Monday, May 12, 2008

ရုရှားမှ မင်းညီမင်းသား စစ်ဗိုလ် အပေါင်း တို

(ဘလော့ကာညီအကို သဘောဖြင့် နောက်ပြောင်လို၍ ဒီပို့စ်ကို ရေးသားခြင်းဖြစ်ပါသည်။ ယခုပို့ စ်ကို ရေးပြီးနောက်ပိုင်းတွင် ရုရှားအုပ်စုမှ မုန်တိုင်းအတွက် လျှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ကြားသိရသဖြင့် ၀မ်းသာချီးကျူး မိပါသည်။ သို့ သော် ချီးကျူးထိုက်သူကို သာ ချီးကျူးပါသည်။)

အသင်တို့ ၏ ဘလော့တွင် ဘုရားတရားသံလာပုံများ ဓမ္မတရားတော်များ တင်ထားသည့်အတွက် အသင်တို့ သည် ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင်ကြောင်း မှန်းနိုင်သကဲသို့  စေဒနာ သုံးတန် ဗလပွဖြင့် မုန်တိုင်းဒုက်ခသည် များအတွက် အလျှူငွေလည်း ပေးပို့ လျှူဒါန်းလိုမည်ဟု သေချာသလောက် မှန်းကြည့်မိ ပါသည်။

ထို့ အတွက်ကြောင့် ကုသိုလ်အရေး လက်မနှေးစေရန် အရှင် မင်းညီမင်းသားစစ်ဗိုလ် တို့ အား အလျှူငွေ ကောက်ခံ ပါကြောင်း။ အောက်ဖော်ပြပါ ဘဏ်အတွင်းသို့ အလျှူငွေ ထဲ့သွင်းနိုင်ကြပါသည်။

Account Name :
Burmese Student Organisation UK

Bank Name : HSBC
Sort Code : 40-01-13
Account No. : 41546694

PLEASE MAKE YOUR DONATION NOW AS SURVIVORS ARE IN NEED OF URGENT HELP!

ပုံ
နိဗ္ဗာန်ဆော် အေဂျင်ဆီ

(တကယ်ပါဗျာ ရန်တိုက်ပေးတာ မဟုတ်ရပါဘူး။ ကျနော်တို့ ဘက် မှာ ဘယ်လိုနည်းနဲ့  အလျှူကောက်ရမလဲ ဘဲ စဉ်းစားနေတာပါ။ ကျနော်တို့ ကျောင်းသားတွေ စာမေးပွဲက ဒီလကုန်မှ ပြီးမှာဆိုတော့ လူအင်အား နည်းတယ်။ အလျှူကောက်ဖို့ က ပါမစ်လဲ စောင့်ရသေးပါတယ်။ အဒု အနော်ဆိုရင် ရသမျှ အလုပ်လိုက်တောင်းပြီး အပတ်စဉ် ကိုယ့်လုပ်အားနဲ့  ရင်းပြီး လျှူဖို့ စဉ်းစားထားပါတယ်။ ဒီအပတ်မှာ ဖြင့် ပေါင်၆၀ (US$120) ထဲ့နိုင်မည်ဟု ခန့် မှန်း မိပါသည် )

5/13/08

0 comments:

 
/* EOT ----------------------------------------- */