Sunday, February 24, 2008

News - Reply mail from The Queen


အညတရအတွက် နေမ၀င်နိုင်ငံ ဘုရင်မ ရဲ့ ပြန်စာ


နိုင်ငံရဲ့ အကြီးအကဲ ဟာ သမာတမတ် ရှိရပါမယ် ဒါမှလဲ သူ့ ရဲ့ ဘုန်းတံခိုးကြီးသလို ပြည်သူပြည်သားတွေ လေးစားပြီး နိုင်ငံဟာ သာယာဝပြောပါတယ်။ ကမ္ဘာကို ကြည့်လိုက်မယ် ဆိုရင် စတာလင်ပေါင်ဟာ အခိုင်မာဆုံး ဖြစ်သလို သူ့ ရဲ့ ဘုရင်သက်တမ်းဟာ ရှည်လျားလွန်းသလို တန်ခိုးအာဏာဟာ ကမ္ဘာတပတ် ပတ်နိုင်အောင် နေမ၀င်နိုင်ငံ ဖြစ်ခဲ့ရ ပါတယ်။

အသေးမွှားဆုံးကိစ္စကလေး တခုကို အံ့မခန်းပြောပြချင်ပါတယ်။ Cornwall မြို့ ရဲ့ ပန်းခြံမှာ ၆နစ်အရွယ် ကလေးမလေး Elishia Stevenson မှာ ဘဲငန်းလိုက်ကိုက်ခြင်း ခံရပါတယ်။ ဘဲငန်းဆိုတာ သိတဲ့အတိုင်း ခြံစောင့်လို အားကိုးရတဲ့ စစ်သူကြီးလို့ တောင် ဆိုနိုင်တယ်။ ကလေးမ ကလေးက အရမ်း ၀မ်းနဲပြီး မကျေမနပ်နဲ့  သူ့ အမေကို ဘဲငန်းပိုင်ရှင်က ဘယ်သူလဲလို့ မေးပါတယ်။ ၃၆နစ်အရွယ် Rachael က တနိုင်ငံလုံးမှာရှိတဲ့ ဘဲငန်းတွေကို ဘုရင်မက ပိုင်တယ် လို့ ပြောပါတယ်။ ဟုတ်တယ်လေ တိုင်းပြည်ကို ပိုင်တဲ့ ဘုရင်မဆိုတော့ သီးသန့် မွေးတဲ့ အကောင်တွေက လွဲရင် ဘယ်အရာ မဆို ဘုရင်မ အဲလစ်စဘက် ပိုင်တာပေါ့။

ဒါနဲ့ ကလေးမကလေးက သူ့ ကိုဘဲငန်းကိုက်တဲ့ပုံလေး ဆွဲပြီး ၀မ်းနဲရတဲ့ အဖြစ်ပျက် အကြောင်းစုံရေး လိုက်ပါတယ်။ သို ၊့ဘုရင်မ၊ ဘတ်ကင်ဟန် နန်းတော် လို့ လိပ်စာတပ်ပြီး စာပို့ လိုက်ပါတယ်။

မကြာခင်မှာဘဲ နန်းတော်က စာပြန်လာပါတယ်။

ဘာရေးထားမယ် ထင်ပါသလဲ......

ဘုရင်မကြီးက ၀မ်းနဲ ပါကြောင်း တောင်းပန်စာ ဖြစ်နေပါတယ်။

It said: 'The Queen thought it kind of you to write – and was sorry to hear about the swan.'

0 comments:

 
/* EOT ----------------------------------------- */