Wednesday, February 13, 2008

General - Disappear ပျောက်နေသည်

ပျောက်နေသည်။

အကြောင်းရင်းမှာ...
စာရေးသူသည် နံမည်ဂျီး ပျောက်စေဆြာဂျီး ဒေါ်ချိုငယ်ဦး ထံ ဖိတ်ကြားချက်အရ ဆေးကုသရန် သွားခဲ့သည်။ ပျောက်စေဆြာဂျီးသည် ပျောက်နေပါသောကြောင့် သူ ၏ ဆီပုံးထဲတွင်တ၀ဲလည်လည် လက်တို မျက်စိညောင်း သွားပါသော်လည်း ၂ရက်ခန့် အကြာမျှ မမြင်ရ အသံမကြားရပါ။ ပျောက်စေဆြာဂျီး ပျောက်နေသည်မှာ မဆန်းပါ။

ယခု စာရေးသူ၏ ကျန်းမာရေးအခြေအနေ ကို ရိပ်စား မိသော ဆြာကိုစိုးထက်မှာ သူ ၏ သာယာဌာနေ ဘလော့မြေမှ တယ်လီပတီနည်းဖြင့် စာရေးသူ အား ကျန်းမာရေး ကို ခြေဆုံးခေါင်းဆုံးစစ်ဆေး ဆေးစစ် သည့်အခါ (ခြေဆုံးတွင် ခြေသည်းရှည် နေသည် ကို၎င်း၊ ခေါင်းဆုံးငယ်ထိပ်တွင် ဆံပင်ငွေရောင် ရွှေရောင် တောက်ပ နေသည်ကို ၄င်း) အသက် အန္တရယ် စိုးရိမ်ရသည် ကို တွေ့ ရှိသွားပါသည်။

ထို့ အတွက်ကြောင့် စာရေးသူအား ဆေးအညွှန်းရေးပေးလိုက်သဖြင့် ၀မ်းသာအားရ ဆေးခန်းမှ အပြန် ဆေးစာ ကို ဖတ်ကြည့်လိုက်သော အခါ...

၈ပါးသီလယူရမည်..... အပိုပစ္စည်း လျော့ချရန်အတွက် ဖြစ်ပါသည်။

ညညမအိပ်နိုင်မှု့ လျော့ပါးစေခြင်း အသက် ရှည်နိုင်စေခြင်း ကျန်းမာရေး အားကောင်းစေခြင်း ကာဘိုဟိုက်ဒြိတ် လျော့ချစေခြင်း လူပေါ့ပါးစေခြင်း အလို့ ငှာ ညစာမစားဘဲ ကုသိုလ်ပိုရစေရန် ဖြစ်ပါသည်။ လောလောဆယ် စာရေးသူ မှာ အပိုပစ္စည်း (အဆီ) လျော့ချရန် ကြိုးစားနေရ ပါသည်။

ထို့ အတွက်ကြောင့် အခြေအနေမှာ ရှုပ်ထွေးပြီး လွန်စွာ စိုးရိမ်နေရပါသည်။

ပုံ
လူနာ

ခွင့်လွှတ်ပါ အခုတလော ကျန်းမာရေး ကြောင့် ဘလော့တကာ လိုက်လည်ခြင်းနဲပါးရသဖြင့် မျက်တော် မရှ ကြပါနှင့်... မြှားနတ်မောင် အေဂျင်ဆီမှာ တတ်နိုင်သလောက် ကူညီပါမည် ဖြစ်ကြောင်း အကြောင်းကြား အသိပေးအပ်ရပါသည်။

မေတ္တာဖြင့် လာရောက်အားပေးကြသော ဘလော့ကာ မောင်နှမများအား လွန်စွာ ကျေးဇူးတင်မိပါသည်။ စာရေးသူ ဘလော့ရေးခြင်းမှာ စိတ်ချမ်းသာလိုခြင်း၊ စိတ်ကျဉ်းကြပ်မှု့ လျော့ပါးလိုခြင်း၊ ဗဟုသုတ ဝေငှလိုခြင်း၊ မိတ်ဆွေပေါများလိုခြင်း၊ ပျော်ရွှင်လိုခြင်း အတွက်ကြောင့်သာရေးခြင်းဖြစ်ပါသည်။ ယခုကဲ့သို့  စာရေးသူ နေမကောင်းဖြစ်ချိန်တွင် လာရောက် အားပေးသော စာများကြောင့် စာရေးသူ လွန်စွာစိတ်ကြည်နုးရပါသည်။ ထိုစာသားလေးများမှာ အဓိက အားဆေးဖြစ်ပါသဖြင့် ကျန်းမာရေး အတွက် အထောက် အကူ ဖြစ်ရပါသည်။

အလျင်းသင့်သလို သတင်းထူးများ သိသင့်သည်များကို တင်ပြသွားမည် ဖြစ်ကြောင်း အသိပေး ရပါသည်။

ကျေးဇူးတင်စွာဖြင့်

ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ

0 comments:

 
/* EOT ----------------------------------------- */