Monday, March 3, 2008

Food Prawn vegy

ပုစွန်ခွက်ကြော်

ချိုနွယ်ဦးက မုန့် ကျွေးရမယ် ဆိုတော့ မတင်ဖြစ်တဲ့ ပို့  လေး တင်ဖြစ် သွားပါတယ်။

ကျန်းမာရေးအတွက် အစားမရှောင် ခင် နောက်ဆုံးနေ့ အနေနဲ့  ပုစွန်ခွက်ကြော် ကြော်စားခဲ့ သေးတယ်။ ကိုအဲန်ဒီဆီက နည်းလေးဖတ်ပြီး ၀ယ်ထားတဲ့ ပဲပင်ပေါက်နဲ့ ပုစွန်ဆိတ်လေးကြော်ဖို့ စဉ်းစားတယ်။ သူငယ်ချင်းကို မတွေ့ ရတာ ကြာတော့ ဖိတ်ထားတာနဲ့  စားစရာ အဆန်းလေး ကျွေးဖြစ် သွားတယ်။

ပထမကိုအဲန်ဒီရဲ့ နည်းအတိုင်း အမှုန့် ဖျော်တာဘဲ အရည်ကျဲတော့ ကြော်လိုက်တဲ့ အခါ အဆင်မပြေဘူး။ ဒါနဲ့  ပစ်သွားအောင် ရောရင်းနဲ့  စားကောင်း သွားတာဘဲ။

၁. တန်ပူရာ မှုန့်  (ကြော်ပြီးခါစတွင် ပွကာ ကြွပ်ကြွသော်လည်း အေးလျှင် ပျော့သွားသည်။)
၂. ကောက်ညှင်းမှုန့်  (ကြော်ရာတွင် ပွစေသည်။)
၃. ဆန်မှုန့်  (အကြော်အေးလျှင် မာစေသဖြင့် စားကောင်းသည်။ မပွပါက ဂျပ်ခဲဖြစ်နိုင်သဖြင့် တခြားအမှုန့် ရောသင့်သည်)
၎. ပဲမှုန့် (အကြော် ချိုစေသော်လည်း အကြော်မကျွပ်ကြွပါ။)
၅. ဆား
၆. အချိုမှုန့်  (မကြိုက်လျှင် မထဲ့ပါနှင့် ပဲမှုန့် က ချိုစေပါသည်။)

၁၊၂၊၃၊၄ အားလုံးကို ဆတူရောပါသည်။ ကောက်ညှင်းမှုန့် ကိုအားလုံးထက် တ၀က်သာထဲ့ပါသည်။ မုန့် နစ်ရည်မှာ့ ပစ်ပစ်ဖြစ်သင့်သည်။ သို့ မှသာ ပဲပင်ပေါက်နှင့် ရောနယ်ရာတွင် မုန့် နစ်များ ပဲပင်ပေါက်တွင် ကပ်နိုင်ပါသည်။ ဆီထဲ ထဲ့သောအခါ ပစ်သဖြင့် မုန့်နစ်သားများ အောက်ဘက်သို့  ကျမသွားသဖြင့် စားကောင်းသလို အကြော်လှ ပါသည်။

ပုဂံပြားထဲတွင် ပဲပင်ပေါက် လက်တဆုပ်ထဲ့၊ မုန့် နစ်ရည် ၄ဇွန်းထဲ့ နယ်ကာ ဆီအိုးထဲတွင် ပြားပြား ၀ိုင်းဝိုင်းလေး ဖြစ်အောင် ဖြန့် ထဲ့ပါသည်။ မုန့် နစ် ပျစ်သဖြင့် လက်ဖြင့် လိုသလို ပုံဖော်နိုင်ပါသည်။ ပြီးလျှင် ပုစွန်ကို မုန့် နစ်ရည်ထဲ ထဲ့ကာ ပဲပင်ပေါက် အပေါ်တွင် တင်လိုက်ပါသည်။

မုန့် နစ်သည် ပုလင်းထဲမှ ငရုတ်ဆီလို ပစ်ပစ်ခဲခဲ ဖြစ်သင့်သည်။ ပဲပင်ပေါက်တွင်ကပ်နေသလို လိုသလို ပုံဖော်နိုင်သည်။ ပုစွန်ကို မုန့်နစ်တွင်နစ်ပြီး ပဲပင်ပေါက်ပေါ်တင်ရာတွင် လည်း မုန့်သားကပ်သဖြင့် ကြွပ်ပါသည်။

6 comments:

ThuHninSee said...

ကိုဂျေ..နည်းနည်းတူးနေသလားလို့
စတာနော်..
စားလို့ကောင်းမယ်ထင်ပါတယ်

ထွန်း said...

အင်း နဲနဲ နီတယ် မခါးလို့  မတူးဘူးထင်တာဘဲ။ ဖြူတော့ မကျွတ်ဘူးထင်လို့ ၊ ဒါတောင် မျှင်းကြော်တာ မကျွတ်မှာစိုးလို့  အဲဒါ အခု ၂၅လောက် ရှိမယ် ထပ်ထားလို့ တပုဂံထဲ ထင်ရတာ။

~P~ said...

ဟာ..သရည်ကြလာပြီ... ကုန်ပြီလားမသိဘူး..ကိုဂျေ.. တစ်ယောက်တည်းမစားနဲ.လေ...ညီမလေးတိုကိုလဲ..နည်းနည်းကျွှေးအုန်း..:D lol

စူး said...

ဂျေ..
လာစားသွားတယ်..
လင့်ချိတ်ထားတယ်နော် ခွင့်ပေးပေး မပေးပေး..
ဘလော့ကတော့ ပီးသေးဘူး။

Thinzar said...

အောင်မြတ်လေး... အားလုံးကို ဆတူ ရောပါသည်။ တဲ့။ အချိုမှုန့်ရော ဆတူရောလိုက်တာလားဟင်င်င်??? :D

ထွန်း said...

အာ... ဟုတ်ပါ့.. အချိုမှုန့် တော့ ဆတူမရောဘူး ကြည့်စမ်း အမှားမမြင်မိဘူးကျေးဇူးဘဲ ပြင်လိုက်ပါမယ်။

 
/* EOT ----------------------------------------- */