Friday, April 17, 2009

Health - Drug from human worm သံကောင်မှ ရောဂါကာကွယ်ဆေးထုတ်လုပ်မည်

ယခု အမေရိကန်ဆေးသုတေသနသိပံပညာရှင်များက လူ့ ကိုယ်ထဲမှာ ကာလကြာရှည်စွာ စွဲကပ်နေနိုင်တဲ့ သံကောင် တွေ ထဲက ပရိုတင်းများကို ရောဂါ ကာကွယ်ဆေးအဖြစ် ထုတ်လုပ်နိုင်ရန် လေ့လာနေပါတယ်။

HIF ခေါ်တဲ့ပရိုတင်းက သံကောင်ရဲ့ ဆဲလ်တွေကို အောက်ဆီဂျင်မရှိလဲ အသက်ရှင်အောင် ပံပိုး ပေးနိုင်ပါတယ်။ အဲဒီ ပရိုတင်းတွေ ကြောင့်သာ သံကောင်တွေက နစ်ကာလကြာအောင် သက်တမ်းရှည်သလို တော်ရုံ အဆိပ် ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ထို့ အပြင် ပရိုတင်းများ ပျက်စီးစေနိုင်တဲ့ အသက်ကြီးရင့်မှု့  နှင့် neuro-degenerative ရော၈ါ (ဥပမာ Alzheimer's and Parkinson) များ ဖျက်စီးမှု့ ကိုလည်း ခံနိုင်စွမ်းရှိတာတွေ့ ရပါတယ်။

အောက်ဆီဂျင်ပြတ်လတ်မှု့ ကို ညှိနိုင်းပေးနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ တုန့် ပြန်မှု့  ကို hypoxic response ခေါ်ပါတယ်။ အဲဒီ တုန့် ပြန်မှု့ က ကျန်းမာစေပြီး အသက်ရှည်စေတယ်လို့  သိပ္ပံ ဂျာနယ် မှတ်တမ်း စာတမ်းတွေမှာ တွေ့ ရှိရပါတယ်။

သုတေသနမှုး Dr Matt Kaeberlein က အဲဒီ တုန့် ပြန်မှု့ ဟာ အသက်ရှည်စေရုံသာမက ကျန်းမာရေး ပိုကောင်း စေပြီး ရောဂါတွေမှလည်း ကာကွယ်ပေးပါတယ်ဟု ပြောကြားသည်။

The University of Washington မှ သံကောင်ကိုယ်တွင်းမှ ဆဲလ်တွေ မပျက်စီးခြင်း အကြောင်း၊ ယင်းမှ မည်သို့ ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည် ဆိုသည့် သုတေသနများ ပြုလုပ်နေကြပါတယ်။

Reference : Dailymail

0 comments:

 
/* EOT ----------------------------------------- */