Saturday, February 23, 2008

Animal - Accident ခွေးသတိပြု

လူတဦးလမ်းသွားရင် ထိခိုက်ဒဏ်ရာ ရတာ မဆန်းပါဘူး။ ခလုတ်တိုက်လို့ လဲတာ။ သဘာဝရေလေမိုးဒဏ်ကြောင့် ထိခိုက်တာ၊ မတော်တဆ ထိန်းချုပ်မှုအောက်မှ မထင်မှတ်ဘဲ ဖြစ်တာတွေ ကတော့ ကံဆိုးလို့ ဘဲ သတ်မှတ်ရမှာပါဘဲ။

သွားရင်းလာရင်း လူဆိုးတွေ ၀ိုင်းရိုက်တာ ခွေးကိုက်ခံရတာတွေ ကတော့ မကောင်းတဲ့ ထိခိုက်မှုပေါ့၊ လူကောင်းဆိုတာ သူများကို ထိခိုက်အောင် မလုပ်ပါဘူး။ လူဆိုးဆိုတာ ဆိုးလို့ မကောင်းလို့ သာ ကောင်းတဲ့သူကို လိုက်ထိခိုက်တာ ခွေးဆိုတာလဲ ရူးလာရင်တောင်၎င်း၊ ဆိုးတဲ့ဗွေပါလာရင်တောင်၎င်း၊ လူကောင်းကို ကိုက်တာ ပါ။ လူဆိုတော့ မကောင်းတဲ့ အရာကို ရှောင်ဖို့ ဘဲလိုတာကိုး ။ မရှောင်နိုင်တဲ့ အချိန်ကျတော့လည်း အော် ကံဆိုးလို့ ဘဲ ပြောရမှာပေါ့လေ။ ဘယ်သူက ရော ခွေးအကိုက်ခံချင်လို့  သွားမလဲ၊ ခွေးကိုရော သွားစ မလား။

အင်္ဂလန် မြောက်ပိုင်းမှာ နေရာ တော်တော်များများမှာ အပြစ်မဲ့ လမ်းသွားလမ်းလာတွေ မဆီမဆိုင် အကြောင်းမဲ့ သက်သက် ရိုက်နက် သတ်သွားတာ။ ကားကြိတ်သတ်တာ။ ဓါးထိုးသတ်တာ၊ သေနပ်ပစ်သတ်သွားတာ တွေ တပတ်မှာ ၂ခါလောက် ရှိတယ်။

ပြီးခဲ့တဲ့ ၃လက အသက် ၁နစ်ခွဲရှိတဲ့ ကလေးလေးက အဖွားအိမ်သွားရင် အဖွားရဲ့ ခွေးကို အိမ်ပြင်မှာ ထားတယ်။ အိမ်အပြင်က အေးတော့ ခွေးက အညိုးနဲ့  ဒီကလေးကို ညိုးနေတယ်။ တရက် အိမ်ဖော်က အပြင်မှာ ထားထားတဲ့ ခွေးကို အိမ်ထဲသွင်းလို့  အခွင့်ရတာနဲ့ အဲဒီခွေးက ကလေးလေးကို ကိုက်သတ်ခဲ့တယ်။

ဘုရင်မကြီးရဲ့ သွားလေရာ လိုက်ပါနေရတဲ့ အချစ်တော် ခွေးပုလေးဆိုရင် ဘုရင်မ ညီမတော်ရဲ့ ခွေးက ကိုက်သတ်လိုက်တာ။ (အဲဒီခွေး ပြန်အသတ်ခံရလားမသိဘူး။)

ဒီမှာ ခွေးတွေ က အလွန်အားသန်တယ်။ ခွေးမျိုးကလည်း စုံတယ်။ တချို့ ဆို ခြံထဲက ထိန်းထားတာတောင် လွတ်ထွက်ပြီး လမ်းသွားတဲ့ ကလေးတွေ ကိုက်သတ်တာ အနဲဆုံး ၂လမှာ တခါနီးပါး တော့ ဖြစ်တတ်တယ်။

ပြီးခဲ့တဲ့ အပတ်ကျတော့ ပိုဆိုးတာက ကိုယ့် မွေးထားတဲ့ ခွေးက သေအောင် ကိုက်သတ်တာ ဟောဒီမှာ စိတ်မကောင်းစရာဘဲ အသက်၅၀ ရှိတဲ့ လူတဦးဟာ သူ့ ခွေး က သူ့ ကိုသေအောင် ကိုက်သတ်တဲ့ သတင်းပါလာလို့ ဒီပို့ စ်ကို ရေးဖြစ်သွားတာပါ။

ခွေးနှင့်ဝေးဝေး ရှောင်သင့်သည် လို့ ဘဲ အကြံပေးရမယ် ထင်ပါရဲ့။ ဒီအဖြစ်လေးက တိရိစ္ဆာန်ဆိုတာ ၁၀၀% အမြဲ မကောင်းနိုင် ဘူးလို့ ပြောသလိုဘဲ။ သစ္စာရှိတဲ့ခွေးနဲ့ ကြုံရင် ခွေးမွေးသူ ကံကောင်းတယ်လို့ ပြောရမလိုဖြစ်နေပြီ။

ဘလော့လည်ထွက်ရင်း ..... ခွေးကိုက်ခံရ ဘူးပါသည်။
ဘလော့ လမ်းပေါ် လျှောက်သွားရင် ခွေးသတိပြု ကြပါ။

3 comments:

Khin said...

woh! my dear J,

you alarm me. I got a dog but we treat him very well. Never leave him outside the house in cold.

He sleeps on our bed. Once he growled at me because he wanted to eat the meat in a plate.

My husband said animals are animals and you have to check their mood before you go near them.

cheers

aunty

Thyda said...

ooh..those dogs are too bad.so sorry for victims

diLo said...

hin..me also scare of dogs!
ek..scary scary..
bad badie dogs naw!
must take extra care ya :D

 
/* EOT ----------------------------------------- */