Sunday, May 4, 2008

Technology - Motor Bike

ယူနိုမော်တော်ဆိုင်ကယ် (ဘာသာပြန် Copyright: လောကအလှ မဂဇင်းတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။ )

1wheelcycle2


ယူနိုမော်တော်ဆိုင်ကယ် ဆိုသည်မှာ နောက်ဆုံးပေါ်မော်တော်ဆိုင်ကယ် ဒီဇိုင်းဖြစ်ပါသည်။ ဘီး၂ခုကို ဘေးချင်းယှဉ်ပြီးတည်ဆောက်ထားသဖြင့် ဆိုင်ကယ်၏ကိုယ်ထည် တ၀က်သာ ရှိသဖြင့် ဆိုင်ကယ်ကို အိမ်တွင်းတွင် ထည့်သိမ်းနိုင်လောက်အောင် သေးငယ်ပေါ့ပါး ၀န်ကျဉ်း စေပါသည်။ တည်ငြိမ်မှု့ကို ပိုရစေသဖြင့် တိမ်းမှောက်မှု့ နည်းပါးစေပါသည်။ ဆိုင်ကယ်ရပ်နား နေရာ သက်သာစေသည့်အပြင် လမ်းပိတ်မှု့ လျော့ပါးစေနိုင်ပါသည်။ ဆိုင်ကယ်သည် ၃၆ဗို့ အား လျှပ်စစ်ဓါတ်ဖြင့် မောင်းနှင်နိုင်သဖြင့် လောင်စာဆီ ကြောင့်ဖြစ်သော အခိုးငွေ့  ကာဗွန်ငွေ့ လျော့ပါးစေပါသည်။ သို့ သော် ၂၄ဗို့ အားသာ သုံးကြောင်းတွေ့ ရှိရပါသည်။

ဆိုင်ကယ်တွင် အပိတ်အဖွင့် ခလုတ်သာ ပါရှိပြီး အမြန်မောင်းလို ပါက မောင်းသူ၏ ကိုယ်ခန္ဓာကို အရှေ့ သို့ ကိုင်းပြီး အမြန်နုန်းလျော့လို ပါက ကိုယ်ခန္ဓာကို မတ်မတ်ထား မောင်းရပါမည်။

ပထမဆုံး ထွင်သော နမူနာ ဒီဇိုင်းဆိုင်ကယ်သည် တနာရီ၂၅မိုင်မှ ၆၀မိုင်နှုန်း မောင်းနိုင်ပြီး ၂.၅နာရီ ခန့် ကြာကြာမောင်းနိုင်ပါသည်။

တီထွင်သော သိပ္ပံပညာရှင်မှာ အသက်၁၈နှစ်သာ ရှိသော ကနေဒါနိုင်ငံ၊ Ontario မြို့ တွင် နေထိုင်သူ Ben Gulak ဖြစ်ပါသည်။ အထက်တန်းမှ စတင်ပြီး ပညာထူးချွန်ဆုများဖြင့် စကော်လားရှစ်ရရှိခဲ့ သူဖြစ်ပါသည်။ ၂၀၀၆ နှစ်တခုတည်းတွင် Intel International Science and Engineering Fair Grand ပြိုင်ပွဲတွင် တတိယဆု. Intel International Science and Engineering Fair တွင် ပထမဆု၊ Herbert Hoover Young Engineer Award 2006 ဆု၊ Yale Science and Engineering Award ဆု၊ Hillfield STrathallan College McMaster University Award for Industrial Design Technology ၂၀၀၄ မှ ၂၀၀၆ထိ ဆက်တိုက် ဆုရခဲ့ပါသည်။ McMaster's LEAP Robotics Program ပြိုင်ပွဲတွင် သူခေါင်းဆောင်သော အသင်းသည် ပထမရခဲ့ပြီး အသင်းသားအားလုံး ကနေဒါငွေ၃ထောင် စကော်လာရှစ်ရရှိခဲ့ ကြပါသည်။ သူသည် Waterloo's Rim Robotic's Challenge တွင် အသင်းခေါင်းဆောင်လည်း ဖြစ်ပါသည်။

အဖိုး၏ အကူညီဖြင့် ကလေးဘ၀မှစတင်ပြီး ရထား၊ ကားလေးများ ကိုယ်တိုင် တီထွင်ခဲ့ပါသည်။သူငယ်စဉ်အခါတွင် သူ၏ အဖိုး အင်ဂျင်နီယာ Werner ၏ စက်ပစည်း တီထွင်မှု့ တွင် စိတ်ဝင်စားစွာ ၀င်ရောက် တည်ဆောက်ခဲ့ပါသည်။
ထို့ ကြောင့် စက်ပစည်း သံထည် မက်ကင်းနီကယ် တည်ဆောက်မှု့ တွင် ကလေးဘ၀မှစ၍ ရင်းနှီးခဲ့ပေသည်။ သူ၏အဖိုး ၂၀၀၄တွင် ကွယ်လွန်သောအခါ အဖိုး၏ ၀ပ်ရှော့ ကလေးကို အပိုင်ရသဖြင့် အဖိုး ပျိုးထောင် ပေးခဲ့သော အမွေအနှစ်များဖြင့် အောင်မြင် ရကြောင်း သိရှိရပါသည်။

ယူနိုဆိုင်ကယ်ကို တီထွင်ရခြင်းမှာ ၂၀၀၆တွင် တရုပ်ပြည်သို့ အလည်သွားရာမှ ဆိုင်ကယ်များ၏ ဆိုးကျိုးများနှင့် မီးခိုးထွက်ခြင်းများကြောင့် ပုံစံသစ် ထွင်လိုသောစိတ်များပေါ်ခဲ့လေသည်။ ၀န်ကျဉ်းပြီး စရိတ်ကျဉ်းကာ သိမ်းဆည်းလွယ်သော ဆိုင်ကယ်ကို တီထွင်ခဲ့ကြောင်းသိရှိရပါသည်။

စာမှီးDailymail
www.scitechontario.org
www.innovationcanada.ca
www.scitechontario.org

1wheelcycle



1wheelcycle5

1wheelcycle3
1wheelcycle4


0 comments:

 
/* EOT ----------------------------------------- */