Monday, July 7, 2008

News - Halo 999လား ပုလိပ်ကား အခိုးခံရလို့ ပါ ဗျာ


.... ကျနော် က ပုလိပ် ပါ... ဟုတ်ကဲ့ ကူညီပါခင်မျာ


မြောက် ကယ်ရိုလိုင်းနား နယ်နိမိတ် ဘော်ဒါအနီးရှိ ဒေးလွန်ခေါ်သော မြို့ သေးသေးတွင် အသက်၁၃နစ် ရှိသော ချာတိတ်လေးမှာ ပုလိပ်ကားကို အလစ်သုပ်ပြီး မြို့ အတွင်း ရှိလမ်းမ များအတွင်း တွင် လှည့်ပတ်မောင်းနှင် ခဲ့လေသည်။ ပျော်ရွှင်ဘွယ်ရာအတိ ဖြစ်သော ခရီးလေစွ။

အသက်မပြည့်သဖြင့် သူ့ ၏နံမည်ကို မဖေါ်ပြနိုင်သော်လည်း ကားခိုးမှု့  ဖြင့် အထိမ်းသိမ်းခံနေရပါသည်။ ကလေး၏ အပျော်နောက်ပြောင်မှု သည် အရေးယူစရာ မဟုတ်ဟု ပြောခဲ့မိသောကြောင့် သူ့ ၏ မိခင်မှာလည်း ထိုအမှု့ နဲ့ ပတ်သက်ပြီး အဖမ်းခံရပါသည်။ သို့ သော် ဒေါ်လာ ၅၀၀၀ တန် ၀န်ခံစာချုပ် ဖြင့် ပြန်လည် လွတ်မြောက် ခဲ့ပါသည်။

ရပ်ကွက်တွင်းမှ လူများက ချာတိတ်လေး ပုလိပ်ကား ကို ရပ်ကွက်အတွင်း မောင်းနေကြောင်း ဖုံးဆက် တိုင်ကြားခဲ့ပါသည်။ ချာတိတ်လေးမှာ မြို့ အတွင်း စိတ်ကြိုက် မောင်းနှင်ပြီး သည်နှင့် တပြိုင်နက် ပုလိပ်ရုံးသို့  ပုလိပ်ကားကို ဘေးမသီရန်မခ ပြန်လည် ပို့ ပေးခဲ့ပါသည်။

ချာတိတ်မှာ ပုလိပ်ရုံးတွင်း ၀င်ရောက်ပြီး ကားသော့ရယူကာ အပျော်ခရီး လျှောက်မောင်းခြင်း ဖြစ်နိုင်ကြောင်း၊ မြောက်ကယ်ရိုလိုင်းနားမှ ပုလိပ်များ၏ စွမ်းစွမ်းတမာန် တင်းကြပ်သော လုံခြုံရေး ကြီးကို အံတုခဲ့ကြောင်း

ပုလိပ်ကားပျောက်သည်ကို ပင် မည်သည့် ပုလိပ်တဦးတလေမှ မသိကြ ပါကြောင်း၊


ပုံ
ဂျေ
ခေတ သတင်းစာတိုက် (ကွန်ပျူတာမျက်နာပြင်ရှေ့ )

0 comments:

 
/* EOT ----------------------------------------- */