Wednesday, September 23, 2009

Animal - ပြုံးတုံ့ လှယ်

ကမ္ဘာ... အင်း .. မှားလို့  စကြာဝဌာအတွင်းမှ သက်ရှိသက်မဲ့ များ၏ အပြုံးများ

အမှား ပြင်ဆင်ခြင်း "စကြာဝဠာ"

ဒါက တော့ ပင်လယ်အောက် က ပြည်ကြီးငါး ပါ


င်္အဂါဂြိုလ် မျက်နှာပြင်ကို အာကာသ စခန်းမှ ရိုက်ထားပုံ

အမှားပြင်ဆင်ခြင်း အင်္ဂါဂြိုလ်


ယူကေ အိမ်တွင်းစိုက် ပန်းငြုတ်သီး, မက်ဆီကန်က မျိုးစေ့
တွေ့ ရှိပုံ - စားခါနီး ခွဲသောအခါ အပြုံး ၂ခုကို တွေ့ 


















ဟာဝါရီမှ ပင့်ကူဖြစ်ပါသည်။ Theridion grallator အမည်တွင်သော ပင့်ကူပေါ်တွင် ပေါ်နေသော အရိပ်ပုံ များကြောင့် the happy-face spider ဟု နာမည်ကျော်ကြားပါသည်။

ထပ်ထည့်ခြင်း ။ဟာဝါရီ"ဆိုတာ "ဟာဝိုင်အီ"နဲ့ ဘာကွာပါသလဲခင်ဗျာ?

ဘာကွာသလဲ ဆိုတော့ဝိုင်ပါတာနဲ့  မပါတာဘဲ ကွာပါကြောင်း ကျနော်မြင်ပါတယ်။

ဝိုင်ပါတာကိုဘဲ ကြိုက်ရင် နောက်တခါလာလည်ရင် ၀ိုင်တပုလင်းဆွဲခဲ့ပါခမျာ



Remark: I have read about one smiley face stingray in the newspaper but unable to find. May be next time:

Enjoy

6 comments:

Sandakuu said...

ချစ်ချာလေးတွေနော်..း)

Anonymous said...

ဆရာကြီးလုပ်ထာမဟုတ်ပါ။ "စကြာဝဠာ" မဟုတ်ပါလားခင်ဗျာ? "စကြဝဠာ"လို့လည်း ရေးတာတွေ့ဖူးသလိုပဲ။ အတည်ပြုစရာတွေ ပေါ့ဗျာ။ ကျုပ်လည်း သေချာမသိပါဘူး။ "အင်္ဂါဂြိုလ်"မှာက "ကင်းစီး"က "ဂငယ်" အပေါ်မှာ မဟုတ်ဘူးလားခင်ဗျာ? "ဟာဝါရီ"ဆိုတာ "ဟာဝိုင်အီ"နဲ့ ဘာကွာပါသလဲခင်ဗျာ? ဒါကတော့ တစ်ကယ်မသိလို့ပါ။ နောက်လည်း မကြာမကြာ လာပါ့မယ်။

ထွန်း said...

ကိုဈာန်ခင်များ
ကျေးဇူးပါ။ ကျနော် စာလုံးမပေါင်းတတ်တော့လို့ ပါခမျ

ထွန်း said...

ကိုဈာန်ခင်များ

ဟာဝါရီ ဘဲ ဖြစ်ဖြစ် ဟာဝိုင်အီဘဲ ဖြစ်ဖြစ် ကျနော် ကြိုက်တာက ၀ိုင် ပါဘဲ ခင်များ

Dho Ong Jhaan said...

ကိုဈာန်ဆိုတာ ကျနော့်ကို ပြောတာနေမယ်နော်။ ဟိုလေ အရင်က အကောင့်ကိုဖျက်လိုက်ပြီးကတည်းက ကော်မန့်တွေပါအကုန်ပျက်တယ် (ဘလော့(ဂ်)ကတော့ပြောမနေနဲ့တော့)။ ဒီမှာ ပြဿနာ တစ်ခုက ကျနော်အရင်က ဘာကော်မန့်ပေးခဲ့တယ်ဆိုတာ မမှတ်မိတော့ပါဘူး။ ဒီတော့ သိဘူးပေါ့။ ဟီးဟီးဟီး...။ ဘာပဲဖြစ်ဖြစ်ဗျာ ထပ်မန့်ပါဦးမယ်။ "ဟာဝါရီ" နဲ့ "ဟာဝိုင်အီ" ဘာကွာလဲ ဆိုတော့ အရေးအသားကွာပါတယ်။ ဒါပေမဲ့အသံတော့အဆင်သားနော်။ မူရင်းအင်္ဂလိပ်စာလုံးက "Hawaii" ပါ။ လူမျိုးကြတော့ "Hawaiian" တဲ့။ ကိုလိုနီခေတ်နဲ့ ကိုလိုနီခေတ်နှောင်း၊ လွတ်လပ်ရေးခေတ်တွေမှာ "Hawaiian" ကို ဟာဝေယံ လို့ရေးတာမျိုးတွေ့ဖူးပါတယ်။ ဖြစ်နိုင်တဲ့အသံဖလှယ်ပုံက Ha > ဟ၊ wai > ဝေ၊ ian > yan > ယံ၊ ပေါင်းလိုက်တော့ ဟာဝေယံပါ။ Hawaii ကိုတော့အရင်က ဘယ်လိုရေးမှန်း ကျနော်လည်း မသိပါ။ ဒါပေမဲ့ လက်ရှိမှာတော့ "ဟာဝိုင်အီ" ကိုပဲ အများစုက သုံးကြပါတယ်။ "ဟာဝါရီ" ကလည်း နီးစပ်တဲ့အသံထွက်ပါပဲ။ ချို့ယွင်းချက်တစ်ခုပဲ ရှိတယ်။ ရကောက် (လျှာလိပ်သံ) နဲ့ မှားနိုင်မယ့် "ရ" ကို သုံးထားတဲ့အချက်ပဲ။ ဖြစ်နိုင်ချေရှိတဲ့အသံဖလှယ်ပုံအရ (Ha > ဟာ၊ wa > ဝါ ဒါမှမဟုတ် wai > ဝိုင်၊ ii > yi > ယီ ဒါမှမဟုတ် i > အီ) ဟာဝါရီ လို့အသံထွက်စေချင်လည်း အရေးမှာတော့ "ဟာဝါယီ" လို့သာရေးသင့်ပါကြောင်း မြန်မာစာအတွက် အကျိုးဆောင်လိုက်ရပါတယ်။ သူငယ်ချင်းရဲ့အမြင်ကိုလည်း သိချင်ပါတယ်။ မူရင်းပို့စ်နဲ့ သိပ်မဆိုင်သလိုဖြစ်သွားရင်တော့ အားလုံးကို ဆောရီးပါလို့။ အဟဲ ဝိုင်ဆွဲလာဖို့ကတော့ ကျနော်တောင် ဝယ်မသောက်နိုင်တဲ့ ကိစ္စကို ခင်ဗျားကလည်းဗျာ ဟာဗျာ ပြောရက်လိုက်တာဗျာ ဟာဗျာ ကျနော်ဗျာ... hahaha jk!

ထွန်း said...

Dho-ong Jhaam ခေါ် ဈာန်ရပုဂ္ဂိုလ်ကြီး ခင်များ

ကျနော့်အမြင်ကတော့ လေးဒေါင့်ပြားပြား ၁၅x၁၂ ပါဘဲ။
သင်ပုန်းကြီး စာလုံးပေါင်း နဲ့  အသံထွက် ကိုတော့ ကျောက်သင်ပုန်း ကွဲကတည်းက စာလုံးမှန် မပေါင်းတတ် တော့ကြောင်း အသံမှန် မထွက်တတ် တော့ကြောင်း
နောက်လိုအပ်သည်များကိုထပ်မံအကြံပေး စေလိုကြောင်း
အခုလို အန်ဆိုက်ကလိုပီးဒီးယား ဒစ်ရှင်နေရီ ကျကျ ကော်မဲဘွတ်ခဲ့တာ ၀မ်းမြောက်မိကြောင်း

ဝိုင်မပါလာတဲ့အတွက် ၀မ်းနည်းမိကြောင်း

အကြောင်းကြားအပ်ပါသည်။

 
/* EOT ----------------------------------------- */