Wednesday, June 18, 2008

သေကံမရောက်သူတို့ ရဲ့ ပုံပြင်ကလေးများ - နိဂုံးပိုင်း ၎

ဇွန်လ ၄ရက်။ ။မနက်၎နာရီ ထပြီးပစည်းများ လှည်းပေါ်တင် မြစ်ဆိပ်သို့ အရောက်သွားပြီး စက်လှေပေါ် တင်ကြပါသည်။ ၆နာရီရောက်သော အခါမှ ပစည်းတင်ခြင်းပြီးပါတော့သည်။

မနက်စာ အနည်းငယ်စားကြပါသည်။ ပုံမှန်အားဖြင့် ရွာခံများသည် စက်လှေနှင့် ပင်လယ် ရေပြင်ကို လက်တထွာ အမြင့်ထိ ပစည်း၊လူ အပြည့်တင် ကြသော်လည်း အဖွဲ့ တွင် မာအပါအ၀င် မိန်းခလေး ၄ဦးသာပါသဖြင့် မာတို့ ၏ အသက်ဘေး စိုးရိမ်ကြ သောကြောင့် စက်လှေ ၂စီး သုံးပြီး ထွက်ကြပါသည်။

မနက် ၇နာရီရောက်သည်နှင့် မိုးအုံလာပါသည်။ စက်လှေပေါ် တက်သည့် အချိန်တွင် မိုးစတင်ရွာပါတော့သည်။ သွားရာ လမ်းတလျောက်တွင် ရေမြုပ်နေသော ဓနိတောများ၊ ကျိုးပြတ်နေသော အုန်းပင် ထန်းပင်များ ပျက်စီးနေသော တဲပျက်များ ရေပေါ်ဘောလောမျောနေသော အိမ်တိုင်များ ပြည့်နှက်နေပါသည်။ ခရီး အတန်ငယ် ရောက်သောအခါ ချောင်းဘေးတွင် ဓနိတောများ များလာသည့်အတူ လူနှင့် တိရိစာန်များ၏ ရုပ်ကြွင်းများ ဓနိတောထဲတွင် ပေါလောပေါ်နေသည်ကို တွေ့ ရပါတော့သည်။ ပုံမှန်အားဖြင့် ရေနစ်သူများသည် ၄ရက်တွင် ရေထဲ မြုပ်သော်၎င်း အသားများ ကြေပျက်သွားသော်၎င်း ဖြစ်သော်လည်း ပင်လယ် ဆားငံရည် ကြောင့် ငါးပိသိပ်သကဲ့သို့ ဖြစ်ကာ လူ့ အသားများသည် အညိုရောင်မှ ဒိန်ခဲ ထောပတ်အ၀ါရောင်ဖျော့အရောင် ပြောင်းသွားကြပါသည်။ ရုပ်ကြွင်းများပုံကို မတင်လိုသော်လည်း မေးလ်ပို့ ပါက ပို့ ပေးပါမည်။ ပြင်စလူအနီး ၀ဲဂလှိုင်ထဲတွင် ရုပ်ကြွင်းများ ရာချီထပ်နေသည်ကို မှတ်တမ်းမတင်လိုက်ရပါ။


မာတို့  ရောက်သည့် အချိန်တွင် တွေ့ ရသော ရုပ်ကြွင်း များမှာ နောက်ထပ် ထပ်မံသေဆုံးသူများဖြစ်နိုင်ပါသည်။ မုန်တိုင်းဒဏ်ကြောင့် စားရမဲ့ နေရမဲ့ ဖြစ်သော ဒုက်ခသည်များသည် ရွာကြီးများ သို့ တက်ပြီးစားစရာ တောင်းခံ နေထိုင်သည်ကို သေနတ်ဖြင့်ချိန်ကာ မော်တော်၎စီးဖြင့် မပြန်မနေရ အတင်းပြန်ပို့ ကြပါသည်။

ထိုအချိန်တွင် ရာသီဥတု မကောင်းသော်လည်း အတင်းအကြပ် သေနတ်ချိန်ပြီး မော်တော် ပေါ်တက် ခိုင်းပြီး ပြန်လွှတ်ရာတွင် ရာသီဥတု ဆိုးဝါးမှု့ ကြောင့် မော်တော်၎စီးစလုံးမြုပ်ပြီး လူပေါင်း၂၀၀၀ ကျော် သေဆုံးမည်ဟု ရွာခံများက ပြောပြ ကြပါသည်။
ရွာတရွာတွင် အလွန်ဆိုးဝါးပါသည်။ ယောက်ျားရုပ်ကြွင်းတခု မြစ်ဆိပ်တွင် သောင်တင်နေပါသည်။ ကမ်းပေါ်တွင် ရုပ်ကြွင်းများစွာ ရှိနေသဖြင့် အနံဆိုးဝါးပြီး ရွာသားများသည် မကျန်းမာခြင်း အနာ ရောဂါများ ပြည်တည်ပြီး ဆေးဝါးမဲ့ကာ အခက်ခဲများတွေ့ နေကြရပါသည်။ ကလေးတဦးမှာ မုန်တိုင်းအတွင်းထိခိုက် ဒဏ်ရာ ရပြီး မျက်လုံးအိမ် အပြင်ထွက်နေပါသည်။ သို့ သော် ကုသရန် ဆေးဝါး လုံးဝမရှိပါ။

မာတို့ သွားခဲ့သောမြစ်တလျောက်ရွာများ အပြင် မော်တော်မရောက်နိုင်သော လှေသာရောက်နိုင်သော နေရာအချို့ မှာ အလွန်ဆိုးဝါးကြောင်း ကြားသိရပါသည်။ ဘိုကလေးနဲ့ မဝေးလှသော်လည်း ကယ်ဆယ်ရေးအဖွဲ့ လုံးဝ မရောက်ရှိ ခဲ့သော ရွာကလေးများ မြားစွာ ရှိနေပါသေးသည်။ ရွာတချို့ မှာ ရေဖုံးကာ လုံးဝ ပျောက်ကွယ် သွားသဖြင့် ကုန်းမြင့်သော ရွာသို့  သွားရောက် ပူးပေါင်းနေ ကြရပါသည်။ မြေပြင်ဟူရ်ျ ခြောက်သွေ့ နေခြင်း မရှိဘဲ ရေစပ်စပ် ဖြင့်နေကြရသဖြင့် ကျန်းမာရေး အလွန်ထိခိုက်နေပါသည်။


လောလောဆယ်တွင် ဆရာဝန်များ အဖွဲ့  လာရောက်ခဲ့ သည်ဟုသိရပါသည်။ ကြက်ခြေနီအဖွဲ့ မှာလာရောက် သော်လည်း သွားလာလွယ်ကူသော တက်ရောက်ရန် လွယ်သော ရွာကြီးများသာ ရွေးသွား မည်ဟု ထင်ရပါသည်။ ကြက်ခြေနီအဖွဲ့ သည် မာတို့ ရောက်ခဲ့သော ရွာကို ကျော်သွားသည်ကို တွေ့  ရပါသည်။ ယင်းတို့ ကျော်သွားသော ထိုရွာလေးမှာ လူမမာများ ဒဏ်ရာရသူများ ပြည့်နှက်နေပါသည်။


မာတို့ သွားရောက်ခဲ့သော ရွာကလေးများမှာ သွားလာရန် အလွန် ခက်ခဲပါသည်။ ကမ်းပေါ်တက်ရန် ကမ်းစပ်နှင့်စက်လှေကို ၄လက်မဗြက်ရှိ ပျဉ်ပြားခင်း၍၄င်း။ တချို့ နေရာတွင် ၀ါးလုံးတချောင်းခင်း၍၄င်း တက်ရောက် ကြရပါသည်။ တခါတရံ စက်လှေမှာ နှိမ့်၍ (သို့ )မြင့်နေပါက ၂၅ဒီဂရီစောင်း နေပါသေးသည်။ ကမ်းပေါ်တက်ရောက်ရန် အလွန်ထိပ်လန့် ဘွယ်ရာ ဖြစ်ပါ သည်။ သိခဲ့ရသော ရွာတရွာတွင်လူခြေအိမ် ၂၀၀ခန့် ရွာတွင် ည၇နာရီမှ စမုန်တိုင်းဝင်ရာ ကျောင်းထိုင်ဘုန်းကြီးမှာ ၃ထပ်တိုက်ခေါင်မိုးပေါ်တက် ပြီးထိုမှတဆင့် မျောလာသော သစ်လုံးတွယ်ကာ အသက်ရှင်ကျန်ခဲ့ပါသည်။ ထိုရွာတွင် ဘုန်းကြီးအပါဝင် လူ၃ -၄ဦးမျှသာ အသက်ရှင်ပါသည်။ မာတို့ ရောက်သည့်အချိန် တလကျော်သည်အထိ ကယ်ဆယ်ရေး အဖွဲ့ လုံးဝ မရောက်သဖြင့် မာတို့ ဆီသို့ လာရောက် အကူညီတောင်းသည်ကို သိရပါသည်။

ရွာပေါင်း ၁၁ရွာ သို့ အကူပစည်းများ ပေးပို့ ခဲ့ပါသည်။ ယင်းသို့ ပေးသည်မှာလည်း ရွာစုံပို့ ခြင်းမဟုတ်ဘဲ တနေရာတွင်စုပုံပေးခဲ့ရခြင်း ဖြစ်ပါသည်။ အချိန် လူနှင့် လုပ်အား မမျှတသောကြောင့် တနေရာတည်းတွင် စုထားခဲ့ရခြင်းဖြစ်ပါသည်။ ပစည်းများ တင်ချရ၊ လူနာများဆေးကုပေးရ၊ လိုအပ်သည်များ စုဆောင်းမှတ်သားရပါသည်။ မိုးရွာနေသဖြင့် လူအားလုံး ရေစိုပြီး ချမ်းနေကြပါသည်။ နောက်ဆုံးအပြန်လမ်းတွင် ရည်ရွယ်ချက် ပြည့်မြောက် အောင်မြင်သွားသဖြင့် လူတိုင်း စိတ်မော လူမောဖြစ်ကာ အပြန်လမ်းတလျောက်တွင် မောပန်းနွမ်းနယ်ပြီး မထိန်းနိုင်အောင် ခြေပစ်လက်ပစ် ဖြစ်ကာ မျက်လုံးမဖွင့်နိုင်အောင် ငိုက်မြည်းခဲ့ ကြပါသည်။ တည်းခိုရာသို့ ရောက်သော အခါမှ မိုးတိတ်သွားပါသည်။ လူတိုင်းမှာ ပင်ပန်းလွန်း၍ အလွန် အားယုတ်နေကြပါသည်။ ညဘက်တွင် ဘာညာကလေးမှာ အပြင်းဖျား ပါသည်။ အကြောင်းမှာ သွားရောက်ခဲ့သော နေရာတနေရာတွင် ခြေချော်သဖြင့် အသားပွန်းပဲ့ ဒဏ်ရာ ရသည့်နေရာသည် ပင်လယ်ရေ ထိမှု့ ကြောင့် အနာဖြစ်ကာ အပြင်းဖျားပါသည်။ ပင်လယ်ရေ သည် လူသေ အလောင်းများကြောင့် ညစ်ပတ်နေသဖြင့် ထိုရေထိသည်နှင့် ရောဂါ ရနိုင်မည်မှာ ရာနှုန်းပြည့်ဖြစ်နေပါသည်။ ရွာတရွာတွင် အလျူပေးရာ ကုန်းဘတ်မှာ ၀ါးလုံးတန်းတခု၃၀ဒီဂရီစောင်းနေသည့် အပေါ်မှ ရွာသားတဦး ခြေချော်သဖြင့် လှမ်းဆွဲသော အဖွဲ့ ဝင်လည်း မြစ်ထဲ ပြုတ်ကျသွားပါသည်။ သူ့ ကိုလှမ်းဆွဲသော ကျောင်းသားလေး တဦးလည်း ရေထဲ ပြုတ်ကျပြန်ပါသည်။ သူတို့ပြုတ်ကျသော နေရာတွင် ငုတ်များစွာ ရှိပါသည်။ ကံကောင်းလွန်းလှ သောကြောင့် ရေထဲမြုတ်နေသော ငုတ်များနှင့် လက်မ၀က်စီ ကပ်လွတ် ခဲ့သော်လည်း ငုတ်နှင့်အနည်းငယ်ထိ၍ အသား ပွန်းပဲ့ သွားပါသည်။ အနာထဲသို့ မသန့် သော ရေပုတ်များ ထိမှု့ ကြောင့် အနာယဉ်းပြီး ဖျားနာကြပါသည်။

ရေမြုပ်သွားသော ၂ထပ်သင်္ဘောကြီးဓါတ်ပုံကို ရိုက်မိနိုင်လိုက်ပါသည်။ သို့ သော် ရိုက်ထားသော ပုံများ ပျက်စီးသွားသောကြောင့် နောက်ပိုင်းရရှိမှ ထပ်မံတင်ပေးပါမည်။

အတိုချုန်းပြောရသော် ဒုက်ခသည်များအတွက် စားစရာ ဆန်၊ မိုးတွင်းရောက်ပြီဖြစ်သဖြင့် အမိုးအကာ၊ ဆေးဝါး အဓိက လိုအပ်ပါသည်။ မိုးရွာသဖြင့် သောက်ရေအတွက် သူတို့ ဖန်တီးနိုင်ပါသည်။ အ၀တ်အထည်များ ဝေငှထားပြီး ဖြစ်သဖြင့် လျှူလိုသော် လျှူနိုင်ကြပါသည်။ အရေးကြီးသော အရာမှာ ဆေးဆန်နှင့်အမိုးအကာများ ဖြစ်ပါသည်။

လျူဒါန်းခဲ့သော ပစည်းစာရင်း များကို ဖေါ်ပြထားပါသည်။

သို့ ဖြင့် ဇွန် ၄ရက်နေ့ တွင် အလျူတခုထပ်မံပြီးမြောက်ခဲ့ပါသည်။

စာဖတ်သူများ အားလုံးကို အမျှဝေပါသည်။


အမျှ အမျှ အမျှ



ဘိုကလေးမြို့ နယ် မုန်တိုင်းခံခဲ့ရသော ရွာငယ်ကလေးများသို့  ဇွန် ၃-၅ရက် အထိ သွားရောက်လျူဒါန်းခြင်း ပြီးမြောက်ပါသည်။ ဇွန်၅ရက်တွင် အဖွဲ့ သားများ တပူးပေါင်းတည်းမပြန်သဖြင့် ၀မ်းနည်းစွာနှတ်ဆက် လမ်းခွဲခဲ့ ကြပါသည်။

အပိုင်း ၁၊၂၊ ၃ ကို ဓါတ်ပုံများနှင့် ပြန်လည် ဖြည့်စွက်ထားပြီး ဖြစ်ပါသည်။ မြန်မာပြည်မှ ဘလော့ကာများအတွက် မေးလ်ဖြင့် ပို့ ပေးပါမည်။ ထပ်မံ ဖော်ဝဒ်ဖြင့် ဖတ်လိုသူများအားဝေငှပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မာသည် မိမိဝမ်းစာထဲမှ အလျူကို ကိုယ်တိုင် ကိုယ်ကြ ပေးချင်လွန်းသဖြင့် ဘာညာလေး၏ ဘိုကလေး သွားမည့် အစီအစဉ် သိရသည့် မိနစ်ပိုင်းအတွင်း အရောက်သွားမည်ဆုံးဖြတ်ပြီး သွားခဲ့ခြင်းဖြစ်ပါသည်။ ဘာညာလေးတို့ ၏ စေတနာ အဖွဲ့ ဝင်များကျေးဇူးကြောင့် အလျူ ဖြစ်မြောက်ခဲ့ရပါသည်။ သူတို့ စေတနာ အဖွဲ့ မှာ အလျူငွေ၊ အလျူပစည်းရသည့် နောက်တနေ့ တွင် ချက်ချင်း သွားရောက်လျူဒါန်းခြင်းဖြစ်ကြောင်း မျက်မြင်သိရှိ ခဲ့ရပါသည်။

ယခုအထိ ရွာသားများ၏ အစာရေစာ ငတ်မွတ်မှု့ ၊ ဆေးဝါးမလုံလောက်မှု့ ၊ အမိုးအကာမရှိမှု့ များ သိနေရသဖြင့် လွန်စွာဝမ်းနည်းရပါသည်။ ဆောင်းဟေမာန် ခေါ် မာ့အနေဖြင့် စာဖတ်သူများအား ရွာသားများ၏ အသက်ကယ် ပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်။ ဖြစ်နိုင်ပါက အောက်ပါ ဘလော့ကာများသို့ အလျှူငွေသော်၎င်း ဆေး အစာများ ပို့ ၍၄င်း ရွာသားများအား ကယ်ဆယ်ပေးလိုပါသည်။

ဘာညာ barnyar.demo@gmail.com
ဘာလာဂေါက် zzml33@gmail.com
(သူတို့ ထံမှ ပြန်စာမရပါက အောက်ပါအဖွဲ့ ဝင်များကိုလည်း ဆက်သွယ်လျှူဒါန်းစေလိုပါသည်။
ပင့်ဂိုးလ် cuttiepinkgold@googlemail.com
ဖိုးသူတော် phoethudaw@gmail.com)
ကျေးဇူးတင်စွာဖြင့်

မာ ( ဂျေအဖွဲ့ ဝင် )

0 comments:

 
/* EOT ----------------------------------------- */