Thursday, February 21, 2008

General - Why Spice girl is ENDed!

SPICE GIRL

စပိုက်ဂဲ အကြောင်း မလေ့လာခဲ့လို့ ဘာ့ကြောင့်အဖွဲ့ ဖျက်ခဲ့တယ် ဆိုတာမသိပါဘူး။ အဖွဲ့ ကွဲပြီး ၁၀နစ်အတွင်းမှာ အဖွဲ့ သားတွေ တဦးချင်းစီက အောင်မြင်မှု မရခဲ့ကြပါဘူး။ ဒီအတွင်းမှာ ဗစ်တိုရီးယားက သန်းကြွယ်သူဌေးဘောလုံးသမားနဲ့ ရတော့ သူတို့ လင်မယား၂ဦးစလုံး နေရာပေး ခြင်းခံရပါတယ်။

အဖွဲ့ ဖြစ်ရေးအတွက် ဗစ်တိုရီးယားက အတော် စည်းရုံးသလို ထင်မိပါတယ်။ အဖွဲ့ ပြန်ပေါင်းတုန်းက မဲလ် စီ က ပြန်မပေါင်းချင်ဘူး ပြောခဲ့ပါတယ်။

စပိုက်ဂဲ ပြန်ဖွဲ့  တော့ ပရိသတ်က အတော်ကို အားပေးကြ ပါတယ်။

အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ စာရေးသူ အမြင်ကို ပြောရရင်.... ဟုတ်မဟုတ်တော့ မသိဘူး..
၁. အ၀တ်အစား - အဖွဲ့ သား၅ယောက်စလုံးကို အ၀တ်အစားချုပ်ပေးတဲ့သူ က ဗစ်တိုရီးယားရဲ့ အ၀တ်အစားကိုသာ အထူး ပေါ်လွင်လှပအောင် ထွင်ပေးပြီး ကျန်သူတွေ ရဲ့ စတိုင်ဟာ ဘိုးတော်ဘုရားလက်ထက်ကလို ပုံစံ၊ အရန် အဆိုတော်လိုမျိုးပုံစံ၊ အရောင်မှိန်မှိန် ပုံစံမကျ ချုပ်တာ တွေ့ ရပါတယ်။ ဗစ်တိုရီးယားနဲ့  င်္အကျီဒီဇိုင်း ပိုင်ရှင် အလွန်ရင်းနှီးတယ်လို့  သတင်းစာတွေ ထဲမှာ ဆိုပါတယ်။

၂. သီချင်း ဆိုသူ - ဗစ်တိုရီးယားက လွဲရင် ကျန်သူတွေ အားလုံး အသံအောင်မြင်သလို တကယ်ကို ဦးဆောင်ဆိုတာတွေ့ ရ ပါတယ် သူဟာ နောက်လိုက် သံယောင်ပေးဘ၀ ဖြစ်ပေမဲ့ သူ့ ကံ ကောင်းလွန်းတော့ သန်းကြွယ်သူဌေးနဲ့ ရသလို ဖက်ရှင်တွေ မှာလဲ အောင်မြင်ခဲ့ပါတယ်။ သို့ အတူ ပရိသတ်က သူ ရဲ့ စတိုင်နဲ့ အ၀တ်အစားလှလွန်းလို့  သူ့ ကိုဘဲ အားပေးခဲ့ပါတယ်။ သူ့ အသံက မကောင်းပါဘူး။ ဆိုလဲ မဆိုနိုင်တာ ကြားသိရပါတယ်။

၃. အရှေ့ ထွက်သူ - သီချင်းတိုင်းမှာ ဗစ်တိုရီးယားက သံယောင်လိုက်သူ ဖြစ်သော်လည်း စင်ပေါ်မှာ သူ က အားလုံးရဲ့ အရှေ့ ပို ထွက်ပြီး ဟန်ရေး ပြနေသလို သူ့ ကိုဘဲ ပရိသတ်က အားပေးတာ တွေ့ ရပါတယ်။

၎. စည်းကမ်းဖောက်သူ - အဖွဲ့ သားတွေ သီချင်းဆိုရင် ယိမ်းတိုက်သလို လုပ်ရမယ် ဆိုပေမဲ့ ဗစ်တိုရီးယားက စည်းကမ်းဖောက် ပါတယ်။ ဥပမာ ခေါင်းမြှီးခြုံ အနွေးထည် ၀တ်ကြတဲ့ အခါ သူက ခေါင်းမခြုံဘဲ ဖော်ထားပါတယ်။ သူ့ ရဲ့ ဆံပင် စတိုင်ပျက်မှာ စိုးလို့ စတိုင်ပေးလွန်းတာ တွေ့ ရပါတယ်။ မဖြစ်သင့်ပါဘူး။

၅. မောက်မာသူ - အဖွဲ့ ဖွဲ့ ပြီဆိုရင် အချင်းချင်း အားလုံး ညီညွှတ်ရပါမယ်။ ကူညီဖေးမရပါမယ်။ တကယ်ဆို ဂါရီဟာ နံမည် အထွက်ဆုံးပါ။ သူသီချင်းဆိုရင် အားနဲ့ မာန်နဲ့ ဆိုတဲ့ အတွက် ဖျော်ဖြေရင်း တောင် ချော်လဲခဲ့ပါတယ်။ သူ့ မှာ အဖွဲ့ ထဲက အရင်ဆုံးထွက်ခဲ့သလို အချစ်ရေး အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့ပါဘူး။ ဒါကို ဗစ်တိုရီးယားက တီဗွီသတင်းစာ ရှင်းလင်းပွဲမှာ ဂါရီက ယောက်ျားတယောက်တောင် ကိုယ့်ကို ကပ်အောင် မထိန်းနိုင်ဘူး ဆိုပြီး ကဲ့ရဲ့ခဲ့ပါတယ်။ မဖေးမဘဲ သူသိရှင်ကြား စော်ကားတာပါဘဲ။ ဒါဟာ အတော် မောက်မာတယ်လို့ မြင်ပါတယ်။

၆. တကယ့်အဆိုတော် - သီချင်းတွေ အားလုံးပြန်ကြည့်ရင် မဲလ် စီ (စပေါ့တီ)၊ မဲလ် ဘီ(စကယ်ရီ)၊ ဂါရီ (ဂျင်းဂျာ)နဲ့  အယ်မာ(ဘေဘီ) စပိုက်တွေက သီချင်းကို အဓိက ဦးဆောင် ဆိုပြီး သူတို့ ရဲ့ နေရာ ဟာ အရန်လို နေရာမှာ ထားတာ တွေ့ ရပါတယ်။

သီချင်းဆိုပြီးတိုင်း စင်အနောက်ဘက်ရောက်တာနဲ့  အားလုံးက ဒေါသဖြစ်ကြ ရန်ဖြစ်ကြတာ သတင်းစာတွေထဲမှာ တွေ့ ရပါတယ်။ ဒါပေမဲ့ (စပေါ့တီ၊ စကယ်ရီ၊ ဂျင်းဂျာ နဲ့  ဘေဘီ စပိုက်) ၄ယောက်သာစုပြီး စပိုက်ဂဲ ပြန်ဖွဲ့ ရင် အလွန်အောင်မြင်မှာဘဲလို့ မြင်ပါတယ်။ တကယ်ဆိုသလို တကယ် အရည်ချင်းရှိတဲ့ သူတွေပါ။ အဖွဲ့ ကွဲတာ မဆန်းပါဘူး။ ဒါက စာရေးသူရဲ့အမြင်ပါ။

0 comments:

 
/* EOT ----------------------------------------- */