Tuesday, September 16, 2008

Animal - Ant ပုရွက်ဆိတ်ဂြိုလ်သား

Ant from Mars

ant

ကမ္ဘာကြီးမှာ အထူးဆန်းပုရွက်ဆိတ်ကို ဘရာဇီးနိုင်ငံ အမေဇုံတောအုပ် မှာ ရှာတွေ့ ခဲ့ပါတယ်။ ပုရွက်ဆိတ် အင်္ဂါရပ်ဟာ မြင်ဘူးနေကြမဟုတ်ဘဲ ဂြိုလ်သားပုံစံဖြစ်နေတဲ့ အတွက် အင်္ဂါဂြိုလ်သားပုရွက်ဆိတ်လို့ နံမည် တပ်ပါတယ်။

Martialis heureka လို့ ခေါ်ပြီး မျက်စိမပါပါဘူး။ ပါးစပ်အောက်ပိုင်း မာကျောတဲ့ မေးရိုးလည်း မပါပါဘူး။ ခြေတံလက်တံ က ၂-၃ မီလီမီတာ ရှည်ပြီး အရောင်အသွေးက ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ အဲဒီ ပုရွက်ဆိတ်ကို ဇီဝဗေဒသိပံ္ပပညာရှင် Christian Rabeling (University of Texas) က စတင်တွေ့ ရှိခဲ့ပါတယ်။

ပုရွက်ဆိတ်ပုံစံဟာ ပျားနဲ့ အလားသဏ္ဍန်တူတဲ့ wasp (ပိတုန်း ခေါ်မလားမသိဘူး) ရောစပ်နေပါတယ်။ ထို့ အပြင် တောအုပ်ထဲမှာ မျက်စိမပါတဲ့ တခြား ပုရွက်ဆိတ်မျိုးနွယ်တွေ ကိုပါ ထပ်မံတွေ့ ရှိခဲ့ပါတယ်။ သူတို့ အဖွဲ့ ဟာ ၂၀၀၃ မှစပြီး ပုရွက်ဆိတ် မျိုးစိတ် အစုံကို စတင် လေ့လာနေကြပါတယ်။

စာမှီး ဒေးလီးမေးလ်


0 comments:

 
/* EOT ----------------------------------------- */