Sunday, August 31, 2008

Crime - မင်းဘယ်ပြေးမလဲ

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်ဂိုဒေါင်မှ ဆန်အိတ်၎အိတ်ကို အလိုမတူဘဲ ခိုးယူထွက်ပြေးသူများသည် ဒင်းတို့ ခိုးယူသွားသော ဆန်အိတ်၏ ပြောကြားချက်ကြောင့် အဖမ်းခံလိုက်ရပါသည်။

၎င်းတို့ သည် အချက်ပေးဝါယာကြိုးနှင့် လုံခြုံရေးအချက်ပြများကို အောင်မြင်စွာ ဖြတ်တောက်ကာ ဆန်အိတ်များ ခိုးသွားနိုင်သော်လည်း ဆန်အိတ်တအိတ်သည် ခြံစည်းရိုးနှင့်ညှိပြီး ပေါက်ကာ ဆန်စေ့များ ထွက်ကျ နေသည်ကို သတိမထားမိကြချေ။

ထိုဆန်အိတ်၏ ပြောကြားချက် ဆန်စေ့လမ်းကြောင်း အတိုင်း ခြေရာခံ ရာမှ ငတက်ပြားကြီး ၄ဦး ကို ဖမ်းဆီး မိလိုက် လေသည်။

မှတ်ချက်။ ။ သူခိုးများသည် မြေပြင်တွင် ခြေတင်ကာ ပုခုံးထက်တွင် ဆန်အိတ်များ ထမ်းပြေးခြင်းကြောင့် လမ်းတလျောက် ဆန်စေ့လမ်းကြောင်း မှတဆင့် ခြေရာခံ ဖမ်းမိခံရလေသည်။ ကားဖြင့် ခိုးထုတ်လျှင် ဆန်အိတ်ပျောက်သည်ကို ခြေရာ ခံနိုင်မည်ဟု မထင်မိပါ။ သို့ သော် ရာဇ၀တ်ဘေး ပြေးမလွတ် မဟုတ်ပါလား။

1 comments:

သက်တန့် said...

ရယ်ရတယ်...
သင်ခန်းစာရတယ်...
ကြိုက်တယ်... :)

 
/* EOT ----------------------------------------- */