Friday, July 25, 2008

ခေတ်သစ်မောင်ရေခဲ

ဘယ်သွားနေလဲ မောင်ရေခဲ
ပူလောင်အိုက်တယ် မနေနိုင်လို့ 
ကန်တော်ကြီးကို သွားတယ်ဗျို့ ။

ဘာမြင်ခဲ့လဲ မောင်ရေခဲ
လူတွေအများကြီးတွေ့ ပါတယ်။
အပျိုအအို စုံလို့ ကွယ်။

ဘာသွားလုပ်လဲ မောင်ရေခဲ
လေညှင်းခံဖို့ သွားတယ်ဗျို့ 
ကျန်းမာရေးအတွက် လှုပ်ရှားဖို့ ။

ဘာလုပ်သေးလဲ မောင်ရေခဲ
လမ်းလျှောက်ရုံမက အပြေးမှတ်
ကန်တော်တစ်ပတ် ခရီးထပ်။

ဘယ်သွားသေးလဲ မောင်ရေခဲ
ဗိုက်ဆာလာလို့ သွားတယ်ဗျို့ 
အနီးအနားက ဈေးတန်းသို့ ။

ဘာစားခဲ့လဲ မောင်ရေခဲ
ကြက်သားဆန်ပြုတ် ခေါက်ဆွဲသုပ်
အအေးလေးနဲ့  မိုက်တယ်ဗျို ။့

ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ကားပြန်ခက်တယ် စိတ်ကဆောင်
ညည့်နက်သန်းခေါင် မနေပေါင်။



ပြုံးပျော်နိုင်ကြပါစေ

ပုံ
ဂျေ

0 comments:

 
/* EOT ----------------------------------------- */