Thursday, September 11, 2008

News - Tours ကမ္ဘာတပတ် မှာ တနှစ်ကြာ

အိမ်ကြီးရှင်တို့ ခင်များ
ကျွန်တော် ရဲ့ လစ်ထွက်သွားမှု့ အတွက် ဤစာဖြင့် အသိပေးခြင်း ဖြစ်ပါတယ်။


လူပုတို့ ရဲ့ ဘ၀ဟာ ပျော်ရွှင်စရာ ရှိသင့်တယ် ထင်လို့ အားအားယားယား ယားလာတဲ့ ခြေထောက်ကြောင့်ကမာတပတ် ခြေဆန့်  ခဲ့တယ်ဗျို့ ။

သင့်ရဲ့ ခြံထဲမှာ အမြဲတမ်း မလှုပ်မရှား ရပ် နေရတာ ပျင်းစရာ ကောင်းပါ့။ ငှက်တွေ က ချီးပါချ၊ ကြောင်တွေက ရှုရှုပန်းချ၊ ပိုးကောင်မ လေးတွေက အလိုက်မသိ လာကျူနေကြ၊ ဟင်း.....။ ဒီလောက် ရှုတ်ပွေပြီး နားညည်းစရာ ကောင်းတဲ့ ခြံရှေ့  က လမ်းမရယ် ကားပိတ်လို့  ကြပ်ညှပ်နေတဲ့ မြင်ကွင်းရယ်၊ ဒေါင့် မကျိုးတဲ့ ကျောင်းသား တွေ ကို ကြည့်နေရတာ ကျောင်းသူလေးတွေ ကို ငမ်းရတာနဲ့ မတန်အောင် မျက်စိ နောက်တယ်ဗျ။

ဒါကြောင့် ငြီးငွေ့ စရာကောင်းတဲ့ ဒီခြံထဲက အသာလစ်ပြီး ကမာတခွင် ပြဲပြဲစင်အောင် ခြေဆန့် လိုက်တာဘဲ ။ ကမ္ဘာ့  အချိန်ဇုံ အားလုံးကို ရောက်ဖို့  ၁၅ နိုင်ငံ ကို ဒိုးခဲ့တယ်

ကမာကြီးဟာ အတော်ကျယ်တာ ဂလား။ မြင့်လိုက်... နှိမ့်လိုက်... အေးလိုက်... ပူလိုက် ... လူတွေကလည်း မဲလိုက် ဖြူလိုက် ၀ါလိုက် နီလိုက် နဲ့  ....

ဒါပေမဲ့ အဆင်ပြေပါတယ်။ကျွန်တော် နဲ့ အတူ ကမ္ဘာပတ် ခဲ့တဲ့ ဘော်တကာတွေကို လည်း ကျေးဇူးတင်ရသဗျ။

ကဲ ကဲ အီဖေကိုယ်ရဲ့ ရှု့ မငြည်း စရာ ဒတ်ရွက် ဒိုင်ယာရီ အယ်လပန် ကို ကြည့်ပြီး အားကျ ပေရော့ဗျား ...
ပုံ
ခြေနင်းစကြာရှင်
မာဖီ


အဲဒီစာရဲ့ အစ မူလ ပထမ ဦးဦးဆုံး ပဏာမ နိဒါန်း ကတော့.....

ဒီပို့ စ်လေးကတော့ သြဂုတ်လ ၁၂ရက်နေ့ သတင်းစာတွေထဲက မြူးစရာ သတင်းလေးတခုပါ။


ပင်စင်စား အဖွားအိုတဦးရဲ့ ဥယျာဉ်ထဲက အလှပြအရုပ် လေး ဖြစ်တဲ့ လူပုအရုပ်ကလေးဟာ တနေ့ မှာ ခြေရာရှာမရ ပျောက်ခြင်းမလှ ပျောက် သွားပါတယ်။

၁၁လ ကာလ ကြာတော့ မနက်စောစော အိမ်ရှေ့ တံခါးဝမှာ အဲဒီအရုပ်ကလေး ဟာ အထုပ်အပိုး နဲ့ တကွ ပြန်ရောက် နေပါတယ်။

အရုပ်ကလေးကို နှစ်တိုင်း ဆေးရောင်ခြယ်ပေးတဲ့ မြေးကလေး သုံးယောက် (Sophie, 14, Ellie, 13, and Piers, 13) က တော့ အငိုတိတ်ပြီး ပျော်လို့ ပေါ့။ အဖော် ဖားရုပ်ကလေးက တော့ တိတ်ဆိတ်စွာနဲ့  ဘော်ဒါ ပြန်ရောက်လာတော့ ပျော်နေလေရဲ့။ ခြံထဲက မြက်ခင်းလေးတွေ ပန်းပွင့်လေးတွေ နဲ့  ရေကန် ထဲက ပိုးကောင် ကလေးတွေ ကလည်း အလည်ပြန်လာတဲ့ အရုပ်ကလေးအတွက် ၀မ်းသာအားရ ဖြစ်နေကြ တာပေါ့။

အရုပ်ကလေးဟာ အစင်းရာ အခြစ်ရာတွေ နဲ့  ခြေထောက်လေး တဖက်ကလည်း ကျိုးနေပါတယ်။ ပိုင်ရှင် အဖွားကြီးက အထုပ်လေးကို ဖွင့် ကြည့်လိုက်တော့ အဲဒီအရုပ်ကလေးဟာ အပေါ်ဆုံးက ရေးပြထားတဲ့ စာလေးတစောင် နဲ့  ကမ္ဘာတပတ် ခရီးသွား ထားတဲ့ ဓါတ်ပုံ ၄၈ပုံတိတိ မှတ်တမ်း တွေ ဖြစ်နေပါတယ်။

မူရင်းစာကတော့

Hello!

First of all I feel I should explain my prolonged absence. A gnome's life is full of time for reflection, and whilst surveying your garden one summer morning, I began to get itchy feet.

I came to the conclusion that the world is a big place and there is more to life than watching the daily commuter traffic, and allowing passing cats to urinate on you.

'So I decided to free myself from the doldrums of the Shire and seek adventure. My travels have taken me across three continents, 12 countries and more time zones than I can possibly remember.

'There have been high points, low points, and positively terrifying points. But I have survived - small thanks to the companion with whom I have shared all these moments.'


အမှန်တော့ လူငယ်တစု က အဲဒီ အရုပ်ကလေးကို ပိုင်ရှင်မသိအောင် ခိုးယူပြီး သူနှင့် တကွ ကမ္ဘာ တပတ် ပတ်ခဲ့ပါတယ်။ အရုပ်ကလေးကို သီးသန့် ဓါတ်ပုံ ရိုက်ထားတာဖြင့် လူတဦးက အပန်းဖြေ ခရီးထွက်သလို ပါဘဲ။ အရုပ်ကလေးနဲ့ တွဲ ရိုက်ထားတဲ့ လူငယ်တွေရဲ့ ပုံတွေဟာ မြူးစရာ ပုံတွေ ဖြစ်နေပါတယ် အမှန်တော့ ၈ပေါင် အလေးခံပြီး ခရီးသွားအိတ်ရဲ့ သုံးပုံ တစ်ပုံနေရာယူတဲ့ မာဖီလေးကို တကူးတက ခေါ်ပေးခဲ့တာကတော့ ရယ်စရာကောင်း စိတ်ကြည်နူးစရာကောင်း အူမြူးဘွယ်ရာ ကောင်းလှပါတယ်

အမြင့် ၁၂လက်မ နဲ့  အစိမ်းရောင် ဦးထုပ်ဆောင်းကာ ပန်းကလေးကို ကြည်နူးစွာ ကိုင်ထားတဲ့ ကိုမုတ်ဆိတ်လေးဟာ နိုင်ငံ ၁၅နိုင်ငံ ကို အပျော်ခရီးထွက်ခဲ့တဲ့ပုံလေးတွေကဖြင့် ဥယျာဉ်ခြံထဲက အလှပြ သက်မဲ့ အရုပ်ကလေးဟာ ချစ်စရာကောင်းနေတယ်လို့ ဘဲ ပြောရမှာပါ။

ကဲ ... ကြည့်ပါအုန်း..
သူသွားခဲ့တဲ့ နိုင်ငံတွေက တော့ South Africa, Swaziland, Mozambique, New Zealand, Australia, Singapore, Thailand, Cambodia, Vietnam, China, Hong Kong and Laos.

ဗွီဒီယိုကတော့ ဘီဘီစီက စုံတယ် ကြည့်ကြပါ။

http://news.bbc.co.uk/1/hi/uk/7556244.stm

စာမှီး ဒေးလီးမေးလ်။ ဘီဘီစီ

0 comments:

 
/* EOT ----------------------------------------- */