Thursday, September 18, 2008

News - Rainbow ထူးဆန်းသော သက်တန့် 

မိုးရွာပြီးလို့ နေထွက်လာတဲ့ အချိန်မှာ အရောင်၇မျိုးနဲ့  လှပတဲ့ (a circumzenithal arc) သက်တန့် ကွန့် မြူးနေတာ ကျွန်တော်တို့ မြင်နေကြပါ။ ဒါ့ကြောင့်လဲ စက်ဝိုင်းခြမ်းလို ခုံးခုံးနဲ့ ရောင်စုံအ၀ိုင်းပြတ် ကို အလှသဖွယ် ဖေါ်ပြတာ အဆန်းမဟုတ်ပါဘူး။

ဒါပေမဲ့ ယနေ့  ၁၆ စက်တင်ဘာနေ့ လည်မှာ ကင်းဗရေ့ မြို Cambridgeပေါ်မှာ ပေါ်နေတဲ့ သက်တန့် က မိုးပြဲဒယ်အိုးကို ကြည့်လိုက်ရတဲ့ အတိုင်းပါဘဲ။ ပစောက် ပုံသဏ္ဍန် ပေါ်နေပါတယ်

Enlarge Rare: An astronomer caught this unusual upside-down rainbow on camera near her home in Cambridge

Rare: An astronomer caught this unusual upside-down rainbow on camera near her home in Cambridge


သက်တန့် နဲ့  မတူတာက ယနေ့ အထိ ၃ရက်တိတိ မိုးလုံးဝမရွာပါဘူး။ လွန်ခဲ့တဲ့ အပတ်မှာ မိုးမုန်တိုင်းကြောင့် လူ၆ယောက် သေဆုံးခဲ့ပါတယ်။ ယနေ့ ဆိုလျှင် မိုးသားတိမ်လည်း ကင်းစင်နေပါတယ်။

ရောင်စုံခါးပတ်ကလည်း မကျယ်ပြန့် ပါဘူး။ မိုးတိမ်ပေါ် ပစောက်ပုံစံနဲ့  အမြင့်ပေ ၂သောင်း နဲ့  ၂သောင်းခွဲ လောက် မှာ ပေါ်နေပါတယ်။ သက်တန့် အနားမှာ ရှိတဲ့ တိမ်တွေဟာ ရေခဲမှုန် လေးတွေဖြစ်ပြီး ဆားပွင့်အရွယ် ရှိပါတယ်။

သိပံ္ပပညာရှင်တွေက ယူဆတာက အဲဒီမိုးတိမ်တွေက နေရောင်ခြည် အလင်းတန်းကို တိမ်တိုက်ထဲမှ ရေခဲမှုန် များ ရောင်ပြန်ဟပ်ပြီး အလင်းသွေခြင်း အလင်းယိုင်ခြင်းများကြောင့် ပစောက်ပုံသဏ္ဍန် သက်တန့် ဖြစ်နိုင်မယ် လို့ ခန့် မှန်းကြပါတယ်။

ဆိုင်မွန် အာကာသစာရေးဆရာ က ပြောတာကတော့ 'The circumzenithal arc is a quarter circle, pointing toward the setting sun. အဲဒီ အလင်းပိုင်းပြတ်ဟာ ပုံမှန်အားဖြင့် စက်ဝိုင်းရဲ့ လေးပုံတပုံ ရှိပြီး နေကို အလယ်မှာ ထားပြီး ပေါ်နေတာ ဖြစ်ပါတယ်။ သက်တန့် လို့ မခေါ်ကြောင်းပြောပါတယ်။ သက်တန့်  ပိုလင်းပြီး မိုးရွာပြီးခါစမှာ ပေါ်တာ ဖြစ်ပါတယ်။ နေရောင်ခြည် တွေဟာ မိုးစက်တွေကို ဖောက်ဝင်တဲ့အခါ အလင်းသွေသွားခြင်းကြောင့် သက်တန့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အလင်းပြတ်ကတော့ သက်တန့် နဲ့ ဆန့် ကျင်ဘက်ဖြစ်ပါတယ်။ အရောင်မှာ ခရမ်းအပေါ်ဆုံးရှိပြီး အနီ က အောက်ဘက်ဆုံး မှာ ရှိပါတယ်။ အလင်းပြတ် က ခေတ္တခနအတွင်း ပျောက်ကွယ်တတ်ပါတယ်။ cirrus clouds မိုးတိမ်ထဲမှာ ရေခဲမှုန်တွေ ရွှေလျားတဲ့ အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ တိမ်တွေထဲမှာ ရေခဲမှုန်တွေ စုစည်းဖွဲ့ တည် နေတာ သဘာဝဖြစ်သလို အလင်းပြတ်က လည်း မြေကြီးနဲ့ နီးတဲ့ တိမ်တွေနားမှာ သာ ဖြစ်ပေါ် တတ် ပါတယ်။ ပုံမှန်အားဖြင့် လေထုဖိအားပေါ်မူတည်နေတဲ့ အတွက် ယူကေမှာ ဖြစ်ပေါ်လေ့မရှိပါဘူး။ ဖြစ်ပေါ်လျှင် လည်း ယခုကဲ့သို့ အလွန်မြင့်သော နေရာမှာ ဖြစ်လေ့မရှိတတ်ပါဘူး။ ယခုဖြစ်ပေါ်တဲ့တိမ်ထဲမှာ ရေခဲမှုန်တွေဟာ အလွန်မြန်တဲ့ ပုံစံနဲ့ ပြောင်းလဲနေလို့ သာ ဖြစ်ပေါ်နိုင်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။


1 comments:

khin oo may said...

read.

 
/* EOT ----------------------------------------- */