလည်း တခါမှ ရိုင်းစိုင်းစွာ မဆက်ဆံဘူးပါ။ ယခုအခါတွင်လည်း သူမ ဘလော့ မဟုတ် သလို သူမနှင့်လည်း ပြောဆိုခြင်းမဟုတ်ပါ။

ဘာ့ကြောင့်များ သူမနှင့် မသက်ဆိုင်ဘဲ ယခုကဲ့သို့ ဝင်ရောက် ရိုင်းပြ နေပါသလဲ မောက်မာ နေပါသလဲ ဆိုတာ မစဉ်းစားတတ်တော့ပါ။

ဒါကတော့ လက်တွေ့ တွေ့ ကြုံခဲ့ရတဲ့ ရိုင်းစိုင်းမှု့ ပါ။ ဘလော့ကာများ အားလုံး (သူ ၏အမှားကို တောင်းပန်ခြင်း မရှိသော) ထိုမိန်းခလေး ထံမှ မဆီမဆိုင် ၀င်ရိုင်းစိုင်းမှုမှ ကင်းဝေးကြပါစေလို့ ဆုတောင်း မေတ္တာပို့ သ လိုက် ပါတယ်။

ထိုဘလော့ကာကိုလည်း အပြီးအပိုင်နှတ်ဆက်ခဲ့ပါတယ်။

7 comments:

Anonymous said...

စိတ်အေးအေးထားပါဗျာ။
အကျီစားသန်ပြီး ဒီလိုဖြစ်သွားတာပါ။
စိတ်ထဲကပါလို့ ပြောကြတာ မဟုတ်ပါဘူး။
စရင်းနောက်ရင်းဖြစ်တာပေါ့။
အချင်းချင်းတွေပဲ။

နော်ဗျ။

သင်ကာ

သဇင်ဏီ said...

ဘာတွေဖြစ်လဲတော့မသိ..
ဒီလိုပဲဖြစ်တတ်ပါတယ်...
အားလုံးကိုနားလည်အောင်ကြိုးစားပေးလိုက်ပါနော်...
လင့်ခ်ယူသွားတယ်..
သယ်ရင်းစာရင်းထဲထည့်မလို့ :)

Khin said...

ဘာဖြစ်ကြတာလဲလို့  ရေပက်ကြတာပေါ့လို့ 

ဂျေရေ မိမိ ၇ဲ့  ပြုံးပျော်ရေးဧဂျင်စီရဲ့  ရည်ရွယ်ချက်ကနေသွေဖီချင်းမပြုပါစေနဲ့ 

ဒို့ များလဲစိတ်ရှုပ်မခံနိုင်လို့  ချက်ဘောက်မထားပါဘူးကွယ်

စကားများတော့အမှားပါတတ်ပါတယ်

ခွင့်လွတ်ပါ လိပ်တွေလို ဘဲ အရေခွံထူကြတာပေါ့

Anonymous said...

ဒီလိုပဲပေါ့ .. မဂျေ ..
သိပ်စေတနာ ပိုတာကိုး .. ဂရုတစိုက် ဝေဖန်တဲ့အတွက် ကျေးဇူးတင်ပါတယ်..
စိန်ဂေဟာ post မှာဆို မီလုပ်တဲ့ paper folding origami လေးတွေက လုပ်နည်းမှာ Diamond shape လို့ သေသေချာချာ ရေးထားလို့ပါ ..
fancy diamond တွေကို အရောင်ရင့်အောင် လုပ်ချင်ရင်လဲ လုပ်လို့ရပါတယ်.. အများစုက မဂျေ ပြောသလိုပဲ အရောင်ဖျော့ပါတယ်..
http://diamonds.blogs.com/diamonds_update/2006/10/red_diamond_for.html ,
http://famousdiamonds.tripod.com/hopediamond.html
အရုပ်ခေါက်တာပဲဟာ .. ဒီအရောင် ဒီပုံစံတွေ စိန်အစစ် ဖြစ်စေလို့ ရေးထားတာမှ မဟုတ်ဘဲ .. ပုံမှာ ၀ါးသွားလို့ သေချာမမြင်ရလိုက်ရင် ခွင့်လွှတ်ပါ ..
မီ့အတွက်တော့ မီခေါက်လိုက်တာ diamond ပဲ .. မီက စိတ်ညစ်ရင် လုပ်ဖြစ်တဲ့ အရုပ်ကလေးတွေအကြောင်း ရေးထားတာပါ..
မီ နေကောင်းလာသလို မဂျေလဲ နေကောင်းလာမှာပါ ..

ထွန်း said...

ကိုတင့်ကား ကျေးဇူးပါ။ သဇင်ဏီ အခုတော့ အိုကေပါပြီ။ အမ မေဗမာကျေးဇူးပါ။ ဂလိုလား ရွှန်းမီလေး.. ဒါဆို ခေတ်နဲ့ တော်တော် ကွာခဲ့လို့  ခေတ်မှီအောင် ရွှန်းမှီဆီ ပြန်သင်မှဘဲ...

Anonymous said...

she is still young. please forgive her. we all are mature. do not take it seriously.

Anonymous said...

ကဲကျွန်တော် လည်လည်လာတယ် ခင်ဗျာ ......ဒီလိုလေးဖြစ်သွားတာ ကျွန်တော် လည်း စိတ်မကောင်းပါဘူးဗျာ ....... ကျွန်တော် တို့ ညီအစ်ကိုမောင်နှမတွေ ....ပြောတာဆိုတာအမှားပါရင် ...ခွင့်လွှတ်ပါလို့ ကျွန်တော် လည်း ကြိုတောင်းပန်ထားပါတယ် ခင်ဗျာ ..........

 
/* EOT ----------------------------------------- */