Sunday, April 6, 2008

News - Snow နွေ မှာဝေတဲ့ နှင်း

မနေ့ က..အိပ်ယာက နိုးပြီး ဘလော့နေတာ မနက်စာစားမလို့  အောက်ဆင်းမှ နှင်းတွေ ၃လက်မလောက် ထူနေတာနဲ့ ဂမန်းဂတမ်း ရေချိုးတယ်။ ဘော်ဒါကို ဖုံးဆက်တော့ မလိုက်ဘူးဆိုတာနဲ့  စိတ်ပျက်ပျက်နဲ့  မနက်စာထိုင်စားလိုက်တယ်။ ၉နာရီလောက် ထွက်တော့ အိမ်ရှေ့ မှာ ကလေးတွေ နှင်းလူလုပ်ဆော့နေတာတွေ့ ရတယ်။ အရာ အားလုံးဟာ ဖွေးဖွေးဖြူလို့  သစ်ပင်တွေက စိမ်းရင့်ရင့်မှာ အဖြူနှင်းဖတ်တွေ ဂွမ်တွေ ပုံသလို လှပါ့။ နေရာ အနံ့ တော့ မရိုက်လိုက်ရပါဘူး။

ပ၊ဒု၊တ ပုံတွေက မြင်ကွင်းအကျယ်ဖြစ်အောင် paroyama ခေါ်တဲ့ ဓါတ်ပုံ၃ပုံကို ဆက်ပြီး ပေါင်းစပ်ထားတာပါ။ အပြင်ထွက်တုန်း ကိုယ့်ပုံကိုယ် ရိုက်ချင်လို့  လမ်းမှာ တွေ့ တဲ့ လူတယောက်ကို ဓါတ်ပုံရိုက်ပေးပါ အကူညီတောင်းပြီး သူ့ ကို ပြန်ဓါတ်ပုံရိုက်ပေးခဲ့တယ်။ သူမသိအောင် ဒီဘလော့မှာ တင်လိုက်မယ်။ မြှားနတ်မောင် အေဂျင်ဆီဆိုတော့ မိန်းခလေးတွေ တိတ်တိတ် လာစာရင်းပေးရင် ပြလို့ ရအောင်ပါ.... ကိုကိုတို့  ညီညီတို့ လဲ အားမနာကြနဲ့  မစွံရင် အတိတ်ကံမပါလို့ ဘဲမှတ်... အင်း... မှားလို့  ကူညီပါမယ်..

ကဲ လောကကြီးဘယ်လောက် လှသလဲဆိုတာ ကြည့်ရအောင် အရင်က မလှခဲ့တဲ့ ရှုခင်းလေးတွေ ဘယ်လောက်လှသွားသလဲဆိုတာ...



ကျနော့်ပုံတော့ မတင်ထားဘူး (တော်ကြာ ကောင်မလေးတွေ ၀ိုင်းကြည့်နေမှာ ရှက်လို့ )

၁၂နာရီလည်းရောက်ရော နေထွက်လာတာနဲ့  နှင်းတွေ အရည်ပျော်ပြီး လမ်းလဲ ညစ်ပတ်သွားတာဘဲ. ဒါက ကမ္ဘာကြီး ပူနွေးလာတဲ့ ရလာဒ်ပေါ့။

ယူကေမှာ ဆောင်းတွင်းမှာ နှင်းကျ နောက်ကျတာ တနှစ်ကို တလစီ နောက်ကျရင်း နဲ့ ဒီနစ်တော့ နွေခေါင်ခေါင်ဧပြီလမှာ နှင်းကျတာပါ။ ပြီးခဲ့တဲ့ အပတ်ကလို ဘဲ ဒီနေ့ မှာတော့ နေရောင်ခြည် နဲ့ လင်းချင်းနွေး လို့  သာယာတဲ့ နွေရှု့ ခင်း ပြန်ဖြစ်သွားပြီပေါ့လေ..

1 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

I was wondering where in England are you at?? It would be nice to know you as I currently live in England either. Pls get back naw!!

Soe Mya Nandar Thet Lwin

 
/* EOT ----------------------------------------- */