Monday, September 1, 2008

Technology - Car သဲသဲလှုပ်တုန်ချင်လား ... ခိုက်ချင်လား .. မိုက်ချင်လား...

တုန်စေရမယ် ခိုက်စေရမယ် ဂျိန်းဗုံးထက် မိုက်စေရမယ် ဂျိန်းဗုံးထက် ပိုကြီးစေရမယ်.. နံမည် နံမည် ပြောတာ..

Lotus Espritဆိုတဲ့ကားဟာ ဂျိန်းဗုံးကို ရေပေါ်ရေအောက် မောင်းပို့ ပေးနိုင်လို့  နံမည်ကြီးခဲ့ပါတယ်။ အခု Lotus မှ boffins ခေါ်တဲ့ ကားဟာ ရေခဲပြင်ပေါ်တွင် လမ်းလျောက်နိုင်အောင် တီထွင်လိုက်ပါသည်။ Kieron Bradley ဖော်မြူလာ၁ မှ ၀န်ထမ်းဟောင်း က တီထွင်လိုက်ခြင်းဖြစ်ပါသည်။ (Concept Ice Vehicle) CIV ဟာ Antarctica ရေခဲပြင်ဒေသ ၄၈၀၀ကီလိုမီတာ အတွင်းတွင် ရေခဲပြတ်ရွှေ့ ကြော ရေခဲအက်ကြောင်းများ ကို လေ့လာရန် ဖြစ်ပါသည်။


ကမ္ဘာကြီးပူနွေးလာမှု့ ကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ဖြစ်ပေါ်လာနိုင်သော အန္တရယ်များကို ကြိုတင်လေ့လာရန်အတွက် တီထွင်ခြင်းဖြစ်ပါသည်။ ယခုနောက်ဆုံးသတင်းများအရ မြောက်ဝင်ရိုးစွန်းတန်းမှ ရေခဲများ အရည်ပျော်နိုင်သည့် အချက်အလက်များ ရရှိထားပါသည်။ ရေခဲပြင်အောက်တွင် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းများကြောင့် ဖြစ်လာနိုင်သည့် ဘေးကို ကြိုတင်လေ့လာရန် သိပ္ပံပညာရှင်များ အတွက် တီထွင်ထားသောယာဉ် ဖြစ်ပါသည်။

အလျင် ၁နာရီလ၄၈မိုင်ခရီးမောင်းနိုင်ပြီး အလေးချိန် ၃၆၀ ကီလိုဂရမ် (၇၉၀ ပေါင်) ရှိပြီး အခက်ခဲဖြစ်ခဲ့သော် လက်ဖြင့် မ နိုင်မည့် အလေးချိန်ဖြစ်ပါသည်။ ရေခဲပြင်တွင် မခဲနိုင်သော သဘာဝဇီဝလောင်စာကို သုံးသဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ပါသည်။ -၇၂ ဒီဂရီ စင်တီဂရိတ် အပူချိန် တွင်ပင် မောင်းနှင်နိုင်ပါသည်။ ကားတွင် အထူး ရေဒါပါပြီး အန္တရယ်ရှိသော ပြတ်ကြောင်း များကို ရေခဲပြင်အောက်တွင် ဖြစ်ပေါ်ခြင်းရှိမရှိ စမ်းသပ်နိုင်ပါသည်။

ရေခဲပြင်ပေါ်လမ်းလျှောက်တဲ့ စက်ရုပ်ကား.

0 comments:

 
/* EOT ----------------------------------------- */