Saturday, March 1, 2008

General - Mother's day

အမေများနေ့ လို့ ခေါ်တဲ့ မတ်လ ၂ရက် ကို ရောက်ပြီ။


ပြောရရင် မာမီတို့ နေ့  အမေတို့ နေ့  လို့ ပြောရမှာဘဲ စာရေးသူက ကြီးတော်ဘကြီး က ပြန်မွေးစားထားတော့ မိဘ၄ပါးရှိနေတော့ မိခင်တွေအကြောင်းပြောရမယ်ဆိုရင် ကိုယ့်ကိုမွေးတဲ့ အမေထက် မွေးစားအမေ အကြောင်း ဘဲ ရှိပါတယ်။

စာရေးသူက ကိုယ်ဖြစ်ခဲ့တဲ့ အကြောင်း ကို ပြန်သတိရလို့ ပြောရရင်ဖြင့်
အမေ့လက်ထဲမှာ...
အူဝဲလို့ အော်ငိုတဲ့ တလဆေးရုံးဆင်းပြီဆိုကထဲက (မွေးတဲ့အမေ)မာမီက (သူ့ အမအိမ်)အမေ့အိမ်က နေတယ်။ နောက်ဆုံးအိမ် ပြန်တော့ အူဝဲကို အမလက်ထဲထားခဲ့ရတာ သနားစရာတော့ကောင်းသား။ မထားလို့ လဲ မဖြစ်။ ကလေးနဲ့ အမေက အသက်လုနေရတော့ အမကိုရောင်းစားခဲ့ရတယ် ဆန်တပြည် ငွေတမတ်နဲ့ ။ အရင် သီလရှင်ကြီးဆီရောင်းတာလဲ မရတော့။ အပြီးအပိုင်ရောင်းခဲ့ရပါရော။ ၂ဦးစလုံးအသက်ရှင်ဖို့  က ပိုအရေးကြီးတာကိုး။

ကလေး ကိုချီပြီး အတယ်က ရွာရိုးတလျောက် သားသည်အမေတွေဆီ ကလေးနို့ တိုက်ပေးဖို့  တအိမ်ဝင် တအိမ်ထွက် အလည်ထွက်ရတယ် ပြောရရင် အိမ်နီးချင်းတွေကို တောင် အမေခေါ်နိုင်တယ်။ တချက်စို့ ဘူး သူ့ ကျေးဇူးပေဘဲ။ စာရေးသူမှာ မိခင်တွေ ပေါမှပေါ (အခုစာရေးမှ သတိထားမိတာ ပြောတာ။)

ကလေးငိုလို့ ချော့သိပ်ရင် မေမေ့သီချင်းက ဘယ်တော့မှ မရိုးနိုင်တဲ့ သီချင်း တိန် တိန် တိန် .. တိန် တိန် တိန်... နဲ့  အိပ်လို့ ကောင်းမှကောင်း၊ ကြောက်ရင် မေ့မေ့ ရင်ခွင်ထဲ ခေါင်းဖွက်ထားတယ်။ ငိုလို့ မေမေက ချီပြီး တိတ်တိတ်မငိုနဲ့ နော် လို့ ပြောရင် မျက်ရည်တွေ မေ့မေ့ ပုခုံးပေါ်သုတ်လိုက်တယ်။ (ကျလာတဲ့ နှပ်တွေရော အဟင်း... ၂ခါ၃ခါသုတ်လိုက်တော့ မျက်ရည်ရော နှပ်တွေရော မျက်နှာမှာ အပြည့်ဖြစ်မယ် လို့ အခုမှ စာရေးရင်း တွေးမိတယ် ငါ့နယ်နှော်)

ထိုင်နေရင်း မျက်နာသစ်ပြီးသား။ င်္အကျီလဲပြီးသား။ ပေါင်ပေါင် အဖွေးသား။ ပါးစပ်ဟရုံနဲ့ ဗိုက်ပြည့်ပြီးသားဘဲ။ အမေ့ခွံ့ သမျှ မြိုချတယ်။ သူများခွံ့ ရင် ဘာရမလဲ ဖူး ဆိုပြီး ခွံ့ တဲ့သူမျက်နှာတော့ အဖွေးသားဘဲ ဒန့် ဒန့် ဒန့် 

မနက်မိုးလင်းရင် မျက်လုံးအရင်မဖွင့်သေးဘဲ ဘေးကို လက်နဲ့ စမ်းရတယ်။ အမေ့မတွေ့ ရင် အာပြဲကြီးနဲ့  အမေရေ... လို့ အော်ပြီ အမေ မလာမချင်းမရပ်ဘူး။ ပဲပြုတ်သည်တောင် လန့် သွားရမယ် ငှဲငှဲ

အမေက ဂျေ့ လက်ကို ကိုင်ရင် ဖွဖွလေးကိုင်တာ။ ဘယ်တော့မှ မရိုက်ဘူးဘူး အဲတသက်နဲ့ တကိုယ် အမေရိုက်တာ တချက်ဘဲ ရှိတယ်။ ရေမိုးချိုးပြီး ရုရှားပြန် နွဲ့ နွဲ့ စမ်းလာမယ်ဆိုတာ အောက်ဆင်းဆော့လို့ ချော်လဲ နဖူး ၂ဖုထွက်တော့ အမေစိတ်တိုတာ။ သစ်သားခွေးခြေလေးပေါ်ထိုင်ရင်း ၀ါးခြမ်းပြားလေးနဲ့ ခြေသလုံး တုတ်တုတ်လေးကို တချက်.... နာပါဘူး။ အမေ့ကြောက်လို့ ငိုတောင် မငိုရဲဘူး။

ငယ်ငယ်ထဲက တိုက်ကွမ်ဒိုချန်ပီယံ။ စောင်ဆိုရင် ခနခန အကန်ခံရတယ်။ အမေဆို ညည ၁၀ခါမက ဘူး စောင်ထထ ခြုံပေးရတာ။ ခုမှ သနားမိတယ်။

အမေထဲ့ပေးတဲ့ နေ့ စဉ်ထမင်းဘူးကို ကြည့်ပြီး (တက္ကသိုလ်က)သူငယ်ချင်းတွေ က ပြောတယ် ဘုရားဆွမ်းတော်တင်တာ ကျနေတာဘဲတဲ့။ ငါးဆို နွင်ပြီးသား။ ကြက်သားအရိုးမမြင်ဘူးဘူး။ ဒန့် ဒလွန်ဆိုတာ အကြည်ရောင်အဖတ် ရှည်လမျှောလေး (အသားနွာပြီးသား)။ လိမ္မော်သီး ဆိုရင် လိမ္မော်ရောင် အရည်ဖုလေးတွေဘဲ တွေ့ ဘူးတာ။ လိမ္မော်သီးအမြှေးပါး မစားတတ်တာ ခုထိဘဲ။

ကဲ ဒီအထိဘဲ ရေးချင်တယ် ထပ်ရေးရင် စိတ်မကောင်းစရာတွေ ပါလာမှာစိုးလို့ 

မာမီအကြောင်းဆက်မယ် ... အမေက ငါ့ကလေးကို ၀အောင်ကျွေးနော် ဂရုစိုက်နော် လို့  အိမ်ပေါ်ကနေ ကားထဲ ၀င်တဲ့ထိ တဖွဖွ မှာတယ်။ မာမီက အမကလေးကို ကျမမွေးတာ မပူပါနဲ့ 
ဂရုစိုက်ပါမယ် ဆိုပြီး အာမဘန္ဒေ ခံပြီးခေါ်လာရတယ် ။ တနေကုန် အမတွေ အကိုတွေနဲ့ ဆော့ပြီး ညအိပ်ရင် မေမေ့လို အနားမှာ ဖက်သိပ်မဲ့သူမရှိတော့ ၀မ်းနဲလိုက်တာ။ မေ့မေ့ရင်ခွင်ကိုလွမ်းတယ်။ ဗြဲ အမေ့အိမ် ကျန်ပို့ပေး.... တညလုံးဘဲ ဒါနဲ့  ဒယ်ဒီက အငိုမတိတ်ဘူးလား စာအုပ်ကြီးနဲ့ ကိုင်ပေါက်မယ် ပြောတော့။ စာအုပ်ကြီးဆိုတာ ဘယ်လိုသတ္တ၀ါပါလိမ့်။ ဆက်ငိုလည်း ပုခုံးပေါ်တင်ချော့မဲ့ အမေလဲ မရှိ။ ညဘက် တယောက်ထဲအိပ်ရမှာ။ ၀မ်းနဲ ကြောက်ကြောက်နဲ့  ကြိတ်ငိုရတယ်။ အမေနဲ့ တိုင်ပြောမယ်လို့  ခဲထားတယ်။

မာမီက သူ့ အမစကားနားထောင်ပါတယ် ကျွေးပြီးတိုင်း ဗိုက်လှန်ပြရတယ်။ ဗိုက်ကလေး ပူတင်းမှ စိတ်အေးတယ်။ မကောင်းဘူး အမေဆို မစမ်းဘဲနဲ့ သိတယ်။ သူမသိရှာဘူး။ ဗိုက်အစမ်းခံရတာ နာတယ်။ အမေနဲ့ တိုင်ပြောမယ် ဟင်း

အမေမသိအောင် မာမီက ဟင်းတွေ အတင်းကျွေးတယ်။ မစားဘူးဆို မစားဘူး ပါးစပ်အတင်းစေ့ထားတယ်။ မာမီက နှားခေါင်းပိတ်တော့ ပါးစပ်ဟလာတာနဲ့ အတင်းခွံ့ တယ်။ ဘာရမလဲ လျှာနဲ့ အတင်းတွန်းထုတ်တာပေါ့။ မာမီသွေးပါတယ်လေ ခေါင်းမာတာ.. လျှာနဲ့ အတင်းတွန်းထုတ်တော့ အစာရဲ့အရသာကို လျှာ က စမ်းမိရော။ ဒါနဲ့ အသာလေး မြိုချလိုက်တယ်။ မာမီကတော့ ကြွားတယ် အမကလေး ပုန်းရည်ကြီးနဲ့ စားတယ် ဆိုတော့ အမေ ရင်ဖိရော။

အဲ မကြိုက်လို့ ရှိရင် အတင်းခွံ့ တဲ့ မာမီ့လက်ကို ကိုက်လိုက်ရော အတင်းကျွေးတယ်လို့  အမေနဲ့ တိုင်ပြောမယ်

မမတို့ ကျောင်းကပြန်လာရင် စားစရာတွေ ပါပါလာတယ်။ မှတ်မိတယ် ပေတံလေး။ မမက ချိုးပြီး ပါးစပ်ထဲခွံ့ ပေးတယ်။ သကြားချောင်းကို ပေတံလို လုပ်ထားတာ။ ဒါနဲ့ နောက်တခု ကောက်ဝါးလိုက်တယ် မာမာကြီး။ သူတို့ က ခဲဖျက်ပုံစံ သကြားချောင်းမလုပ်တာ ဆိုးတာဘဲ။ မမလတ်က ကျွေးတော့ သူမသိအောင် မှားဝါးလဲ အမေနဲ့ မတိုင်ပြောဘူး။

မမကြီးကတော့ ဂျေကို ၀လို့ ခနခန လက်မောင်းဆွဲလိမ်တယ် ကိုက်တယ်။ သူ့ ဆိုသိပ်မုန်းတာဘဲ။ လက်မှာ နီရဲပြီး လိမ်ထားတဲ့ အရာကြီးသွေးချေဥတာ ၂ရက်တောင်။ တခါ သူကိုက်တာ သွေးတောင်ထွက်တယ်။ အမေနဲ့ တိုင်ပြောမယ်။

မမလေးကတော့ ဂျေအချစ်တုံးမမ သူဘဲ သီချင်းဆိုသိပ်တယ် ထမင်းခွံ့ တယ်။ အိပ်မယ်ဆိုရင် ချစ်သောမောင်မောင် ဆိုတဲ့ ချိုပြုံးသီချင်း မှ ဂျေက အိပ်တယ်။ ၀င်းဦးရဲ့ သီချင်းတွေကို မအိပ်တဲ့ အချိန် သူ့ ပေါင်ပေါ်ထိုင်ရင် နားထောင်တယ်။ သနားပါတယ် ဂျေက ၀တော့ သူခမျာ အကြာကြီး ချီမထားနိုင်ဘူး

မမငယ်ကျတော့ ဂျေနဲ့ အရွယ်တူတယ် သူ က ပိန်ပိန်သေးသေးလေး။ ဟီးဟီး သူ့ ပေါ်တက်ထိုင်လိုက်ရင် သူခမျှာ တအီးအီးနဲ့ အော်နေရတယ်။ ဟောဒီမှာ မာမီရေ ကျနော်အပေါ်ဂျေ တက်ဖိနေတယ် လို့ အော်ရော အမတွေ က ဂျေကို ပွေ့ ချီသွားမှ သူ့ ခမျှာ အအော်ရပ်ပြီး လှုပ်ရှားနိုင်တာ။ သူ က ခနခန အိပ်ယာပေါ်မှောက်အိပ်တတ်တယ်။ သူ အိပ်ပြီဆိုတာနဲ့  ဂျေက ချစ်လို့ အမကိုယ်ကို မွေ့ ယာသဘောထားပေးပြီး အိပ်ပေးတဲ့ ဟာကို။ ဂျေကို မ ပြီး ပွေ့ ချီရတာ မလွယ်ဘူး။ ဂျေ့ ခြေထောက်က ပင့်ကူသိုင်းကွက်နဲ့ 

အမေများနေ့ မှာ မွေးမေ ကျွေးမေ နဲ့  တခါစို့ဘူးအိမ်နီးချင်းအမေများနဲ့  အမေလို ပြုစုခဲ့သော အမများကို ဂုဏ်ပြုပြီး ဒီစာကိုရေးလိုက်ပါတယ်။

4 comments:

shwenyarthar said...

မင်္ဂလာပါဗျာ... ဒီဘလော့ဂ်ပိုင်ရှင်က အမျိုးသားလား ၊ အမျိုးသမီးလား မသိလို့ အကိုတွေ အမတွေ ညီတွေ ညီမတွေ မခေါ်ပဲ ဂျေလို့ပဲ ခေါ်လိုက်ပါတယ်.. ဂျေက အမေတွေ အများကြီးမဲ့ နေခဲ့ ရတာဆိုတော့ အေးမြလှတဲ့ မိခင်မေတ္တာကို တော်တော်လေး ခံစားခဲ့ ရမှာပဲဗျာ.. ကုသိုလ်ထူးတယ်.. စာတွေ ဖတ်ရတာ ဗဟုသုတ တော်တော်ရတယ်။ ကျွန်တော့်ဆီမှာ ကွန့်မန့် ရေးသွားလို့ ကျေးဇူးပါဗျာ။ အားလုံးအဆင်ြေ့ပါစေ...

ယုန်ကလေး said...

ဂျေရေ အခုလိုအမေတွေ အများကြီးရဲမေတ္တာကိုရတာ အားကျစရာကြီးပဲနော် နောင်လည်းချစ်ရတဲမေမေတွေနဲ ဒီထက်မက ချစ်နိုင်ကြပါစေနော်

~P~ said...

:) အရှေ.က အကိုတွေ.အမတွေပြောသလိုပါဘဲ...နောင် ဒီထက်မကပျောင်ရွှင်ပါစေနော်..

ထွန်း said...

ညီမလေး ပီ ရေ.. ဒါက ကလေးဘ၀ပါ။ ငယ်ငယ်က အရာရာ ပြည့်စုံတဲ့ ဘ၀ ဟာ အသက်ကြီးလာတာနဲ့ မှေးမှိန်လာရင်း အသက် ၁၃နစ် အတယ်ဆုံးပြီးကထဲက လူ့ ဘ၀ကို တက်ကျိုးနဲ့  မိုးပြဲဒယ် လှော်ခတ်ခဲ့ရတယ်။ ဒီဘ၀ကို ပြန်မရနိုင်တော့ဘူး။ တခါက ဘ၀ကို ရင်ထဲက နေ ဘလော့ပေါ်တင်ဖြစ်သွားတာပါ။ အခုလဲ ဘ၀ မုန်တိုင်းထဲမှာ တ၀ဲလည်လည်ပါ။

 
/* EOT ----------------------------------------- */