Saturday, May 9, 2009

Not so funny - topless pizza...

toppingless pizza

အာစဒါရှော့ပင် - အာစဒါရှော့ပင် ASDA customer relationship ကပါ။ ဘာများ ကူညီရပါမလဲ ခင်မျာ။
ဝယ်သူအမျိုးသား - ဟုတ်ကဲ့ ကျနော် တိုင်ချက် ဖွင့် မလို့ ဗျ။ ကျနော် နဲနဲမှ မကျေနပ်ဘူး။

အာစဒါရှော့ပင် - ဟုတ်ကဲ့ခင်မျာ။ ဘာများ မကျေနပ်တာရှိပါသလဲခင်မျာ။
ဝယ်သူအမျိုးသား - ညစာ အတွက်ဝယ်လာတဲ့ ပီဆာကို ဖွင့်ကြည့်တော့ ဘာtoppingမှ မပါလာလို့ ဗျ။

အာစဒါရှော့ပင် - ဘာအစာမှ ပီစာအပေါ်မှာ မပါလာဘူးလား။
ဝယ်သူအမျိုးသား - အေးဗျ။ ပေါင်မုန့် ဘဲ ပါတယ်။

အာစဒါရှော့ပင် - ခရမ်းချဉ်သီးဆော့စ် ရော မသုတ်ထား ဘူးလား။
ဝယ်သူအမျိုးသား - ဘာဆော့မှ မရှိဘူး။ပေါင်မုန့်  အသားချည့်ဘဲဗျ။

အာစဒါရှော့ပင် - ဟုတ်လားခင်မျာ။ ကျွန်တော် ၀ယ်သူညှိနိုင်းရေးဌာနကို ဆက်သွယ်ပြီး အသေးစိတ် အချက်အလက် များ တင်ပြ ပေးပါမယ် ခင်မျာ။
blah.... blah... blah....

ဝယ်သူအမျိုးသား - အင်း.. ဒါဆိုရင် ကျနော့ ဒီည ညစာကို ဘယ်လိုလုပ်မလဲဗျ။
အာစဒါရှော့ပင် - ၀မ်းနည်းပါတယ်ခင်မျာ။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ပေးပါမယ်။ လူကြီးမင်း ကျွန်တော်တို့  ဌာန မှာ အစာမပါတဲ့ ပီဆာကို လာရောက်ပြီး ပြသရင် သေချာစစ်ဆေးပြီး အကောင်းဆုံး လုပ်ပေးပါမယ်။

ဝယ်သူအမျိုးသား - ကျနော် ၀ယ်ခဲ့တဲ့ ပေါင်မုန့် ချပ်နဲ့  အစာပါတဲ့ ပီဆာ အသစ်ဗူးနဲ့ လဲလှယ်ပေးမလားဗျ။
အာစဒါရှော့ပင် - ဟုတ်ကဲ့ စစ်ဆေးပြီးရင် အစာပါတဲ့ ပီဆာ အသစ်ဗူးနဲ့ လဲလှယ် ပေးနိုင်ပါတယ် ခင်မျာ။

ဝယ်သူအမျိုးသား - ကျနော့်အိမ်ကို အစာပါတဲ့ ပီဆာအသစ် လာပို့ ပေးမလားဗျ။ ကျနော့်အိမ်နဲ့ ဆိုင်က အတော်ဝေးတယ်။
အာစဒါရှော့ပင် - ဟုတ်ကဲ့ပါ ခင်မျာ။ လူကြီးမင်းနေတဲ့ အိမ်လိပ်စာ သိပါရစေ။

ဝယ်သူအမျိုးသား - ကျနော့် အိမ်လိပ်စာက.....
.....................
.......... အန်....
.......... ခန..........
...........
............ကြည့်အုန်းမယ်............
............ အာ..................
.......... အဲ.........
......... မှားသွားလို့ ဗျာ.........
.........ကျနော် ကြည့်တာ မှားသွားတယ်ဗျ....

........ အင်း ...
........ ကျနော် ပီဆာဗူးဖောက်တာ ပီဆာက အပေါ်အောက် ပြောင်းပြန် ဖြစ်နေတာ ဗျ။ ဒါကြောင့် အစာမတွေ့ ဘဲ ပေါင်မုန့် ဘဲ တွေ့ တာခင်မျ။

အာစဒါရှော့ပင် - အ...ဟား.. ဟား... လူကြီးမင်း ၀ယ်ခဲ့တဲ့ ပီဆာပေါ်မှာ အစာရှိတာ တွေ့ ပြီလား ခင်မျာ။
ဝယ်သူအမျိုးသား - အေးဗျ.. တွေ့ တယ်ဗျ... ဆောရီးပါဘဲဗျာ... ဒါဆိုရင် တိုင်ချက်ကို ရပ်ပြီး ကျနော့ပီဆာကို ကျနော် ပြန်စားလို့ ရမလား။ ......

အထက်ပါ စကားစုများက ASDA SHOPPING CENTER မှ ပီဆာဝယ်ခဲ့သော ဈေးဝယ်သူ က ပီဆာအပေါ်တွင် မည်သည့် အစာမှ မပါကြောင်း တိုင်တန်းချက်ဖြစ်ပါသည်။ အမှန်က စက်ရုံက ပီဆာကို ဗူးအတွင်း ထည့်သွင်းရာ တွင် ပီဆာကို အစာပါသည့် မျက်နှာပြင်ကို မှောက်ခုံထားပြီး ဗူးအတွင်းထည့်သဖြင့် ပီဆာဗူးကို ပုံမှန်အတိုင်း ဖောက်သည့် ၀ယ်သူသည် အစာမပါ သဖြင့် တိုင်ကြားခြင်းဖြစ်ပါသည်။

စက်ရုံ အလုပ်သမား၏ အမှားကြောင့် ဗူးအတွင်းတွင် ပီဆာမှောက်ခုံဖြစ်သလို....
ဝယ်သူ၏ အသေချာ မစစ်ဆေးမှု့ ကြောင့် ပီဆာတွင် အစာမပါဟု တိုင်ချက်ဖွင့်ရချေသည်...

လူ.. လူ... လူ...
လူတိုင်း အမှားလုပ်မိကြပါသည်.... သို့ ကြောင့် ဤလူ့ လောကကြီးသည် ရယ်စရာ အတိ ကြီး ဖြစ် ပါသည်။

ယခုပို့ စ်သည် အမျိုးသားများ၏ ကြောင်ကွက် ကို ရေးပြထား သလို ကိုလူသစ်ရေးထားသော အမျိုးသမီးများ၏ ကြောင်ကွက်ကို လည်း သွားဖတ်ပြီး နားထောင်ကာ ဘလော့ရွာ အတွင်း ၀င်ရောက် စာဖတ်သူများ ပျော်ရွှင် ရယ်မော နိုင်ကြပါစေကုန်....

အမျိုးသား များ ၏ ရယ်စရာ


အမျိုးသမီး များ ၏ ရယ်စရာ


အထက်ပါ ဗွီမှာ သော့ခတ်ထားသော ကားအတွင်း ပိတ်မိနေသော အမျိုးသမီးမှ ၉၁၁ ကို ခေါ်ယူ အကူညီ တောင်းခြင်း ဖြစ်ပါသည်။ လျှပ်စစ်ကား များမှာ လျှပ်စစ်ဓါတ် မရှိလျှင်လည်း ကားတံခါး သော့ဖွင့်နိုင် အောင် ပြုလုပ်ထားသည့် အချက်ကို ထို အမျိုးသမီး ကားဒရိုင်ဘာက အခက်ခဲဖြစ်ချိန်တွင် မတွေးတောမိဘဲ အရေးပေါ် အကူညီတောင်းပုံ ဖြစ်ပါသည်။

ကိုလူသစ် တင်ပြသော အမျိုးသမီးများ ၏ ရယ်စရာ

ပုံ

ရယ်စရာကမ္ဘာကြီးအတွင်း တနေရာမှ....

ဂျေ


ပျော်ရွှင် ရယ်မောနိုင်စေသော်ဝ်...

3 comments:

PAUK said...

pizza ရီရတယ်..
ကြိုက်တော် မကြိုက်ဘူးးး

khin oo may said...

စုဖတ်သွားသည်

ထွန်း said...

ဘယ်တုန်းက နာမည် ပြောင်းသွားလဲ မခင်ဦးမေ
:-)

 
/* EOT ----------------------------------------- */