Thursday, September 4, 2008

Health - Diet ရှက်တတ်သူများ အတွက် နောက်ဆုံးပေါ် ပိန်ဆေး

လာပြီနော် လာပြီ.. ခေတ်မှီရမယ်

လျှပ် စေရမယ်..

ပိန် စေရမယ်.


နောက်ဆုံးမှ ပေါ်တဲ့ နောက်ဆုံးပေါ် ပိန်ဆေး

?.
??.
???.


ပိန်ဆေးက တော့ လွယ်လွယ်လေးပါ။ ကင်မရာ ဘဲ လိုတယ်။

ပြီးတော့ ပိန်ချင်သူက လည်း အရှက်အကြောက်ရှိရမယ်။

မစားခင် ဓါတ်ပုံရိုက် ...

စားမဲ့ အစာနဲ့  စားနေတဲ့လူရဲ့ ပုံ ကိုပါ။


စာရေးသူ၏ ထင်မြင်ယူဆချက်။ ။ ပါးစပ်ဟပြီး ကိုက်နေတဲ့ပုံဖြစ်သင့်သည့် အပြင် ဘေးတွင် လူအများ ကြည့်ကာ ၀ိုင်းဟားနေသော ပုံဖြစ်ပါလျှင် ပိုကောင်းမည်ဟု ထင်သည်။

နေ့ စဉ်နဲ့ အမျှ ရိုက်ထားတဲ့ ဓါတ်ပုံအယ်ဘန် ကို မစားခင် ကြည့်ရပါမယ်။ ကြည့်ပြီးစားရပါမယ်။

အဲဒါကို ကြည့်ပြီး အများကြီးစားမိလို့  သော်၎င်း၊ အပြောခံအနောက်ခံရမှာ ရှက်ခြင်းကြောင့် သော်၎င်း စိတ်ဆင်းရဲပြီး ပိန်အောင်လုပ်တဲ့နည်းဖြစ်ပါတယ် .. အမေရိကန်နိုင်ငံမှ အရှက်ကြီးသူ သိပံ္ပပညာရှင်များ နှင့် အရှက်ကြီးသူ ပိန်လိုသူများ University of Pennsylvania မှာ စမ်းသပ်တွေ့ ရှိချက်ဖြစ်ပါတယ်။

ပိန်လိုသူ အရှက်ကြီးသူများ စာရင်းပေးနိုင်ပြီ

ပုံ

လူဝကြီးဂျေ
ဘောက်စ် အုတ်ကထ ခေါင်းဆောင် ထိပ်သီး
ဖိုင့်ဖိုင့်ကြီးများအဖွဲ့ 

အထူး လက်ကျန်..

ပြောမဲ့သာ ပြောရတာ.. ခက်တာက ဒီပိန်ဆေး က ကျနော်တို့ လို အရေထူပြီးသား သာကီမျိုးနွယ် မြန်မာဘလော့ကာ အတွက်တော့ ...

.. ၀လေလေ... လှလေလေ..။

အရသာရှိသည် .... ဘီယာဘယ်လီ (Beer belly) .......အစရှိတဲ့ ဖြေဆေးတွေ ...ရှိနေတော့..

ကိုင်း.. ဓါတ်လေး လက်လျော့နေလေရော့ ..............

1 comments:

JulyDream said...

အဲဒီလို ဓါတ်ပုံကြည့်ပြီးမှ စားရမယ် ဆိုရင် ပိုတောင် စားကောင်းနေမလားပဲနော်။

ဟယ်... ဓါတ်ပုံထဲက ကောင်လေးက ချောလိုက်တာ... သူစားသလို ငါလည်း လိုက် စားအုံးမယ် ဆိုပြီးတော့လေ။ ဟဟ... :P

 
/* EOT ----------------------------------------- */