Wednesday, April 30, 2008

True story - Twin

ခြေ၄ချောင်း လက်၎ချောင်းရှိသော မိန်းခလေး (သို့ ) ခေါင်းပါသောအမွှာ ခေါင်းမပါသော အမွှာ



အိနွိယနိုင်ငံတွင် အမွှာမိန်းခလေး တဦး မှာ ကိုယ်ခနွာ အပြည့်အ၀ (ခေါင်း)မပါလာခဲ့သော်လည်း ကျန် အမွှာဖြင့် တင်ပါးတွင် ခနွာကိုယ်ချင်း ဆက်နေလေသည်။ ထို့ ကြောင့် ကျန်အမွှာတွင် ခြေ၄ချောင်း လက်၎ချောင်းရှိနေရလေသည်။ ထိုမိန်းခလေးမှာ ဟိနွိုဘာသာကိုးကွယ်သော ဆင်းရဲချို့ တဲ့သော ရွာလေးတွင် လက်လေးဘက်ရှိသော ချမ်းသာကြွယ်ဝမှု့ ကိုစောင်မသော နတ်ဘုရားမ Vishnuကို ပူဇော်သောနေ့ တွင် မွေးဖွားသည်။ ထို့ ကြောင့် ထိုခလေးငယ်သည် နတ်ဘုရားမ ၀င်စားလေသလောဟု ယူဆနေကြလေသည်။

မိဘများဖြစ်သော Poonam Devi နှင့် Shambu Das တို့ သည် တနေ့ လျှင် US$1.00 (မြန်မာပြည်ထက်များတာဘဲ)ရသော အလုပ်သမားများဖြစ်သည်။ မဖွံ့ ဖြိုးသော အမွှာကို ခနွာကိုယ်မှ ဖယ်ထုတ်ရန် ကုန်ကျစရိတ်မှာ US$၂၀၀ ၀၀၀.00 ဖြစ်သော်လည်း အလျှုရှင်များကြောင့် အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့လေသည်။ (11/8/07)




မခွဲစိတ် ခင်ပုံ နှင့်
ခွဲစိတ်ပြီး ပုံ

ဖတ်ကြည့်ချင်သေးလား....

Health - four kidneys inside this girl


သဘာဝလွန် ဖြစ်ရပ် ကျောက်ကပ်၎ခုရှိသော မိန်းခလေး

လော်ရာသည် ဗိုက်အောင့်သော ဝေဒနာကြောင့် ဆေးရုံတွင် ဓါတ်မှန် ရိုက် ကြည့်ရာမှ သူမတွင် ၁၄လက္မအရွယ် ကျောက်ကပ်တစုံနှင့် ၉ လက္မအရွယ် ကျောက်ကပ်တစုံ စုစုပေါင်း ကျောက်ကပ် ၄ခု ရှိကြောင်း သိရသည်။ သူမ သည် ပိုနေသော ကျောက်ကပ် တစုံ (ကျောက်ကပ်၂ခုကို ကင်ဆာရောဂါကြောင့် ကျောက်ကပ် ထုတ်ထားရသော လူနာအား လျှူဒါန်းမည်ဟု သိရသည်။ သာဓု သာဓု သာဓု) (2/18/08)

ဖတ်ကြည့်ချင်သေးလား....

Health - A girl with the Wings

လူလား အတောင်ပံနဲ့  နတ်သမီးလား

တရုတ်ပြည်တွင် အသက်၁၁နစ်အရွယ် မိန်းခလေး အမွှာတစုံမှာ မဖွံ့ ဖြိုးဘဲ ကျန်တဦး၏နောက်ကျောတွင်
လက်၂ဖက် အဖြစ်သာ တည်ရှိနေသဖြင့် စစ်ဆေးရုံတွင် ခွဲထုတ်ကြောင်း သို့ သော် ခွဲစိတ်ပြီးပုံကို သတင်း မရပါကြောင်း။ အောင်မြင်သည်ဟုသာ သိရကြောင်း (Ref: dailymail newspaper 12/12/07)

ဖတ်ကြည့်ချင်သေးလား....

Health- ခနွာကိုယ်အပြင်ရောက်နေသော နှလုံး

မယုံဘူးလား ကိုယ့်နှလုံးသားကို ကြည့်

အသဲနှလုံး ဆိုသော လူ့ ကိုယ့်အတွင်းအင်္ဂါများ သဘာဝမဟုတ်ဘဲ ခနွာကိုယ်အပြင်ရောက် နေသောအခါ.......



ပုံကို ကလစ်လုပ်လျှင် ဓါတ်ပုံ အကြီးချဲ့ လာပြီး နှလုံး ကို အသေချာ မြင်ရမည်။ ထို ကလေးမလေးမှာ တရုပ်ပြည်မှ ဖြစ်ပြီး မွေးဖွားသော အချိန်တွင် သူမ၏ နှလုံးမှာ ခန္ဓာကိုယ်အပြင်ဘက် ညာဖက် ရင်ဘတ်ပေါ်တွင် ရောက်ရှိနေသည်ကို စိတ်မကောင်းစရာ တွေ့ ရပါသည်။ သူမ အသက် အနည်းငယ်ကြီးလာသော အခါမှသာ နှလုံးကို ခန္ဓာကိုယ်အတွင်းထဲသို့  ပြန်ထဲ့သွင်းမည် ဖြစ်ပါသည်။ (2/28/08)

အသဲ နှလုံး ကလီစာဆိုသည်မှာ ကိုယ်ခန္ဓာအတွင်းထဲတွင်သာ သဘာဝအတိုင်းရှိရပါမည်။ နှလုံးမှာ ညာဘက်တွင် ရှိသော လူများကို လည်း တွေ့ ဘူးပါသည်။ စာရေးသူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းတဦး မှာ ညာဖက်တွင်နှလုံးသားရှိသော မိန်းခလေးဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Health - မိခင်က တချိန်ထဲမွေးပေမဲ့ အမွှာမဟုတ်ပါ


Not twin but born in same day in 3 week apart

ဒီမှာ နဲနဲဆန်းတာလေးကို စိတ်အနားပြေအနေနဲ့ ဖတ်နော်



အမျိုးသမီးဟာ ကိုယ်ဝန်သနွေသားတည် နေပြီးဖြစ်ပေမဲ့ သားဥထုတ်မှု့ များသည့် အတွက်ကြောင့် ပထမသနွေတည်ပြီး ၃ပတ်အကြာတွင် နောက်ထပ် သားဥမှာ သနွေအောင်ခဲ့လေသည်။ ပထမသနွေမှာ ၁၂ပတ်ရင့်သော်လည်း ဒုတိယသားနွေမှာ ၉ပတ်သာ ရှိနေလေသည်။ ဆရာဝန်များ ဆေးစစ်ချက် ရယူသော အခါ သနွေသားမှာ ၂ ဦးဖြစ်သော်လည်း ကြီးထွားမှု့  တိုးတက်မှု့ အခြေနေမှာ အဆင့်ခြင်း မတူကြသဖြင့် လွန်စွာ ခေါင်းခဲခဲ့ကြသည်။ သနွေသား၂ဦးမှာ တွင် တဦးမှာ အရွယ်အစားသေး သဖြင့် အသက်ရှင်ရန် အခွင့်နည်းသောကြောင့် ကျန်သနွေသား အတွက်ပါ စိုးရိမ်နေရသည်။ လကြာလာသည်နှင့် အမျှ မိခင်မှာ အရွယ်မတူသော ကလေး၂ဦးကို လွယ်ထားရသဖြင့် လှုပ်ရှားရန်ပင် အခက်ခဲဖြစ်ရလေသည်။ ကလေး၂ဦးမှာ မိခင်၏ ၀မ်းဗိုက်အတွင်း ကြပ်ညှပ်နေကြ ပြန်လေသည်။


သို့ အတွက်ကြောင့် ဆရာဝန်များမှာ အရေးပေါ် ခွဲစိတ်မွေးခဲ့ရ ရာ ပထမကလေး ၃၂ပတ်သား မှာ ၆ပေါင် ၁၁အောင်စ ရှိပြီး ၂၉ပတ် ကလေးမှာ ၄ပေါင်၁၃ အောင်စ ရှိလေသည်

ပထမ လစေ့နေစေ့ အချိန်ပြည့်သော သမီးဦးလေးကို မွေးပြီး နောက် သနွေကို လစေ့ရန် စောင့်ရလေသည်။ ၃ပတ် အကြာတွင် နောက်သနွေမှာ လစေ့နေစေ့ အချိန်ပြည့်ပြီး မွေးနေ့ တရက်တည်းတွင် နောက်ထပ် သမီးလေးကို ဖွားမြင်လေသည်။ 9/29/07


ဖတ်ကြည့်ချင်သေးလား....

Health - Giant Huge Big Large BABY! အလွန်ထွားသော မွေးကင်းစကလေး


Comparsion of normal baby with giant boy


အသက် ၃၈နှစ်ရှိ Trisha Lightwood အမျိုးသမီးသည် ၈နာရီကြာအချိန်ယူ ကာ အင်္ဂလန်နိုင်ငံ၏ အကြီးဆုံး ယောင်္ကျားလေးကို တွင် ဖွားမြင်ခဲ့သည်။ ၁၃ပေါင် ၆အောင်စ အရွယ်သားငယ်မှာ ၆လသား သာမာန် မွေးကင်းစကလေး များထက် ၆လသား အရွယ်မျှ ကြီးမားနေသည်။ ကိုယ်ဝန်ဆောင် နေစဉ်အတွင်း သနွေသားလေးမှာ ၁၀ပေါင် ၁၅စတုံ ရှိလေသည်။ သာမာန်ထက် လွန်စွာ ကြီးမား နေသဖြင့် ၁၀ရက်နောက်ကျမှ မွေးခဲ့သည်။ မွေးချိန်တွင် မိခင်မှာ သွေး၃ပုလင်းစာမျှ ကုန်ခမ်းခဲ့သည်။ မွေးချိန်တွင် ကလေးမှာ ပုခုံးမှာ ထွက်မရသဖြင့် အသက်ရှုရပ်ပြာနှမ်းနေသည်။ သားဖွားသည် ၃ဦးမှာ ခက်ခဲစွာ မွေးဖွား ခဲ့ရသည်။

၁၉၉၂ခုနစ် တွင် ကမ်ဘရီးယား Cumbria မြို့ နယ်တွင် ၈ိုင်ကား Guy Carr ဆိုသူ ကလေး မှာ ၁၅ပေါင် ၈အောင်စမွေးခဲ့သည်။ ၁၉ရာစု နစ်အတွင်းတွင် ကောန်ဝေါ Cornwall နှင့် ခရူဝီ Crewe တွင် အလေးချိန် ၂၀ပေါင် ရှိသော ကလေးများ မွေးဖွား ဖူးကြောင်း သိရသည်။ (8/11/07)


ဖတ်ကြည့်ချင်သေးလား....

Health - quins..

၅မြွာပူး Elizaveta, Alexandra, Nadezhda, Tatiana and Varvara Artamkin last week

ရုရှား ဇနီးမောင်နှံမှ မွေးဖွားလာသော ၅မြွာပူးကလေးများမှာ အထူး အသက်ကယ် ခန်းတွင် စောင့်ရှောက်ထားရာ မှ ယခုအခါ ကျန်းမာရေးတိုးတက်ပြီး အိမ်ပြန်နိုင်ပေမည်။ ( သိပ်စိတ်မပူနဲ့ ငွေကြေး မပူရဘူး။ ကလေးတယောက်ကို ထောက်ပံ့ကြေး တပတ် ၆၅ပေါင် ရတာ) (2/19/08)



Married for seven years, the couple, who have known each other since childhood, were delighted to discover last May that Varvara was pregnant after a course of fertility treatment.

But when they learned six weeks later that they were expecting five children, doctors in Russia told them to abort some of the babies, claiming it was the only option to ensure the survival of any of them - and Varvara.

But the couple, members of the Russian Orthodox church, refused, believing specialist equipment was needed to care for them.

ဖတ်ကြည့်ချင်သေးလား....

Friday, April 18, 2008

Health - 1 ကျန်းမာရေး နှင့် ဓလေ့ထုံးစံ - လက်ရည်တပြင်တည်း


ခင်ဦးမေက နိုင်ငံခြားမှ ကူးစက်လာသော အကျင့်များဆိုပြီး ဒီမှာ ရေးထားလို့  လို့ ဒီပို့ စ်လေးကို ပြန်လည်ဆန်းသစ်လိုက်ပါတယ်။

ကျန်းမာရေး ရှု့ ဒေါင့်က ကြည့်မယ်ဆိုရင်.. အရှေ့ တောင် အာရှ က ယဉ်ကျေးမှု့ တချို့ ဟာ ပြောင်းလဲသင့်တယ် လို့  မြင်ပါတယ်။

(နောက်တဖက်က ပြောရင် လုပ်ဖော်ကိုင်ဖက် ကုလားတွေ ပြောသလိုပေါ့။ ကုလားပြည်မှာ ရောဂါပိုးတွေ များလွန်းလို့ 
SAR ဆိုတဲ့ ရောဂါကြီး ကုလားပြည်လာရင် ကုလားပြည်မှ ရှိနေတဲ့ ရောဂါပိုးတွေက ဒင်းကို သတ်လို့  သေသွားမှာဘဲတဲ့ SAR ကြောင့် ကုလားတွေ ဘာမှ ဖြစ်မှာ မဟုတ်ဘူးတဲ့ ) ......................

ကမ္ဘာပေါ်မှာ နစ်တွေပြောင်းသလို စံနစ်တွေ ခေတ်တွေ လူတွေလဲ ပြောင်းလဲ တိုးတက် လာသလို ဆုတ်ယုတ်လာတာတွေလဲ ရှိပါတယ်။

အရင်ကဆို ပိတောက်ပန်းဟာ တနစ်မှာ သင်္ကြန်ကျတဲ့နေ့ တရက်ထဲသာ ပွင့်တဲ့ ပန်းပါ။ အနုမြူခေတ် ကာဗွန်ဒိုင်အောက်ဆိုဒ်ခေတ် ရောက်တော့ တနစ်မှာပွင့်ချင် သလို ပွင့် တရက်ထက်ပိုပြီးပွင့်လာပါတယ်။ အိုဇုန်းလွာတွေ ပါးပြီး တချို့ နေရာ တွေမှာ ပေါက်လာတယ်. ရာသီဥတု ဖေါက်ပြန်လာတယ်။ ရောဂါအဆန်းတွေ ပိုတွေ့  ရတယ်။ ဒို့ နိုင်ငံရဲ့ ယဉ်ကျေးမှု့ ထုံးစံလည်း ပျက်စီးလာတာတွေ့ ရတယ်။


စားဝတ်နေရေး ကြောင့် သော်၎င်း. မင်းယောက်ျားများ၏ ပံ့ပိုးမှု သယ်ဆောင်လာမှု ကြောင့်သော်၎င်း HIV ဆိုတာ အခုတော်တော်များများ ပြန့် ပွားနေတာသိရပါတယ်။

စိတ်မကောင်းစရာက ဒို့ များရဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံကြောင့် ရောဂါပိုမို ပွားများ နေတာ ပါဘဲ။ ငယ်ငယ်က ဖတ်စာအုပ်တွေ သီချင်းတွေမှာ လက်ရည်တပြင်တည်း ဇကောတချပ်ထဲ လက်ဆုံစားကြလို့ ပိုချစ်ကြတယ် ဆိုတာ ကျန်းမာရေးရှု့ ဒေါင့်က ကြည့်ရင် လုံးဝမှားယွင်း နေတာ ပြောလိုပါတယ်။

လူခနွာကိုယ်ထဲမှာ ရောဂါရှိမရှိ အစဉ်မပြတ် ကျန်းမာရေး စစ်ဆေး တတ်ကြတဲ့ အကျင့်တွေ ဒို့ မှာမရှိဘူး. စားဖို့ တောင်အနိုင်နိုင် ကျန်းမာရေး စစ်ဆေး ဖို့ ထက် ဖြစ်လာရင်တောင် ဆေးကုဖို့ မတတ်နိုင်တာ ကြိုပြီး ဘယ်လိုကာကွယ်နိုင်ကြမှာလဲ။

ကဲ အဲဒီတော့ ယဉ်ကျေးမှု့ ကို နဲနဲပြောင်းကြရအောင်.. သူငယ်ချင်းတွေ ချစ်ကြတယ် အတူတူ သွားလာတယ်. စားသောက်ကြတယ် မှန်တယ်. လက်ရည်တပြင်တည်း ပုဂံတချပ်ထဲမစားသင့်ဘူး

ဟင်းချို တပုဂံထဲ ဇွန်းတချောင်းထဲ မစားသင့်ဘူး. လဘက်သုပ်ပုဂံတခုထဲ ဇွန်းတချောင်းထဲနဲ့ လူတိုင်း ၀ိုင်းမစားသင့်ဘူး။ သောက်ရေချမ်းစင်အိုး ကလည်း တနည်းရောဂါပိုးသယ်တာနဲ့ တူတယ်။ ဘုံဘိုင်ပါတဲ့ ရေအိုး၊ သီးသန့် ရေဗူးနဲ့ ကိုယ်ပိုင် သီးသန့် သောက်တာ အကောင်းဆုံးပါဘဲ။ သူငယ်ချင်းစားတဲ့ အကျန် ဆက်စားမယ်ဆိုတာလည်း မှားပါတယ်။ သူ့ မှာရှိတဲ့ ရောဂါပိုးက ပါးစပ်မှ လက်(ဇွန်း)သို့  ထိုမှတဆင့် ပုဂံထဲ ရောက်နိုင် ပါတယ်။ ကဲဆက်စားတဲ့ သူငယ်ချင်းက ရောအဲဒီပုဂံထဲကရော၈ါရှိတဲ့ အစာကို ရောဂါရှိတဲ့ ဇွန်းနဲ့ ပါးစပ်ထဲသွင်းလိုက်တော့ ရောဂါက ကိုယ်ခနွာထဲ ရောက်သွားပါတယ်။

နောက်တခါ နှာချေမှု့ ကလည်း ရောဂါပွားစေတဲ့နည်းပါဘဲ။ ခရီးသွားလို့ ရောဂါရှိသူ သုံးထားတဲ့ အသုံးဆောင် သုံးမိရင် (ဥပမာ မလျှော်ဖွတ်ထားတဲ့ အိပ်ယာ) ကူးတတ် ပါတယ်။ အသေးစိတ်လိုက်ပြောရရင် လူ့ ဘောင်လောကထဲမှာ နေနေတဲ့ လူတယောက်အနေနဲ့ လိုက်နာဖို့ ခက်ခဲမှာပါ။

အနဲဆုံး လုပ်သင့်တာကတော့ လက်ရည်တပြင်တည်း ဟင်းတခွက်ထဲလက်ဆုံစားတာ ရေခွက်တခုထဲ ၀ိုင်းသောက်ကြတာ. စားလက်စအကျန်ဆက်စားတာ ကို ခေတ်နဲ့ အမှီ ပြောင်းလဲကြရအောင်.
7/29/2007 6:40am

ဖတ်ကြည့်ချင်သေးလား....

Sunday, April 13, 2008

ကြောက်တင်ဗုံး - ၅

လုလုမီးဖိုထဲမှာ ဒူးရင်းသီးနဲ့ သာခွေယိုင်... အောင်မယ်လေး ဒူးရင်းသီးမမြင်ဘူးတာ ၅နစ်ရှိတော့မယ် ဗြဲ....


ကရင်ဆင်ထိန်း တွေ နဲ့  ချင်းမိုင်က ဆင်.....



---------------------------------------


သနားစရာလေးတွေ....

ယနေ့ ချောင်ထဲရောက်နေတဲ့ င်္အကျီ ဘောင်းဘီဆွဲထုတ် လိုက်တယ်။ ၀တ်မလို့  ... ကြည့်လိုက်တော့ အတော် သနားစရာကောင်းနေတာ တွေ့ ရတယ် ဆောင်းတွင်းတခုလုံး မ၀တ်ဘဲ ပစ်ထားရတာ...

ဒင်းကလေးတွေ ... သနားစရာ .. ၁လက်မခွဲ လောက် ကျုံ့ပြီး သေး ကုန်တယ်... သွပ်သွပ်သွပ်...

စာမေးပွဲပြီးမှ သူတို့ လေးတွေကို ပြန်ကြည့်ရမယ် အခုတော့ သူတို့ ကို သနားလို့  သည်းခံပြီး ....... အဆင်ပြေပါတယ် ဗိုက်နေရာမှာ ၁လက်မခွဲ ဟနေတာလေးတခုဘဲ အတင်းဆွဲစေ့ဝတ်လိုက်တယ်....

သနားစရာလေးတွေ ....



လာလည်သူများအားလုံးကို ကျေးဇူးတင်ပါသည်။ စာမေးပွဲပြီးလျှင် အလည်လာ ပါမည်။

စာမေးပွဲနီးနေလို့ .....

စာပျောက်တာ..လိုက်ရှာရတာ ခေါင်းကိုက်တယ်



မနေနိုင်ပေါင်...

အင်း မရေးဘူးဆိုပေမဲ့ ရီစရာတွေ့ လို့ ဗျို့ .... ယူကေက ၃နစ်သား ခွေးကလေးဆီကို မဲပေးဖို့ ဖိတ်စာ လာသတဲ့ အီးဟီးဟီး... ခွေးရှင်ကတော့ မေ၁ရက်နေ့ မဲပေးတဲ့ အခါ ခွေးကို ခေါ်သွားပေးမယ်။ ခွေးကလေး မဲပေးမပေး ကြည့်သေးတာပေါ့ဆိုဘဲ ...

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 8, 2008

New year wish -

နစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

ကျနော် စာမေးပွဲ နီးကပ်နေပါသဖြင့် အကြောင်းမပြန်နိုင်တာ စာမရေးနိုင်တာ ဘလော့မလည်နိုင်တာများကို သည်းခံပေးကြပါရန်...

(ပြီးလျှင် စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့်အောင်မြင်ရန် ဆုတောင်းပေးကြပါရန် အဟီး)

ဖတ်ကြည့်ချင်သေးလား....

Sunday, April 6, 2008

News - Snow နွေ မှာဝေတဲ့ နှင်း

မနေ့ က..အိပ်ယာက နိုးပြီး ဘလော့နေတာ မနက်စာစားမလို့  အောက်ဆင်းမှ နှင်းတွေ ၃လက်မလောက် ထူနေတာနဲ့ ဂမန်းဂတမ်း ရေချိုးတယ်။ ဘော်ဒါကို ဖုံးဆက်တော့ မလိုက်ဘူးဆိုတာနဲ့  စိတ်ပျက်ပျက်နဲ့  မနက်စာထိုင်စားလိုက်တယ်။ ၉နာရီလောက် ထွက်တော့ အိမ်ရှေ့ မှာ ကလေးတွေ နှင်းလူလုပ်ဆော့နေတာတွေ့ ရတယ်။ အရာ အားလုံးဟာ ဖွေးဖွေးဖြူလို့  သစ်ပင်တွေက စိမ်းရင့်ရင့်မှာ အဖြူနှင်းဖတ်တွေ ဂွမ်တွေ ပုံသလို လှပါ့။ နေရာ အနံ့ တော့ မရိုက်လိုက်ရပါဘူး။

ပ၊ဒု၊တ ပုံတွေက မြင်ကွင်းအကျယ်ဖြစ်အောင် paroyama ခေါ်တဲ့ ဓါတ်ပုံ၃ပုံကို ဆက်ပြီး ပေါင်းစပ်ထားတာပါ။ အပြင်ထွက်တုန်း ကိုယ့်ပုံကိုယ် ရိုက်ချင်လို့  လမ်းမှာ တွေ့ တဲ့ လူတယောက်ကို ဓါတ်ပုံရိုက်ပေးပါ အကူညီတောင်းပြီး သူ့ ကို ပြန်ဓါတ်ပုံရိုက်ပေးခဲ့တယ်။ သူမသိအောင် ဒီဘလော့မှာ တင်လိုက်မယ်။ မြှားနတ်မောင် အေဂျင်ဆီဆိုတော့ မိန်းခလေးတွေ တိတ်တိတ် လာစာရင်းပေးရင် ပြလို့ ရအောင်ပါ.... ကိုကိုတို့  ညီညီတို့ လဲ အားမနာကြနဲ့  မစွံရင် အတိတ်ကံမပါလို့ ဘဲမှတ်... အင်း... မှားလို့  ကူညီပါမယ်..

ကဲ လောကကြီးဘယ်လောက် လှသလဲဆိုတာ ကြည့်ရအောင် အရင်က မလှခဲ့တဲ့ ရှုခင်းလေးတွေ ဘယ်လောက်လှသွားသလဲဆိုတာ...



ကျနော့်ပုံတော့ မတင်ထားဘူး (တော်ကြာ ကောင်မလေးတွေ ၀ိုင်းကြည့်နေမှာ ရှက်လို့ )

၁၂နာရီလည်းရောက်ရော နေထွက်လာတာနဲ့  နှင်းတွေ အရည်ပျော်ပြီး လမ်းလဲ ညစ်ပတ်သွားတာဘဲ. ဒါက ကမ္ဘာကြီး ပူနွေးလာတဲ့ ရလာဒ်ပေါ့။

ယူကေမှာ ဆောင်းတွင်းမှာ နှင်းကျ နောက်ကျတာ တနှစ်ကို တလစီ နောက်ကျရင်း နဲ့ ဒီနစ်တော့ နွေခေါင်ခေါင်ဧပြီလမှာ နှင်းကျတာပါ။ ပြီးခဲ့တဲ့ အပတ်ကလို ဘဲ ဒီနေ့ မှာတော့ နေရောင်ခြည် နဲ့ လင်းချင်းနွေး လို့  သာယာတဲ့ နွေရှု့ ခင်း ပြန်ဖြစ်သွားပြီပေါ့လေ..

ဖတ်ကြည့်ချင်သေးလား....

Saturday, April 5, 2008

Health - smoking ဆေးလိပ်

လာလည်ကြသော ဖော်သဟာများကို ကျေးဇူးတင်ပါသည်။ ဆေးလိပ်နှင့်ပတ်သက်ရ်ျ တချို့ က သောက်ကြသည်။ တချို့ ကမုန်းကြသည်၊ တချို့ က ရှောင်ကြသည်တဲ့။

စာရေးသူ၏ ဖခင်(မွေးစားဖခင်) အတယ်မှာ အသက်၁၅နစ်မှစရ်ျ ဆေးလိပ်သောက်ပါသည်။ စာရေးသူ ၏အသက် ၂နစ်၃နစ် မှတ်မိသမျှ အချိန်တွင် အတယ်သည် ဆေးပြင်းလိပ်၊ဆေးပေါလိပ်၊ ဆေးတံ သောက်သည် ကို သတိရမိပါသည်။ စီးကရက်သောက်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်ပြီး ဈေးကြီးသည်ဟုဆိုပါသည်။ အသက် ၅၅နစ် တွင် ဆေးလိပ်ကြောင့် ဖြစ်သော အဆုပ်ရောဂါဖြင့် ဘ၀တပါးဆုံးပါးသည့် အချိန်မှ စရ်ျ စာရေးသူ သည် မြေမနင်းအိမ်ရှေ့ စံဘ၀မှ ဈာန်လျော ခဲ့ရပါသည်။ ဖခင်မရှိသည့်နောက်ပိုင်း လောကကြီးကို အခက်ခဲပေါင်း များစွာနှင့်ကြုံတွေ့ ခဲ့ရပါသည်။

ဖခင်က ဆေးလိပ် သောက်သော်လည်း သားများက ဆေးလိပ်အရက် မသောက်ကြပါ။ အနံ့ ပင် မခံနိုင်ကြပါ။ (တချို့ မှာမူ ဖခင်က မသောက်လျှင် သားများက ဆေးလိပ် အရက်သောက် ခိုးသောက်ကြသည် ဥပမာ ဆွေမျိုးထဲမှ အကိုတဦး ဆိုပါတော့)။

ဆေးလိပ်သောက်လျှင် စစခြင်း ငွေကုန်မည်။ င်္အကျီပုဆိုးပေါက်သည်။ ရင်ကြပ်မည်။ ခံတွင်းချဉ်မည်။ နစ်ကိုတင်းကတ္တရာငွေ့ များ သွားတွင်ချေးထပ် မဲချိတ်စေမည်။ ပါးစပ်နံ့မည်။ ရောဂါရပါမည်။

ဖခင်ကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးခဲ့ရသော စာရေးသူ ဂျေမှာ ဆေးလိပ်သောက်ခြင်းကို ဆန့် ကျင်လိုပါသည်။ လိပ်ကလေးပိုင်ရှင်မှာ သူကိုယ်တိုင် ပျက်စီးခြင်းကို အားမရဘဲ မွေးထားသော လိပ်ကလေးကိုပါ ဖျက်စီးသည် ကို တွေ့ ရသည်။ တခုထူးဆန်းသည်မှာ ဆေးလိပ်ကို လိပ်၏ပါးစပ်တွင် တပ်ပေးလိုက်သည့်အခါ လိပ်ကလေးက ဆေးလိပ်ကို ၀ါးမစားဘဲ လူတဦးကဲ့သို့ ဆေးလိပ်သောက်သည်ကို စိတ်ထဲ ဆန်းကြယ်သည် ဟု ထင်မိပါသည်။

ထိုလိပ်ကလေး ဆေးလိပ်ပြတ်ပါစေဟုသာ ဆုတောင်းပေးနေမိပါသည်။

ဖတ်ကြည့်ချင်သေးလား....

Friday, April 4, 2008

Health - Smoking ဆေးလိပ်သောက်ကြအုန်းမလား









အဲဒီလိပ်ကလေးက ဆေးလိပ်တလိပ်ကို ၄မိနစ်အတွင်းကုန်အောင် သောက်နိုင်တယ်။ တနေ့ ကို ၁၀လိပ်ကုန်အောင် သောက်နိုင်တယ်။ တနေ့ ဆေးလိပ်မသောက်ရရင် ယိမ်းယိုင်နေသတဲ့။ နောက်ဆုံးတော့ ဆေးလိပ်ကုမဏီတခုက ဆေးလိပ်ပေးပြီး လိပ်ခွံပေါ်မှာ သူတို့ တံဆိပ်ကြော်ငြာပေးရင် ကြော်ငြာခ ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ဆေးလိပ်စွဲနေတဲ့ ပိုင်ရှင်နဲ့  လိပ်ကို ဆေးလိပ်ဖြတ်ဖို့  လူမှု့ ရေးအဖွဲ့ တွေက ကြိုးစားကြ တယ်လို့ လဲ သိရတယ်။

ဖတ်ကြည့်ချင်သေးလား....

Thursday, April 3, 2008

Poem 5 - ရူပမောင် ရဲ့ အသဲ

တက္ကသိုလ်ကျောင်းတုံးကပေါ့ဗျာ မနက်ဆိုရင် ကျောက်တင်ပုန်းမှာ ကာရန်နဲ့ လှလှပပ ကဗျာလေးတွေ ရေးထားတယ် ဘယ်သူရေးမှန်းမသိရဘူး။ အနော်တို့ က မနက်ဆို အိပ်ရာထဲကမနဲထ ပြီး ကျောင်းသွားရတော့ စာသင်ချိန် တောင် မမှီဘဲ နောက်ကျတတ်လို့ ဘယ်သူရေးတယ် ဆိုတာ (ဖမ်းဖို့ နေနေသာသာ ဖတ်ဖို့ တောင် အနိုင်နိုင် အဟဲ) မသိရပါဘူး။ မှတ်မိတာလေးတခုဝေငှချင်ပါတယ်။ ရူပမောင်တဦးရဲ့ လက်ရာပေါ့။

မင်းအတွက်ဆိုရင်.....

ကိုယ့်ရဲ့ရင်ခွဲ
အသဲကိုထုတ်
ဆားဖြင့်ဆုပ်ရ်ျ
ဂျင်းရည်ပက်ဖြန်း
ဆနွင်းမှုန့် လူး
ငြုပ်သီးဖြူးကာ ပေးလိုက်မယ်...

အင်း စပ်လိုက်မဲ့ ဖြစ်ချင်း .... (အသဲပြောပါတယ်။) သူ့ ကောင်မလေးက ချဉ်ငံစပ်ကြိုက်ပုံရတယ်။

နစ်ကာလ ကြာလွန်းလို့  မူရင်းစာသားကို မမှတ်မိတော့လို့  စိတ်ထဲ ထင်တာတွေ နဲနဲတော့ ပြင်ထားတာ အသိပေးထားပါတယ်။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */