Monday, May 25, 2009

Fashion - မော်ဒယ်မောင်တို့ လာချေပြီ

ဖက်ရှင်မောင်တို့ လာချေပြီ

မနေ့ က သတင်းစာထဲမှာ ဖက်ရှင်မောင် ပြိုင်ပွဲဆုရ ဓါတ်ပုံများ တွေ့ လို့  ကျနော့်ရဲ့ ပို့ စ်အဟောင်းမှာ ထပ်ဖြည့်ရင်း အပ်ဒိတ် လုပ်လိုက်ပါတယ်။ ဆုရ ဖက်ရှင်မောင် အသစ်များနဲ့  ဖက်ရှင်မောင် အဟောင်းများ ကို အမျိုးသမီး ဘလော့ ဖတ်သူအပေါင်း အလွန် အမင်း စိတ်ဝင်စားလိမ့်မယ်လို့ ယူဆမိပါတယ်။ ဖက်ရှင်မောင်များအား မိတ်ဆက် လိုပါက စာရေး မေးမြန်း နိုင်ပါ သည်။

ပုံ

ဂျေ

အခမဲ့ မြှားနတ်မောင် အေဂျင်ဆီ

............

စာရေးသူ၏ အကိုကြီး သည် ငယ်စဉ်အခါကထဲက သပ်သပ်ရပ်ရပ် နေတတ်သူ တဦးဖြစ်သည်။ အလှအပ အလွန် ကြိုက်သူလည်း ဖြစ်သည်။ တနေ့ သော အခါတွင် ဂျပန်လူမျိုး သူငယ်ချင်းနှင့် ရင်းနီးပြီး အလွန်ခင်မင်သွားခဲ့သည်။ ထိုသူမှာ မျက်နှာတွင် မုတ်ဆိပ်မွှေး ပုသိုင်းမွှေးများဖြင့် ပြည့်နက်နေရာ မျက်နှာတွင် မျက်လုံး နှာခေါင်း သာ ပေါ်ပြီး ပါးစပ်နှင့် မျက်နာ အောက်ပိုင်း တခြမ်းမှာ ထူထဲသော အမွေးများဖြင့် ဖုံးအုပ်နေသည် ကိုသာ တွေ့ ရသည်။ စာရေးသူတို့ ၏ ဖခင်မိခင် မျိုးရိုး တွင် ပါးသိုင်းမွှေး မုတ်ဆိပ်မွှေး မရှိကြသဖြင့် အကိုကြီးမှာ နှတ်ခမ်းမွှေး မုတ်ဆိပ်မွှေး နည်းပါးရုံမက ဇာဂနာဖြင့် နုပ်နိုင်ရုံ မျှသာ အရည်အတွက်ရှိလေသည်။ အကိုကြီးသည် သူ၏ သူငယ်ချင်း ကဲ့သို့  အမွှေးဖုံးသော မျက်နာပိုင်ဆိုင်ချင်သောကြောင့် နေ့ စဉ်နှင့် အမျှ ဘရိတ်ဓါးဖြင့် မျက်နှာ အောက်ပိုင်း တခြမ်းလုံးကို ရိတ်ပါသော်လည်း ပါးသိုင်းမွှေး မကြမ်းရုံမက မုတ်ဆိပ်မွှေးလည်း ထပ်မထွက်၊ ဒုံရင်းက ဒုံရင်း အတိုင်းပင် ရှိနေရသကား နောက်ဆုံး လက်လျော့လိုက်ရချေသည်။ မုတ်ဆိပ်ရိတ် ဘရိတ်ဓါးကို စိတ်နာစွာဖြင့် အစိတ်စိတ်အမွှာမွှာ ချိုးချေပြီးသကာလ မုတ်ဆိပ်ရိပ် ကိရိယာကို လွှင့်ပစ်လိုက်သဖြင့် ထိုအချိန်က ၆နစ်သား မျောက်လောင်း ဖြစ်သော စာရေးသူ အတွက် ကစားစရာ တခု တိုးသဖြင့် ၀မ်းသာခဲ့ရ ပါသည်။ သူ ၏ မထွက်လေ သော ပါးသိုင်းမွှေး မုတ်ဆိပ်မွှေးများကို ကျေးဇူးတင် သော အလို့ ငှာ ယခု ပို့ စ်ဖြင့် မှတ်တမ်းတင် ဂုဏ်ပြု ပေးလိုက်ရ ပါသည်။ ဖက်ရှင်မောင်များကို စာရေးသူ၏ အကိုကြီးသာ တွေ့ ပါက မည်သို့ မည်ပုံ စိတ်လှုပ်ရှားမည် ကို မခန့် မှန်းတတ်သော်လည်း စာဖတ်သူ များ ရင်ခုန်သွားချေမည်လော ဟု မှန်းဆနေမိပါသည်။

အသေးစိတ် သိလို ပါက...
















ချားလော သည် အသက်၂၂နစ်မှစပြီး နှတ်ခမ်းမွှေးကို ထားရှိခဲ့ရာ (နှတ်ခမ်းမွှေးစံချိန် ၁၆လက်မ) ယင်း၏ နှတ်ခမ်းမွှေးကြောင့် နောက်ပြောင်သူများအား ရိုက်နက် သတ်ဖြတ် ရှိခဲ့ သဖြင့် တရားရုံးမှ နှတ်ခမ်းမွှေးနှင့် ပတ်သက်သော အမှု ကင်းပပျေက် စေရန် သူ ၏ နှတ်ခမ်းမွှေး ကို ရိတ်ပစ်ရန် ချမှတ်လိုက်သည်။ ၂၀၀၀ ခုနစ်တွင် သူ ၏ နှတ်ခမ်းမွှေး ကို နောက်ပြောင်မိသော သူ့၏ အကိုအား ဓါးဖြင့် ထိုးသတ်မှု ကြောင့် ထောင် ၄နစ်ကျခဲ့ဘူးသည်။

4 comments:

khin oo may said...

ဖတ်ဘူးတယ်။ “ဟိုတုံးကရေးဘူးတယ်လေ။

khin oo may said...

ခြေရာချသွားတာ ဝမ်းသာလို့မဆုံးပါ.ကျေးဇူး။
ခင်မင်လျက်
always

Unknown said...

ကိုဂျေ၊ အီးမေးလ်ပို.ထားတယ် ဗျ။း) အလုပ်ရူပ်နေရင် ဆော်တီး။

PAUK said...

နုတ်ခမ်းမွှေးရှိခြင်း မရှိခြင်းကို
တစ်ခါမှ မစဉ်စားခဲ့ဖူးပါ...

 
/* EOT ----------------------------------------- */