Sunday, March 16, 2008

Poem - ချစ်သူသို့ - 2 စာစု


မျှော်ကြည့်မိတယ် ချစ်သူဆီသို့ ၊
မရေရာတမ်းတ မှန်းဆလမ်းမယ်၊
လှမ်းကြွလေမလား ရင်ထိတ်စွာရယ်၊၊
မျှော်တာ ကြာပေါ့ ချစ်သူရေ။

နားစွင့်မိတယ် ချစ်သူဆီသို့ ၊
လေဝှေ့ သံကြား ရွက်ကြွေကြားမှ၊
ခြိုးဖြောက်သံချို ခြေလုံသံမှား၊
လှမ်းကြည့် နွမ်းမိ ချစ်သူရေ။

ချစ်သူလေးတွက် ရည်ရွယ်ပါတဲ့၊
နုရွချိုမြိန် အနမ်းပန်းထယ်၊
မပျက်ပြယ်သား သဲနန်းထဲမယ်၊
မင်းသာ တယောက်ထဲ ချစ်သူရေ၊

ထွေးပိုက်ထားတယ် ချစ်ရသူကို၊
လွတ်သွားမှာစိုး ဝေးမှာစိုးလို့ ၊
တင်းကြပ်ပွေ့ ထား အငွေ့ လေးလား၊
အတွေးထဲပျောက်ကွယ် ချစ်သူရေ။

ထားခဲ့ပါနဲ့  တွဲလက်ဖြုတ်နဲ့ ၊
တောင်းပန်လေငြား သူစိမ်းကားတယ်၊
ပစ်မတင်ရက် ခွင့်လွှတ်ပါတယ်၊
မချစ်တတ်သူ ချစ်သူရေ။

မင်းဆုံးဖြတ်တွက် ဖြည့်ဆည်းပေးထား၊
နှတ်သံတိတ်လို့  မမြင်စေသား၊
မင်းအရှေ့ နေရင် (ကိုယ်)အနောက်လှမ်းမယ်၊
ပျော်ရွှင်ပါစေ ချစ်သူရေ။

မင်းတွက်အချစ်နဲ့  ဘ၀ပျက်ခဲ့ ၊
အောင်လံလဲပြို စုန်းစုန်းမြုပ်လဲ၊
မသိလိုသူ ရှောင်သွေဖယ်သူ၊
(မင်းဘ၀လေး)ဧမြပါစေ ချစ်သူရေ။

နှတ်ချိုသံလား ကြင်နာလားလို့ ၊
ယုယပိုမိ ကိုယ့်အပစ်ချည့်၊
အချစ်ဗလာ မေတ္တာနတ္ထိ၊
ကြင်နာကင်းသူ ချစ်သူရေ။

ယုံမှားမိသူ ကံဆိုးသူမို့ ၊
ရေဆုံး မိုးမြေ ဘ၀ကွယ်စေ၊
အဝေးဆုံးမှာ နေပါရစေ၊
ကမ္ဘာတဘက်ခြမ်း က ချစ်သူရေ။

1 comments:

စိုးထက် - Soe Htet ! said...

""ယုံမှားမိသူ ကံဆိုးသူမို့ ၊
ရေဆုံး မိုးမြေ ဘ၀ကွယ်စေ၊
အဝေးဆုံးမှာ နေပါရစေ၊
ကမ္ဘာတဘက်ခြမ်း က ချစ်သူရေ။""

နောက်ကို ပြောတိုင်း မယုံနဲ့ ဗျ .. လူတွေက မကောင်းဘူး :D

 
/* EOT ----------------------------------------- */