Tuesday, August 12, 2008

Poem - မပုကြွယ်ရဲ့ ခရုငယ်

လောကအလှမှာ အရွေးခံရတဲ့ ကလေးကဗျာ လေးတပုဒ်ပါ။ ဆရာမက စာအုပ်တဒါဇင် ခဲတံ၆ချောင်း ဆုချမယ် ဆိုလို့  လိုချင်တဲ့ စိတ်နဲ့  စာကြိုးစားပေမဲ့ ထုံးစံအတိုင်းစာမရတဲ့ ကလေး တယောက်က ခရုငယ်လေးရဲ့ ဇွဲနဲ့ ဝိရီယ ကို အတုယူပြီး အောင်မြင်မှု့ ပန်းတိုင်ကို ဆွတ်ခူးယူလိုက်တဲ့ ပုံပြင်ကလေးပါ။

၎တန်းမှာ သင်ကြားခဲ့ရတဲ့ ပုံပြင်ကလေးကို ကဗျာအဖြစ် ပြောင်းလဲ သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။ ဤကဗျာနဲ့  ပတ်သက်ပြီး အမှားယွင်းရှိပါက တိုက်ရိုက် မေးမြန်း အကြံပေးနိုင်ပါသည်။


မပုကြွယ် ရဲ့ ခရုငယ်

စာဆိုချိန်တိုင်း ၀ိုင်းဟားတယ်၊
မပုကြွယ်လေး သနားဖွယ်။
စာမရပါ ကြိုးစားလည်း
အစဉ်အမြဲ ထစ်နေဆဲ။

စာရွတ်နိုင်ရင် ဆုပေးမယ် ၊
စာအုပ်ခဲတံ ဒါဇင်ကွယ်။
ကျက်တယ် မှတ်တယ် ကြိုးစားလည်း
မရနိုင်ဘဲ ထစ်နေဆဲ။


နောက်ဖေးဘက်က ခြံတိုင်မှာ၊
ခရုငယ်လေး တွယ်ကပ်ကာ။
တရွှေ့ ရွှေ့ နဲ့ တက်လာသေး၊
ပြုတ်ကျပြန်ပေါ့ မြက်ပင်ဘေး။


ကျလေပေမဲ့ ပြန်တက်တယ်၊
ကြိမ်ဖန်များစွာ ကြိုးစားတယ။်
အံ့သြပါတယ် တိုင်ထိပ်ရောက်၊
ခရုလေး ရဲ့ ၀ိရိယကြောင့်။

ခရုငယ်က သင်ဆရာကွယ၊်
မပုကြွယ်လေး လိုက်နာတယ်။
ကျက်ကာမှတ်ခါ အခေါက်ခေါက်၊
မင်္ဂလာ့သုတ် အာဂုံမှောက်။


ဝိုင်းဟားနေကြ ဖော်သဟာရယ်၊
အံ့သြဂုဏ်ယူ ချီးကျူးတယ်။
မပုကြွယ်ရဲ့ ကြိုးစားမှု့ ၊
ခရုငယ်ရဲ့ သွန်သင်မှု့ ။


လိုက်နာကြကွယ် ကလေးတို့ ရယ်၊
ကံဥာဏ်ဇွဲ နဲ့  ၀ိရိယမယ်။
ကျင့်ကြံကြပါ မလွဲမှောက၊်
အောင်မြင်ပန်းတိုင် လက်ထဲရောက်။

ပုံ
ဂျေ
joyful4all2008@gmail.com

0 comments:

 
/* EOT ----------------------------------------- */