Tuesday, March 11, 2008

Poem - For you.....

ညီမငယ်တဦးက ဂျေက ကဗျာ မခံစားတတ်ဘူးလို့ ပြောတယ်၊ ထင်ကြစရာဘဲလေ။ အချိန်အခါသင့် အခွင့်သင့်ရင် ကဗျာ ခံစားတတ်ပါတယ်။ လောလောဆယ် ဖီလင်မလာတဲ့ အတွက် ကိုယ်ပိုင် ကဗျာရေးချင်စိတ် မရှိပါဘူး။

သို့ သော် ဘလော့ကာခရီးထွက်တုန်း ဖတ်ရတဲ့ ကဗျာတွေ ကို Version ပြောင်းပေးခဲ့ပါတယ်။ အခုထိ ဘလော့ကာ ၃ဦးအတွက် ရေးပေးခဲ့ဘူးပါတယ်။ မူရင်းရေးထားတဲ့ ကဗျာကို ဖတ်ပြီး Version ပုံစံပြင်ရေးတာ မိုလို့ နဂိုကဗျာရဲ့ စိတ်ကူးလေးတွေကို စာသားပြောင်းရေးတဲ့အတွက် လက်တန်းပြင်နိုင်ခဲ့ပါတယ်။ ကဗျာအဖွင့်တွေ ကိုယ်ထည်တွေ စဉ်းစားစရာမလိုတဲ့ အတွက် ရေးသားချိန် ၁၅မိနစ်- ၂၅မိနစ်သာ ကြာပါတယ်။ ရေးချင်စိတ်ရှိနေသဖြင့် ထိုသို့ မြန်ခြင်းဖြစ်သလို ကဗျာမှာ လည်း အလွန်ရသ မမြောက်တာ ကိုယ်တိုင် စိတ်တိုင်းကျ မဖြစ်တာ ၀န်ခံပါတယ်။ သို့ သော် ထပ်ပြီး ခေါင်းခြောက်မခံချင်တော့သဖြင့် ဒီအတိုင်းထားလိုက်ပါတယ်။


ကိုချစ်ဦးဆိုဒ်မှာ ရေးထားတဲ့ ဖူးစာကဗျာလေးကို Version ပြောင်းထားခြင်း

" ဖူးစာ "

အွန်လိုင်းကို အရင်းခံ
ရင်းနီးခဲ့ ဘလော့မှယ်

သစ္စာဆို တိုးလို့ ဖန်တယ်
ဒီဇင်ဘာ ရင်တွင်းမှာကွယ် နွေးတဲ့ ချစ်ဘဲ....

ဖွင့်လိုက်တိုင်း ကွန်ပျူတာ
ရင်ခုန်ရ မော်နီတာမှာ
ဧမြတဲ့ မျက်နှာနုငယ်
မောင့်ရင်မှာ တုန်လှုပ်ပါတယ် ချစ်ငွေ့ က သဲ....

လက်ချိုးလို့ မျှော်မိတယ်
တူနှစ်ကိုယ် နီးဖို့ ရယ်ကို
ကြိုးစားတဲ့ ဒီချိန်မယ်
စကန့် သံ ရှည်ကြာရက်တယ်
(မောင့်ရဲ့ရင်ထဲ) လွမ်းဆက်ဝေဆဲ...

မိနစ်ကို နာရီစား
ရက်ကိုတဲ့ လကမြိုတယ်
မဟာစံသူ ညှိ့ငင်အားမယ် ရူးမိ မောင် ဘဲ....


ကိုတောသားဆိုဒ်မှာ ရေးထားတဲ့ ကဗျာလေးကို Version ပြောင်းထားခြင်း

"တိတ်တခိုး"

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ကိုဆင်ခရို ရေးထားတဲ့ ကဗျာလေးကို Version ပြောင်းထားခြင်း

"ဆင်ခရိုတံဆိပ် ကိုယ်ရံတော် ဓါတ်ဘူးလေး"

ချစ်သူသက်နှင်း လှယမင်း…
မိုးဖိနပ်ကိုနင်း တိုင်းခန်းလှည့်ရင်
ထပ်ခြပ်မကွာ နောက်တော်ပါး မှ
ကာကွယ်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ဝေဟင်ခရီး ဓါးမိုးဆီးရင်
သဲသက်ကို နှင်း
လမ်းရှင်းပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ခုနှစ်ပြည်ထောင်မင်း စစ်ခင်းခဲ့ရင်
နှတ်ဖွင့် မလို မျက်ရွဲပင့်ထို
တွန်းလှန်ဖြိုမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ဘ၀အိမ်မက် လှစေဖို့ တွက်
ထီးတော်ကိုမိုး ပန်းတော်တိုး လို့ 
မျက်လုံးပြူးကျယ် ဘီလူးဖြစ်လဲ(အဲ မှားသွားလို့ )
ညစောင့် ဒရ၀မ် (မှားပြန်ပြီ)
စောင့်ကြပ်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
မင်းတွက်ဆိုရင် ဘ၀ ဖြန့် ခင်း
သွေးသားကိုရင်း သဲသက်နှင်းရ်ျ
ပေးဆက်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ပင်ပန်းနွမ်းနယ် နားယူချင်ရင်
ကိုယ့်ဧရိပ်မယ် နားလှဲ့ ထိပ်ထား
တဖ၀ါး မခွာကိုယ်ပါ ယုံပါကွယ်။

အခုလောလောဆယ်တော့ ဘာမှ လုပ်ချင်စိတ် ရေးချင်စိတ်မရှိလို့  ပို့ အဟောင်းဘဲ တင်လိုက်ပါတယ်

3 comments:

Synchro 305 ~ said...

ကောင်းပ သယ်ရင်းရ
နာ့ကဗျာလေး ကိုပြောင်းပေးထားတာ
ကြိုက်တယ်
ဇူး..... :)

စိုးထက် - Soe Htet ! said...

wow .:::
ဂျေ က သျှိုထားတယ် :) :P

ထွန်း said...

ကျနော် ၄တန်းမှာ သတင်းစာစဖတ်ပါတယ်၊ အကို ဆရာဝန် တဦးက တိုက်တွန်းလို့ ဂျာနယ်၊မဂ္ဂဇင်းတွေ စာတလုံး မကျန် ဖတ်ပါတယ်။ ၄တန်းကျောင်းပိတ် တော့ တိုင်းရင်းမေအဟောင်းထဲမှာ ကလောင်သစ် ကဗျာနှင့်အယ်ဒီတာ့အဖြေ ကိုဖတ်ရပါတယ်။ အယ်ဒီတာက ကာရန်ရှိတဲ့ ကဗျာကိုသာရွေးပြီး၊ ကာရန်မရှိတဲ့ ကဗျာကိုပယ်ပါတယ်။ ကဗျာဆိုတာ ကာရန်မရှိရင် ကဗျာ မတွင်ပါဘူးဟု ရေးပြီး ပစ်ပစ်နှစ်နှစ်ဝေဖန်ထားပါတယ်၊ ဘယ်စာအုပ်မဆို ကာရန်အပြည့်နဲ့ ကဗျာသာ ဖော်ပြပါတယ်။ ဂျေက အဲဒီအဆိုကို ရင်ထဲစွဲနေပါတယ်။ မြန်မာဖတ်စာ မှာသင်ကြားခဲ့ရတဲ့ ဦးပုည ဦးဇော်ဂျီ ဦးမင်းသုဝဏ် ဦးတင်မိုးတို့ ရေးခဲ့တာ ကာရန်နဲ့  နုနုရွရွကဗျာ လေးတွေပါ၊ မောင်ရေခဲ မရွှေဖဲ ကဗျာလေးတွေဟာ တသက်မမေ့နိုင်တဲ့ ၄တန်းမြန်မာစာဖတ်စာအုပ်ထဲက ကဗျာလေးတွေပါ။ ဘော်ဒါတွေ ဖတ်စာအုပ်ပိတ်ပြီး အော်ဟစ်ရွတ်ဆိုခဲ့တာ ပြန်စဉ်းစားရင် မနေ့ တနေ့ ကလိုခံစားရပါတယ်။ အခု ဘယ်နေရာကြည့်ကြည့် ကာရန်ကဗျာကို တွေ့ ဖို့ ခဲယဉ်းပါတယ်။ ခေတ်ပြောင်းတယ် ပြောမလား ခေတ်နှောင်းတယ် ဆိုမလား အရိုးစွဲနေတဲ့ ကာရန်ရှိတဲ့ ကဗျာ ကိုသာ စွဲစွဲမြဲမြဲ ဖတ်မိ ရေးမိ ဖွဲ့ မိပါတယ်။

 
/* EOT ----------------------------------------- */