Tuesday, February 5, 2008

True - childhood


နယ်ကအကြောင်းတော့ ကောင်းကောင်းမသိဘူး ရန်ကုန်က တခါက ဘ၀လေးများကို သိအောင် လှစ်ပြမယ်။

မနက်ခင်းရောက်တာနဲ့  ဟောဒီက ပဲပြုတ်ဆိုတဲ့ အသံကြားရင် ရာပါအုန်းဆိုပြီး အိပ်ရာထဲက အော်ရတယ်။ (ပဲပြုတ်ဆီထမင်းကို အသက်၃နစ်- အသက်၉နစ်အထိ စားတာ တခြားဘာမှ ကျွေးလို့ မရဘူး။ အဲဒီလောက် အစွဲအလန်းကြီးတယ်။)

အိပ်ရာနိုးရင် ကြက်ဥမကျက်တကျက်ထဲ့ဖျော်ထားတဲ့ နွားနို့ တခွက်၊ ကိတ်မုန့် ၂လုံး (ဆလင်ဒါပုံ ၂လက္မပတ်လည် ၃လက္မအရှည် ကိတ်မုန့် ) ဟဲပြီးသကာလ အိမ်ရှေ့ မှာ ငုတ်တုတ်နဲ့  ၀ရန်ဒါမှာ စိုက်ထားတဲ့နှင်းဆီပင် အတယ်ရေလောင်းတာ ထိုင်ကြည့် ဘေးက လိုက်ကူ (အဟဲ လိုက်ဆော့တာ)။ နောက် ငှက်ကလေးတွေကို ဆန်ကွဲကျွေးတာ ထိုင်ကြည့်။ နောက်ပိုင်း မုန့် ကျွဲသဲ၊ ကောက်ညှင်းပေါင်း၊ အကြော်၊ နံပြား၊ အီကြာကွေးသည်တွေ အိမ်ရှေ့ ဖြတ်လျှောက်တာ ထိုင်ငေး။ နေ့ လည်ရောက်တော့ ကူဖီး၊ ရေခဲမုန့် အော်တဲ့ ဘာဘူကြီးလာခါနီးဆို အမေက အတင်းအိပ်ရာထဲ ၀င်အိပ်ခိုင်းတယ်။ တခါတလေ ဘာဘူကြီး အလာစောရင် အမေနဲ့  တကျက်ကျက်၊ အော်ငိုရတာနဲ့  အာခေါင်ခြစ်အော်ရတာနဲ့  တခါနစ်ခါဘဲ စားဘူးတယ်။ မသန့် လို့ မစားနဲ့ ဆေးသကြားပါလို့ ချောင်းဆိုးမယ် လို့ အတယ်ပြောပြီး ကထဲက အမေလဲ သက်သာသွားတယ်။ အဖေ့စကား တခွန်းဆိုတခွန်း နားထောင်တယ်။

နောက် မုန့် စိမ်းပေါင်း၊ မုန့် ဦးဏှောက်၊ အကြော်စုံ၊ ပြောင်းဖူးပြုတ် ဈေးသည်တွေလာတယ်၊ ဂျီမကျဘူး ထိုင်ကြည့်တာဘဲ ရှိတယ်။ နဲနဲ နေစောင်းရင် ပဲကတ္တီပါပြုတ်သည်လာတယ်။ အိပ်နေတုန်းလာတဲ့ ဈေးသည်တွေတော့ မသိဘူး။ ညနေပိုင်းကျရင် နောင်နောင်နောင်တီးတဲ့ ဆီးသီးသည်၊ တို့ဖူးသုပ်သည်၊ တခါတလေ စမူဆာသုပ်ကုလားကြီးလာတယ်။ ဂျာနယ်ကြော် ဆိုတာ ကြွပ်ကြွနေတာဘဲ၊ မုန့်ဗိုင်းတောင့်၊ မုန့်လုံးကြီး၊သာကူ၊မုန့် ကြာစေ့ အင်း သူတို့တွေ ညှိထားရမယ် ထင်တယ်။ တခါတလေ ဒန်ရေချိုင့်လေး လက်ကဆွဲတဲ့ ဆီသည်လာတယ် ၊ အုန်းဆီကိုစားစရာမှတ်လို့  စားချင်လို့ အော်ခေါ်ပြီးမှ မစားရဘဲ မေမေ့အတွက် ဖြစ်သွားတယ်။ နောက် မခေါ်တော့ဘူး ဟင်း ဒင်းကိုတော့

အိပ်ရာနိုးရင် မေမေ၀ယ်ထားတဲ့ လမ်းထိပ်က မုန့် ဟင်းခါးသည်က ၀ယ်လာတဲ့
(လ္ဘက်ရည်ဇွန်းနဲ့  ၅ဇွန်း တိတိပါသော) ၅၀ပြားတန် မုန့်ဟင်းခါး နဲ့ သို့ မဟုတ် အိမ်နောက်ဖေးအိမ် က မုန့် ဟင်းခါးသည်ဆီက ငရုပ်ကောင်းမုန့် ဟင်းခါးစားတယ်။ ငရုတ်သီးမစားဘူး နံနံပင်မစားဘူး။

ညနေဘက်မှာတော့ ကလေးတွေ ဆော့တဲ့ အချိန်ရောက်ရင် တုန်ချမ် တုန်ချမ်နဲ့  အလုံပိတ် ကားကိုတွန်းတဲ့ ကလေးရုပ်ရှင်ကို ကြည့်ရတယ်။ သေတ္တာလို အလုံပိတ်ကား အထဲမှာ ကားအလယ်နံရံ တံခါးပေါက် ကို မီးစလိုက်ထွန်းပြီး ကာတွန်း၊ ဟာသရုပ်ရှင် တပိုင်းတစ ပြတယ်။ ကားရဲ့ ဘေး နှစ်ဘက်နံရံ မှာထိုင်ကြည့်တဲ့ ကလေးတွေ အနဲဆုံး၁၀ယောက်ထဲက အီးမပေါက်ရင် ကံကောင်း။ ဆော့ထားလို့ ချွေးတွေ သံတွေ ဖုံတွေ သဲတွေ နှပ်တွေ နဲ့  နံစော်နေတာဘဲ (ကိုယ်လဲတူတူဘဲ) ဒီကြားထဲ မအောင့်နိုင် တာတွေ ပါရင် ကဲ. . . . ၇မိနစ် ရုပ်ရှင်ပြီးမှ အပြင်ထွက်မှ လေကောင်း လေသန့် ရူတော့။ ရုပ်ရှင်က ကောင်းလို့  ဇတ်လိုက်ကို အားပေးဖို့ လက်ခုပ်တီးပြီး ဟေးလုပ်ရတဲ့ အခါကျရင် မဟေး နိုင်ဘူး ၊ ဘာရမလဲ အပြင်ထွက်မှ ဟေးပေးလိုက်တယ။် အကြွေးမတင်အောင် အားပေးတယ်။

ပြီးရင် မြင်းစီးမလား၊ ရှောက်သီးသုပ်သည် ဘေးဝိုင်းပြီး ငေးမလား။ ပေါက်ဖော်ကြီးရောင်းတဲ့ ပဲပြား ၀က်သားပေါင်း ကို တော့ သူများစားတာ မြင်ဘူးတယ်။ အမေချက်တာနဲ့ တူတူဘဲ။ ဆိတ်မတွေ တအုပ်ကြီးဆွဲလာတဲ့ ကုလားကြီးဆီက တခါတလေ အမေ နွားနို့ ဝယ်တာ တွေ့ ဘူးတယ်။

ဆေးရောင်စုံ သကြားတွေကို ပေါင်းစပ်ပြီး ကြက်တူရွေးရုပ်၊ ငှက်ရုပ် လုပ်ပြီး ပီပီလဲမှုတ် စားလဲ စားလို့ ရတဲ့ ဈေးသည်ကို သဘောအကျဆုံး၊ မစားနဲ့ ဆိုလို့ ဒီအတိုင်းအလှကြည့်ထားတယ် ကြက်ဖရုပ်လေးဆို သိပ်လှတာ အစိမ်းရယ် အနီရယ် ရောလို့  ပီပီမှုတ်ဖို့ ဘဲ ထားထားတယ်။

လမ်းဘေးဈေးသည်တွေ လာရင် မပူဆာတတ်ဘူး။ အဖေပြောတဲ့ မသန့် လို့ မစားနဲ့ ဆိုတာ ၁၀တန်း အထိနားထောင်တယ်။ နောက်ပိုင်း ဖုန်နဲတဲ့ သန့် တဲ့ ဆိုင်တွေ ပူပူနွေးနွေးရောင်းတဲ့ ဆိုင်တွေမှာသာ ၀ယ်ပြီး အိမ်ကျမှ စားတတ်တယ်။ များသောအားဖြင့် အမေ၀ယ်ထားတဲ့မုန့် ကလွဲပြီး ဘာမှ မပူဆာတတ်ဘူး။

ကိုစင်ကရုန်းရေးတဲ့ ဓါတ်ရှင် က ထွက်ပြေးသွားလို့  ဖတ်မရတာနဲ့  သတိတရဖြစ်သွားလို့ ဒီပို့ ရေးဖြစ်သွားတယ်

3 comments:

Khin said...

ဂျေရေ နောင်နောင်သည် ရော မောင်းထုပြီးရောင်းတဲ့ဇီးသီးသည်လေ။
သရက်သီးသည် မရမ်းသီးသည်
ဖုံလေးလည်းပါတယ် ယင်ကောင်လေးတောင်နားသေး

ပဲပြုတ်တွေကနောက်ပိုင်းဆော်ဒါတွေနဲ့ ပွပွကြီး စားလို့ မကောင်းဘူး

အားလုံးကိုသတိတယ်နော် ခလေးဘဝက လမ်းထဲလာတဲ့အသည်တွေ ထိုင်ခေါ်နေတာ

ကျေဒဇူးတင်ပါတယ်။

ဝက်နားရွက်ကြီးလည်း မျက်စိမှိတ်ပြီး လှီးပြီးစားလိုက်တယ်။

ကောင်းသားဘဲ အချဉ်ရည်လေးဘဲလိုတာ။
ဆေးသကြားမပါလို့ ထင်ပါရဲ့ 

ဘိုင်ဘိုင်

ထွန်း said...

ဟုတ်ကဲ့ အမမေဗမာ အဖြစ်အပျက်တွေ အားလုံးနီးပါး ကို သတိရပါတယ် တခါတလေ အမတွေ မိဘတွေ ပြန်ပြောရင် ၁နစ်ခွဲ ၂နစ်အရွယ်တုန်းက အဖြစ်ပျက်ရော ခံစားချက်တွေရော ပြန်သတိရတယ်။ ဘော်ဒါတွေက ငယ်ဘ၀အကြောင်းမသိ တော့ဘူးပြောတာ လွန်တယ် ထင်တာဘဲ။ ကိုယ်ဘာလုပ်ခဲ့တာ ကိုယ်အကုန် မှတ်မိတယ်။

Synchro 305 ~ said...

မိုက်ဘူးကွာ..မင်းပဲစားတယ်.. ငါ့တော့မကြွေးဘူး... :P
စတာပါကွာ.. မင်းကဒါဆိုကန်ကောင်းတယ်
ငါတို့ ဆီမှာ ပဲပြုတ်လို့ ပီပီသသမအော်ဘူးဟ..
သောက်ကြောတင်းလေးတွေက...
" ပဲဗျော့.........." ဆိုသံရှည်ဆွဲအော်တာ...
ငါဆိုညညလန့် အော်တယ်တဲ့အမေပြောတာ...
ပြေးပြေးပြီး နားအုံတွေ သောက်ရမ်းတီးပြစ်ချင်တာ... :D
ဖတ်ကောင်တယ်သယ်ရင်းရတစ်ခါတစ်လေ ငယ်ငယ်တုန်းကဘ၀ကိုသတိရတယ် .

 
/* EOT ----------------------------------------- */