Tuesday, December 16, 2008

Technology - Car - Happy Birthday Ma Khin Oo May



Happy Birthday Ma Khin Oo May..

၁၅ ဒီဇင်ဘာ ၂၀၀၈
khin oo may said...

Today is my birthday
ခင်တဲ့ J ဆီ က birthday wish လိုချင်လို့ချီးမြငှ်ပါ။

မိန်းခလေးတွေ ဘာကြိုက်တယ် ဆိုတာ မသိဘူးဗျာ။ ပေးချင်တာက ဘာညာကွိကွ.. ၊ ပေးချင်တဲ့ ပို့စ်ကဒ်လက်ဆောင် ကို ဆီဗုံးထဲ မပို့တတ်။ အရင် အတူတွဲရေးတဲ့ သူငယ်ချင်းမ ကလည်း မကူညီ... သူမ မချက်ပေးလို့ ချက်ပြုတ်ရေး မှာ အဆင်မပြေပြန်။.. ခက်ပြီ၊ ကျနော်ကလည်း လက်ဆောင်ပေးဖို့ အသေချာ စဉ်းစားထားကြောင်း မခင်ဦးမေကို ပြောမိတယ်။ ကျနော်ကတော့ ကျနော် စိတ်ဝင်စားတဲ့ အရာနဲ့ လုပ်နိုင်တာဘဲ ပေးလိုက်ပါမယ်။ မခင်ဦးမေ ကြိုက်လိမ့်မယ် ထင်ပါတယ်။

အခုတလော ကိုကိုမောင်မောင်ချစ်ချစ် KMSL ရန်ကုန်ဒိုးနေတဲ့ အချိန် မခင်ဦးမေ တကိုယ်တည်း လျှောက်လည်လို့ရအောင် ကားလေး လက်ဆောင် ပို့လိုက်တယ်ဗျာ။ (သိပ်မမေးနဲ့ ကျနော်လဲ ဒီကားကို လိုချင်သဗျ။)


The Scarab fold up car

အဲဒီကားက တော့ ချဲ့နိုင်ချုံ့နိုင်တဲ့ကားပါ။ The Scarab Car လို့ ခေါ်ပါတယ်။ အသက်၃၀အရွယ် David Goncalvesသူက တီထွင်ခဲ့တာပါ။ ကားရပ်ရတဲ့နေရာ အခက်အခဲတွေ အတွက် ဖြေရှင်းနိုင်မဲ့ လက္ခဏာ ပါဘဲ။

မောင်းသူတဦးတည်းသာ စီးနိုင်ပါတယ်။ မော်တော် ဆိုင်ကယ် လို့ ပြောနိုင်ပါတယ်။ လျှပ်စစ်နဲ့ ၄င်း ၊ ဓါတ်ဆီ (biofuel or a fuel cell) ဖြင့်၎င်း မောင်းနိုင်တဲ့a hybrid vehicle ဖြစ်ပါတယ်။

ဘီးတဘီးစီကို မော်တာဖြင့် ထိန်းချုပ် နိုင်ပြီး ဆိုင်ကယ်ဘီးဆိုဒ်အရွယ် တည်ဆောက်ထားပါတယ်။



The Scarab fold up car

Compact: The single-person car has an adaptable fuel system and could be solving inner city parking problems within ten years

ကားကို GPSနည်းပညာဖြင့် လမ်းခရီးကို ညွှန်ပြနိုင်သော စက် တပ်ဆင်ထားပါတယ်။ ကားမှာ 500cc motorbike မော်တော်ဆိုင်ကယ်နှင့် အလေးချိန်တူပါတယ်။ အမြန်နုန်းကို မဖေါ်ပြထားပါ။

စာမှီး ။ ။ ဒေးလီးမေးလ်

ကျနော် အခုတလော စာပိ စာကြေ စာပုံ နေလို့ ဘလော့ဘက် သိပ်မလှည့်ဖြစ်ပါ။ မခင်ဦးမေရဲ့ကွန်ပစ်ချက် (ကော်န်မင်းန့်)ကြောင့်သာ ပို့စ်ရေးခြင်းဖြစ်ပါတယ်။

မှတ်ချက်။ ။
စာပိ - စာအုပ်ပေါ်အိပ်ခြင်း
စာကြေ။ ။ မှောက်အိပ်ထားသဖြင့် စာအုပ်ကြေခြင်း
စာပုံ ။ ။ စာအုပ်များကို စိတ်ရှုပ်စွာဖြင့် ဘေးပုံထားခြင်း

ပုံ
ဂျေ

3 comments:

PAUK said...

မမက စလုံးမှာစီးရတာ
အဆင်မပြေပါဘူး...တဲ့..
ကျနော့်ဆီပဲပို့လိုက်ပါ..
ဒီမှာဆိုင်ကယ်စီးတာခေတ်စားပါတယ်...
(အားနာနာနဲ့ စီးပေးလိုက်ပါ့မယ်လေ..)

khin oo may said...

ကျေးဇူး။။ ကျေးဇူး။ ဒီကလည်း ကားရူး။

khin oo may said...

သိတ်ကျေးဇူးတင်ပါတယ်။

 
/* EOT ----------------------------------------- */