Monday, June 30, 2008

Poem -5 ဖိုးသူတော်လေး နောင်ဝေေ၀

ဖြိုးဖြိုးပျက်ပျက်
ရောင်ရွှေဝါ
မင်းညီမင်းသားပါ။
ပါးကွက်ထူးနဲ့ 
ဝလုံးရေး
ကိုရင်လောင်းတို့ အိနြေပေး။

စီတန်းလှည့်တဲ့
အလျှူပွဲမှာ
မြင်းခန့် ထက်ပေါ်မှာ။
ဘုရားပေါ်မှာ
လှည့်ရန်ထွေး
ပုခုံးထက်မှာ တင့်လို့ လေး။

အလျှူပြီးပြီး
ကျောင်းရောက်မှာ
မငိုနဲ့ လေကွာ။
သင်္ကန်းစကို
ဆွဲကိုင်ပေး
ဆံစ ပါယ်မဲ့ ကတုံးလေး။

ဆွမ်းခံကြွတဲ့
တန်းနောက်မှာ
တောက်တက်လှမ်းလို့ လား။
လောင်းလိုက်ပါကွဲ့ 
ဆွမ်းတော်လေး
ပိတ်ဖြူပါးနဲ့ သူတော်လေး။

ဖိုးသူတော်လေး
နောင်ဝေေ၀
တည်ငြိမ်လွန်းလှပေ။
ကြည်နူးပါရဲ့
ရှု့ ခင်းလေး
ဖိုးသူတော်လေး သေးသေးကွေး။


ဒီကဗျာလေးကို လောကအလှမှာ ရေးသားခဲ့ပါတယ်။ ဖိုးသူတော်ဆိုတဲ့ စေတနာရှင်အဖွဲ့ သားတဦးနဲ့  စကားဆုံမိလို့  ဖိုးသူတော်ဆိုတဲ့ ခေါင်းစဉ် နဲ့  ရေးခဲ့သော ကဗျာ ကို သတိရမိပြီး တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဤကဗျာမှာ စေတနာရှင်အဖွဲ့ သားတဦးဖြစ်တဲ့ ဖိုးသူတော်နဲ့  လုံးဝ မပတ်သက်ကြောင်း၊ ဒီကဗျာကို ဧပြီလ ၄ရက်နေ့ က ရေးသားထားခြင်း ဖြစ်ကြောင်း အသိပေးလိုပါသည်။

ဂျေ

4/4/08 8:08 AM

0 comments:

 
/* EOT ----------------------------------------- */